၅၉ ဆိုင်ကယ်ဝိုင်း ဝယ်/ရောင်းအများစု နေ့စဉ်စားဝတ်နေရေး ရပ်တည်ရန် ခက်ခဲလာဟု ဆို

747

မြန်မာနိုင်ငံတွင် အကြီးဆုံး ဆိုင်ကယ်ဝိုင်းအဖြစ် သတ်မှတ်ကြသော မန္တလေးမြို့ရှိ ၅၉ ဆိုင်ကယ်ဝိုင်းသည် ယခု အောက်တိုဘာလထဲတွင် ၁၅ နှစ်ကျော်ကာလအတွင်း ရောင်းအား စံချိန်တင်ကျဆင်းနေသည့်အတွက် ဝယ်/ရောင်းများ၏ ဘဝရပ်တည်ရေး ခက်ခဲလာကြောင်း ၎င်းတို့၏ ပြောကြားချက်များအရ သိ ရသည်။

”ဆိုင်ကယ်ရောင်းအား အကောင်းဆုံးကတော့ ၂၀ဝ၈ ခုနှစ်နဲ့ ၂၀၁၀ ပြည့်နှစ် ဝန်းကျင်ပေါ့၊ အဲဒီ အချိန်တုန်းက ဆိုင်ကယ်တစ်စီး ရောင်းထွက်ရင်ကို သိန်းဂဏန်း လောက် အမြတ်ကျန်တယ်၊ နှစ် ကြာလာတာနဲ့အမျှ ဆိုင်ကယ် ဝယ်/ရောင်းလုပ်တဲ့ ဦးရေလည်း တိုးလာ၊ ဆိုင်ကယ်ဆိုင်တွေလည်း များလာတော့ တဖြည်းဖြည်း ရောင်းအားကျလာတယ်၊ ဆိုင် ကယ်ဝိုင်း စတည်တာ ၁၅ နှစ် ကျော်ပြီ၊ ဒီနှစ်ထဲ အခု မိုးတွင်းမှာ ရောင်းအားအဆိုးဆုံး အခြေအနေ ပဲ၊ အရင်ကတည်းက မိတ်ဆွေ အပေါင်းအသင်း များတဲ့သူလောက် ပဲ အရောင်းအဝယ်ဖြစ်ကြတယ်၊ ဒီ ရက်ပိုင်းဆိုရင် အများစုကဈေးဦးမပေါက်တော့ သူတို့ စားဝတ်နေရေး အတွက်ပါ အခက်အခဲဖြစ်လာမှာ စိုးရိမ်ရတယ်”ဟု မန္တလေးမြို့ ၅၉ ဆိုင်ကယ်ဝိုင်းမှ ဝါရင့် ဝယ်/ရောင်း တစ်ဦးဖြစ်သူ ကိုညီညီနိုင်က ပြောကြားသည်။

မန္တလေးမြို့ရှိ ၅၉ ဆိုင်ကယ် ဝိုင်းကို ၁၉၉၉-၂၀ဝ၀ ပြည့်နှစ်ဝန်း ကျင်တွင် ဝယ်/ရောင်းဦးရေ နှစ် ဆယ်ခန့်ဖြင့် စတင်တည်ခဲ့ပြီး ၁၅ နှစ်ကျော်ကာလအတွင်း ယခုနှစ်ထဲ အရောက်၌ ဝယ်/ရောင်းလုပ်သည့် ဦးရေ သုံးရာနီးပါးရှိလာကာ ဆိုင် ကယ် အရောင်းပြခန်းများလည်း နှစ်စဉ်တိုးနေကြောင်း၊ ၅၉ ဆိုင် ကယ်ဝိုင်းသို့ ဆိုင်ကယ်အရောင်းပြ ခန်းများ ဝင်ရောက်လာမှုနှင့်အတူ Brand New ဆိုင်ကယ်များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးမှု ကလည်း ဝယ်/ရောင်းများအတွက် ဈေးကွက်ဝေစု လျော့စေကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်နေသူများ က ဆိုကြသည်။

”လုပ်ငန်းတိုင်းမှာ ပြိုင်ဆိုင်မှု ရှိတော့ အရောင်းပြခန်းတွေမှာ အရစ်ကျမရောင်းပါနဲ့လို့ သွားတားလို့ လည်းမရဘူးလေ၊ အခုဟာက ၅၉ ဝိုင်းကြီးက အတော်လေးကို ခြောက်ကပ်သွားပြီ၊ မြို့ထဲမှာလည်း ဆိုင်ကယ်ဆိုင်တွေ များလာတာရယ်၊ ဆိုင်တိုင်းနီးပါး အရစ်ကျ ရောင်းနေတော့ ၅၉ ဝိုင်းဘက်ကို သိပ်မလာကြတော့ဘူး၊ တကယ်ကို ငွေကြေး မတတ်နိုင်တဲ့သူလောက်ပဲ လာဝယ်သလိုဖြစ်နေတယ်၊ ဆိုင် ကယ်တွေ ရှိနေသရွေ့ပျောက်ကွယ် သွားမှာ မဟုတ်ပေမဲ့ အရင်လို စည်ကားဖို့ လုံးဝမလွယ်တော့ဘူး၊ ဒါကို ဝိုင်းကော်မတီကနေဦးဆောင် ပြီး ကမကထနဲ့ လူစည်ကားအောင် တစ်နည်းတစ်ဖုံ လုပ်ဆောင်ပေးရင် တော့ ဝယ်/ရောင်းတွေအတွက် စားဝတ်နေရေး အဆင်ပြေလာနိုင် တယ်”ဟု မန္တလေးမြို့ ၅၉ ဆိုင် ကယ်ဝိုင်းမှ ဝယ်/ရောင်းတစ်ဦးက ၎င်းအမြင်ကို ဆိုသည်။

ယခင်နှစ်များက ရောင်းမကောင်းသည့်ရက်ဆိုလျှင်ပင် တစ်ရက်လျှင် ဝယ်/ရောင်းတိုင်းအနည်း ဆုံး ကျပ်ငါးထောင်မှ တစ်သောင်း ကျော်အထိ ရရှိကြပြီး ယခုမိုးတွင်း ကာလတွင် နေ့စဉ် ဈေးဦးပေါက်ဖို့ ပင် မလွယ်တော့သည့်အတွက် ဘဝရပ်တည်ရေး ခက်ခဲလာခြင်း ဖြစ်ကြောင်း ၎င်းတို့က ထပ်မံပြော ဆိုသည်။

”ဝယ်/ရောင်းတွေကလည်း ကိုယ့်အရည်အချင်းတွေ တိုးတက် အောင်လုပ်ပြီး ဆိုင်ကယ်ကုမ္ပဏီ တွေမှာ သွားလုပ်တာမျိုး၊ ဒါမှမ ဟုတ် ဆိုင်တွေလို ကိုယ့်ဆီလာဝယ် နိုင်မယ့် ဆွဲဆောင်မှုမျိုး လုပ်စေချင် တယ်၊ အရင်က တခြားအလုပ်လုပ် ရင်းကနေ ဝင်ငွေကောင်းမှန်းသိ တော့ ဆိုင်ကယ်ဝယ်/ရောင်းလာ လုပ်၊ အစကတော့ အဆင်ပြေတာ ပေါ့၊ အခု အခြေအနေမျိုးမှာ တကယ်ကို အချိတ်အဆက်ကောင်းတဲ့ သူလောက်ပဲ အရောင်းအဝယ်ဖြစ် ပြီး အများစုက ငုတ်တုတ်မေ့ကုန် တယ်၊ အကောင်းဆုံးက ဝယ်/ ရောင်းတွေအနေနဲ့ လူစည်ကား အောင် ဝိုင်းကော်မတီနဲ့တိုင်ပင်ပြီး ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စေနိုင်မယ့် နည်းလမ်းတစ်ခု အဖြေရှာသင့် တယ်၊ ရေရှည်ဆို ၅၉ ဝိုင်းက လုံးဝမလွယ်ဘူး၊ အခုတောင်ခြောက် ကပ်လို့”ဟု ၅၉ ဆိုင်ကယ်ဝိုင်းအနီး တွင် ‘Yamasuki ဆိုင်ကယ် အရောင်းပြခန်း’ ဖွင့်လှစ်ထားသူ ကိုဇော်ကြီးက သုံးသပ်သည်။

ကျော်ကျော်အောင်(ကလေးမြို့)

 

LEAVE A REPLY

Please enter your comment!
Please enter your name here