​ယခု ဘတ်ဂျက်နှစ်အတွင်း မော်​​တော်​ယာဉ်​ဝယ်​ယူမှုအ​ပေါ် ဝင်​​ငွေခွန်​​ကောက်​ခံရာတွင် ကား ၁၉,၆၁၈ စီးမှ ဝင်​​ငွေခွန်​ ကျပ်​သန်​း​ပေါင်​း ၃၂,၁၄၆ သန်း​ကျော်​ ရရှိ

684

 

ရန်ကုန်၊ မတ်

ယခု ဘတ်ဂျက်နှစ်အတွင်း ပြည်​ပမှ​ တင်​သွင်းသည့်ယာဉ်​များ၏ ဝယ်​ယူမှုအ​ပေါ် ​ဝင်​​ငွေခွန်​​ကောက်​ခံရာတွင် ကား ၁၉,၆၁၈ စီးမှ ဝင်​​ငွေခွန်​ ကျပ်​သန်း​ပေါင်း ၃၂,၁၄၆ သန်း ကျော်​ ရရှိခဲ့​ကြောင်း ပြည်တွင်း အခွန်​များဦးစီးဌာနမှ သိရသည်​။

​ပြည်​ပမှ အစီးလိုက်​တင်​သွင်းသည့်ကားများကို ၂ဝ၁၇ ခုနှစ်​ ပြည်​တွင်းအခွန်​အ​ကောက်​ဥပ​ဒေအရ ဝယ်​ယူသည့်ကားတန်​ဖိုးအလိုက်​ အခွန်​စည်းကြပ်​ခဲ့ရာ ကား ၁၉,၆၁၈ စီးမှ ဝင်​​ငွေခွန်​ ကျပ်​ သန်း​ပေါင်း ​၃၂,၁၄၆ ဒသမ ၅၇ သန်း ​​ရရှိခဲ့သည်​။

”၂ဝ၁၇ အခွန်​အ​ကောက်ဥပဒေအရ ​မော်​​တော်​ယာဉ်​ဝယ်​ယူမှုအ​ပေါ် ဝင်​​ငွေခွန်​​ ကောက်​ခံတာကို ပြီးခဲ့တဲ့နှစ် ဧပြီလက စတင်ကောက်​ခံပါတယ်​၊ စလစ်​ကပ်​ကား၊ ကုမ္ပဏီပါမစ်​ကားနဲ့ ဖရီးပါမစ်​ကားရယ်​လို့ ခွဲခြားပြီး ​ကောက်ခံပါတယ်​၊ ကား ဝယ်ယူမယ့်သူတွေက လာမယ့် ဘတ်ဂျက်နှစ်မှာ ဖြေ​လျှော့​ပေးမယ့် အခွန်​ဥပ​ဒေသစ်​ကို ​စောင့်ကြည့်နေတဲ့အတွက် ပြီးခဲ့တဲ့ရက်​​တွေက ဝင်​​ငွေခွန်​လာ​ဆောင်​တဲ့ ကားအစီးရေ နည်း​ခဲ့ပါတယ်​”ဟု ပြည်တွင်း အခွန်​များ ဦးစီးဌာနမှ တာဝန်​ရှိသူတစ်​ဦးက ​ပြောသည်​။

​မော်​​တော်​ယာဉ်​ဝယ်​ယူမှုအ​ပေါ် ဝင်​​ငွေခွန်​​ကောက်​ခံခြင်းကို ယခင်​နှစ်​များက ကုမ္ပဏီပါမစ်​နှင့် ဖရီးပါမစ်​ကားများကိုသာ ကောက်​ခံခဲ့ပြီး ၂ဝ၁၇ ခုနှစ်​မှစ၍ စလစ်​ကပ်​ကားများကိုလည်း စတင်​ကောက်​ခံခဲ့သည်​။ ပြီးခဲ့သည့်နှစ်​ဧပြီလမှ ယခုနှစ် မတ် ၂၆ ရက်​အထိ ကုမ္ပဏီလိုင်စင်ကား ၃,၄၈၃ စီး၊ စလစ်​ကပ်​ကား ၄,၉၈၇ စီးနှင့် ​ဖရီးပါမစ်​ကား ၁၁,၁၄၈ စီးတို့ကို အခွန်​စည်းကြပ်​ခဲ့ရာ ဝင်​​ငွေခွန် ကျပ်​​သန်း​ပေါင်း ၃၂,၁၄၆ ဒသမ ၅၇ သန်း ရရှိခဲ့ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here