၃/၂ဝ၁၇ ဒဏ်ကြေးများ ပြင်ဆင်ရန် အချက်အလက် စုဆောင်းရေး စတင်ဆောင်ရွက်နေပြီဖြစ်ရာ ပြည်တွင်းကားလုပ်ငန်းရှင်များ၏ သဘောထားနှင့် အကြံပြုချက်များလည်း တောင်းခံသွားမည်ဖြစ်

631

၃/၂ဝ၁၇ ဒဏ်ကြေးများ ပြင်ဆင်ရန်အတွက် အချက်အလက်စုဆောင်းရေး စတင်ဆောင်ရွက်နေပြီဖြစ်ရာ ပြည်တွင်း ကားလုပ်ငန်းရှင်များ၏ သဘောထားနှင့် အကြံပြုချက်များကိုလည်း တောင်းခံသွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

 

၃/၂ဝ၁၇ အကောက်ခွန်ဒဏ်ကြေးကို ပြင်ဆင်ရန်အတွက် ၁၉၉၆ ခုနှစ်မှစ၍ ယခုနှစ်အထိ ကြေညာချက် ထုတ်ပြန်ခဲ့သော ဒဏ်ကြေးများကို အသေးစိတ်လေ့လာခြင်း၊ ခေတ်အလိုက် ဒဏ်ကြေးသတ်မှတ်ခြင်းနှင့် ဒဏ်ကြေးသတ်မှတ်သည့် အမျိုးအစားများကို စုဆောင်းနေပြီ ဖြစ်ကြောင်း သိရသည်။ ထိုမှတစ်ဆင့် အကောက်ခွန်ဦးစီးဌာနမှ ခေတ်နှင့်လျော်ညီသော အကောက်ခွန်ဒဏ်ကြေး အသစ်မူကြမ်းကို သတ်မှတ်မည်ဖြစ်ရာ ပြည်တွင်းကားလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍သဘောထားမှတ်ချက်တောင်းခံကာအတည်ပြုသတ်မှတ်သွားမည် ဖြစ်သည်။

 

”၃/၂ဝ၁၇ ဒဏ်ကြေးကို ပြင်ဆင်ဖို့ ၁၉၉၆ ခုနှစ်ကစပြီး ခေတ်အလိုက်ပြဌာန်းခဲ့တဲ့ ဒဏ်ကြေးအမျိုးအစားတွေနဲ့ ဒဏ်ကြေးနှုန်း ထားတွေကို စုစည်းနေပါတယ်၊ ဘယ်အချက်တွေကို ပြင်ဆင်ပေးသင့်တယ်၊ ဘယ်အချက်တွေက တော့ မပြင်သင့်ဘူးဆိုတာကို သုံးသပ်နေပါတယ်၊ ဒဏ်ကြေးသစ်အတွက် မူကြမ်းတစ်ခု သတ်မှတ်ပြီးတာနဲ့ ပြည်တွင်းမှာ ကားထုတ်လုပ် ရောင်းချနေတဲ့သူတွေ၊ ပြည်ပကနေ ကားတင်သွင်းရောင်းချသူတွေနဲ့တွေ့ဆုံပြီး သဘောထားမှတ်ချက် တောင်းပါမယ်၊ လုပ်ငန်းရှင်တွေရဲ့ တင်ပြချက်တွေထဲက အမှန်တကယ်ပြင်ဆင်ပေးသင့်တဲ့ အချက် တွေကို ပြင်ဆင်ပေးသွားမှာပါ”ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ကြေညာချက်ထုတ်ထားသည့် ၃/၂ဝ၁၇ အကောက်ခွန် ဒဏ်ကြေး အချက် ၁၈ ချက်တွင် သိမ်းဆည်းပြစ်ဒဏ်  ၁၃ ချက်အထိ ပါဝင်ပြီး ကားတင်သွင်းသူအများစုက ဝေဖန်ထောက်ပြသည့် အချက်များကို ဖြေလျှော့ပေးနိုင်ရန် လေ့လာ သုံးသပ်နေသော်လည်း Recondition အလွဲအတွက် ကောက်ခံသည့် ဒဏ်ကြေး ကျပ်နှစ်သိန်းကိုမူ ဖြေ လျှော့ပေးမည် မဟုတ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here