မြို့ပြစီမံကိန်းတွေ၊ စက်တပ်ယာဉ်တွေ

529

မြို့ပြစီမံကိန်းတွေ၊ စက်တပ်ယာဉ်တွေ ယုတ်စွအဆုံး ဘီးတွေမပေါ်ခင် နှစ်ပေါင်းထောင်ချီလောက်ကတည်းက လမ်းတွေပေါ်ပေါက်လာခဲ့တာပါ။ ရေနဲ့ အစားအစာရှာဖွေဖို့ လမ်းကြောင်းတစ်ခုတည်းကိုပဲ ထပ်ကာထပ်ကာ နင်းလျှောက်နေတဲ့ လူသားတွေကြောင့် လမ်းတွေဖြစ်ပေါ်လာပြီး လူတွေ စုဖွဲ့နေထိုင်မှုကနေ ကျေးရွာတွေ၊ မြို့တွေ၊ မြို့ကြီးတွေအထိ တိုးတက် လာတာနဲ့အမျှ လူသွားလမ်းတွေဟာလည်း အများသုံးလမ်းမကြီးတွေ အဆင့်ကို တိုးတက်လာခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းခုနစ်ထောင်လောက်က ဘီးစတင်ပေါ်ပေါက် လာပြီးတဲ့နောက် မိုးတွင်းဘက်မှာ ဗွက်ထသွားတဲ့မြေသားလမ်းတွေဟာ ဝန်လေးကုန်စည်တွေ သယ်ယူပို့ဆောင်ရာမှာ အလုပ်မဖြစ်မှန်းသိလာ ကြပါတယ်။ ဘီစီ ၄ဝဝဝ လောက်က အိန္ဒိယတိုက်ငယ်နဲ့ မက်ဆိုပို တေးမီးရားဒေသတွေမှာ ကမ္ဘာ့အစောဆုံး ကျောက်ခင်းလမ်းမတွေ ပေါ် ပေါက်ခဲ့ပါတယ်။ ရောမခေတ်မှာ စစ်ကြောင်းတွေ အလွယ်တကူချီတက် နိုင်ဖို့ ရေနုတ်မြောင်းပါပြီး ကျောက်သားတွေ အဆင့်ဆင့် တစ်လွှာချင်း ခင်းထားတဲ့ တာရှည်ခံလမ်းမကြီးတွေကို ဖောက်လုပ်ခဲ့ကြပါတယ်။ အဲဒီ နည်းပညာတွေဟာ ဒီကနေ့ခေတ်လမ်းတွေမှာ အသုံးပြုနေတဲ့ နည်းပညာ တွေရဲ့ အခြေခံအုတ်မြစ်တွေပဲ ဖြစ်ပါတယ်။ ခေတ်မီလမ်းဖောက်လုပ် ရေးနည်းပညာရဲ့ မူလအစဟာ ၁၉ ရာစု အစောပိုင်းကာလက စကော့ လူမျိုးအင်ဂျင်နီယာ John McAdam က စခဲ့တာလို့ ဆိုပါတယ်။ သူ့ နည်းက မြေသားနဲ့ ကျောက်ခဲ အလွှာလိုက်ခင်းထားတာကို တစ်သား တည်းဖြစ်အောင် တလိမ့်တုံးကြီးတွေနဲ့ ဖိသိပ်တဲ့နည်း ဖြစ်ပါတယ်။ ၂ဝ ရာစုနှစ်မှာတော့ McAdam ရဲ့ နည်းလမ်းကို ကတ္တရာထည့်ပေါင်းပြီး မော်တော်ယာဉ်မောင်းနှင်နိုင်တဲ့ ကတ္တရာခင်းလမ်းတွေ ပေါ်ပေါက်လာ ပါတယ်။ ၂ဝ ရာစုအတွင်းမှာပဲ လမ်းဖောက်လုပ်မှုလုပ်ငန်းစဉ်ဟာ လူ အားနဲ့ အလုပ်လုပ်ရာကနေ ခေတ်မီစက်ယန္တရားကြီးတွေ အသုံးပြုလာ ကြတဲ့အထိ ပြောင်းလဲလာခဲ့ပါတယ်။ လမ်းတွေအဆင့်မြှင့်ရာမှာ လက်ရှိ လမ်းတွေကို အလွှာလိုက်ဖယ်ထုတ်ကြိတ်ခြေပြီး လမ်းသစ်မျက်နှာပြင် မြှင့်တင်ရာမှာ ပြန်လည်အသုံးပြုပါတယ်။ လမ်းမျက်နှာပြင် မြှင့်တင်ပြီး တာနဲ့ လမ်းကြိတ်စက်နဲ့ကြိတ်၊ ကတ္တရာစေးအကြိမ်ကြိမ်လောင်းပြီး တာ ရှည်ခံလမ်းမတွေအဖြစ် ဖောက်လုပ်ကြပါတယ်။ ကမ္ဘာစစ်ကြီးနှစ်ခုနဲ့ စစ် အေးကာလတစ်လျှောက်မှာတော့ ရောမခေတ်ကလို စစ်ကြောင်းတွေ အလွယ်တကူချီတက်နိုင်ဖို့အတွက် ဂျာမနီအမြန်လမ်းမကြီး (German Autobahn)နဲ့ အမေရိကန်ပြည်နယ်ချင်းဆက် လမ်းစနစ် (American Intestate System) တို့အပါအဝင် ခေတ်မီအဆင့်မြင့် အဝေးပြေးလမ်း မကြီးတွေအဖြစ် ဖွံ့ဖြိုးတိုးတက်လာပါတယ်။ စစ်ရေးလိုအပ်ချက်အရ လေ ယာဉ်တွေ အရေးပေါ်ဆင်းသက်နိုင်ဖို့ အဟန့်အတားမရှိ တပြန့်တပြူး ကြီး ဖောက်လုပ်ခဲ့တဲ့ အဲဒီလိုလမ်းတွေဟာ တစ်နိုင်ငံကနေ တစ်နိုင်ငံ မြန်နှုန်းမြင့် ကူးလူးမောင်းနှင်နေကြတဲ့ အရပ်သားယာဉ်မောင်းသူတွေ အတွက်ပါ ဘေးကင်းလုံခြုံစွာ မောင်းနှင်သွားလာနိုင်တဲ့ အကျိုးကျေးဇူး ကို ရရှိစေတယ်လို့ ဆိုပါတယ်။ ခေတ်မီလမ်းမတွေ ဖောက်လုပ်၊ တိုးချဲ့ရာ မှာ ယာဉ်ကြောအရေအတွက်နဲ့ တည်နေရာအပေါ်မူတည်ပြီး တစ်မိုင်ကို အနည်းဆုံး ဒေါ်လာနှစ်သန်းကနေ ၁၂ သန်းအထိ ကုန်ကျနိုင်ပါတယ်။
လမ်းသစ်ဖောက်လုပ်ရာမှာ နိုင်ငံရေးနဲ့ စီးပွားရေးရှုပ်ထွေးမှုတွေရှိ တာကြောင့် Audi ၊ General Motors နဲ့ Google လို ကုမ္ပဏီကြီး တွေက ယာဉ်ကြောပိတ်ဆို့မှုဖြေရှင်းနိုင်ဖို့နဲ့ ဘေးကင်းလုံခြုံစေဖို့အတွက် ခေတ်မီ မောင်းသူမဲ့မော်တော်ယာဉ်အမျိုးမျိုးကို တီထွင်လာကြပါတယ်။ အဲဒီမောင်းသူမဲ့ယာဉ်တွေဟာ ပတ်ဝန်းကျင်ကိုစောင့်ကြည့်နိုင်ဖို့၊ တစ်ဦး နဲ့တစ်ဦး ကြိုးမဲ့စနစ်နဲ့ ဆက်သွယ်စကားပြောနိုင်ဖို့နဲ့ အင်တာနက်ကွန် ရက်ဆက်သွယ်နိုင်ဖို့အတွက် အာရုံခံကိရိယာတွေ အများအပြား အသုံး ပြုပါတယ်။ အနာဂတ်ကာလတွေမှာ အဝေးပြေးလမ်းတွေကို ယာဉ်ကြော တွေ ထပ်တိုးထည့်သွင်းမယ့်အစား လူသားယာဉ်မောင်းတွေထက် မြင် နိုင်၊ ကြားနိုင်စွမ်းရှိပြီး ယာဉ်တိုက်မှုတွေမဖြစ်ပေါ်စေဘဲ တစ်စီးနဲ့တစ်စီး ပိုပြီးနီးနီးကပ်ကပ် မောင်းနှင်နိုင်တဲ့ ခေတ်မီ မောင်းသူမဲ့ကားတွေ ပေါ် ထွက်လာဖို့အရေးကို ပိုပြီးအားထုတ်သင့်တယ်လို့ ပညာရှင်တချို့က ဆိုပါ တယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here