၃/၂ဝ၁၇   အကောက်ခွန်ဒဏ်ကြေးကို   ပြင်ဆင်ရန် သုံးသပ် ကင်းလွတ်ခွင့်ပြုမည့်အချက်များရှိသကဲ့သို့   ဒဏ်ကြေးများလည်း   အပြောင်းအလဲပြုလုပ်မည်

913

၃/၂ဝ၁၇ အကောက်ခွန်ဒဏ်ကြေး ကို ပြင်ဆင်ရန် သုံးသပ်နေပြီး ကင်းလွှတ်ခွင့်ပြုမည့် အချက်များရှိ သလို ဒဏ်ကြေးများလည်း အ ပြောင်းအလဲ ပြုလုပ်မည် ဖြစ် ကြောင်း အကောက်ခွန်ဦးစီးဌာမှ သိရသည်။

အကောက်ခွန် ဦးစီးဌာနမှ မတ်လအတွင်း ထုတ်ပြန်ခဲ့သည့် ၃/၂ဝ၁၇ ပါ အကောက်ခွန်ဒဏ် ကြေးသတ်မှတ်ချက် ၁၈ ချက်ကို ပြင်ဆင်ရန်အတွက် သုံးသပ်နေပြီး ကင်းလွတ်ခွင့် ပြုသွားမည့်အချက် များလည်းရှိကြောင်း သိရသည်။ ထို့ပြင် ဒဏ်ကြေးများကိုလည်း ခေတ်နှင့် လျော်ညီမှုရှိစေရန် ပြောင်းလဲမည်ဖြစ်ကြောင်း သိရ သည်။

”၃/၂ဝ၁၇ က မမှန်မကန်တဲ့ သူတွေကို တားဆီးချင်တဲ့အတွက် ထုတ်ပြန်တာဖြစ်ပေမဲ့ တကယ်မှန် မှန်ကန်ကန် တင်သွင်းတဲ့သူတချို့ ကို ထိခိုက်စေတဲ့ အချက်တွေရှိ တယ်လို့ သိရတဲ့အတွက် ပြင်ဆင် ဖို့ သုံးသပ်နေတာ ဖြစ်ပါတယ်၊ ဒဏ်ကြေးတွေကို ခေတ်နဲ့လျော်ညီ အောင် ပြင်ဆင်ဖို့ရှိသလို လျှော့ ပေါ့မယ့် အချက်တွေလည်း ရှိပါ တယ်၊ ကင်းလွတ်ခွင့်ပြုမယ့် အချက် တွေလည်းရှိတယ်၊ ဘယ်တော့ စပြောင်း မယ်ဆိုတာတော့ ပြောရခက်ပါတယ်၊ မော်တော်ယာဉ် တင်သွင်းသူတွေ ဘက်က တင်ပြတဲ့အပေါ်မူတည်ပြီး ဘယ်အချက်တွေက တကယ် ပြောင်း လဲသင့်တယ် ဆိုတာကို သုံးသပ်ပြီး ပြန်လည် ပြင်ဆင်ဖို့ ရှိပါတယ်”ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ကြေညာချက် ထုတ်ထားသည့် ၃/၂ဝ၁၇ အကောက်ခွန်ဒဏ်ကြေး ၁၈ ချက်တွင် သိမ်းဆည်းပြစ်ဒဏ်  ၁၃ ချက်အထိပါဝင်ပြီး ကားတင် သွင်းသူအများစုက ဝေဖန်ထောက် ပြသည့် အချက်များကို ဖြေလျှော့ ပေးနိုင်ရန် လေ့လာသုံးသပ်နေ သော်လည်း Recondition အလွဲ အတွက် ကောက်ခံသည့် ဒဏ်ကြေး ကျပ်နှစ်သိန်းကိုမူ ဖြေလျှော့ပေးမည်မဟုတ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here