အမေရိကန်ပြည်ထောင်စုမှ အသက် ၂ နှစ်သာရှိသေးသည့် ကလေးငယ်တစ်ဦးသည် ကားအမျိုးအစားပေါင်း ငါးဆယ်ကို မှတ်သားထားနိုင်ပြီး ကားကို မြင်သည်နှင့် ယင်းကားအမျိုးအစားကို အမှားအယွင်းမရှိ ပြန်လည် ပြောကြားနိုင်ကြောင်း သြဂုတ် ၁၈ ရက်တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
မြောက်ကယ်ရိုလိုင်းနား ပြည်နယ်၊ Chapel Hill မြို့ တွင် နေထိုင်သည့် အသက် ၂ နှစ် အရွယ်သာရှိသေးသော Nicholas Drake သည် Mustang ၊ Tesla ၊ Corvette နှင့် Pontiac တို့အပါအဝင် ကားအမှတ်တံဆိပ် အတော်များများ၏ မိုဒယ်အမျိုးအစားများကိုပင် ခွဲခြားမှတ်မိနေသည်။ ၎င်း အနှစ်သက်ဆုံး ကားအမှတ်တံ ဆိပ်မှာ Porsche ဖြစ်ပြီး ခြောက်လသား အရွယ်ကတည်းက မော်တော်ကားနှင့် ပတ်သက်သည့် အရာမှန်သမျှကို ထူးထူးခြားခြား စွဲလမ်းနှစ်သက်ခဲ့သလို တစ်နှစ်သားအရွယ်မှ စတင်ကာ ကားနှင့်ပတ်သက်သည့် စကားလုံးများကို ပြောတတ်ပြီး ယခု ၂ နှစ်သား အရွယ်တွင် ကားအမျိုးအစား လေးဆယ်နှင့် ငါးဆယ်ကြား ခွဲခြား သိမှတ်ပြောနိုင်ပြီ ဖြစ်သည်။ ” Nicholas ခြောက်လ သားအရွယ်လောက်ကတည်းက ကားတွေကို အရမ်းသဘောကျတာ၊ သူ တစ်နှစ်ခွဲပြည့်ပြီး ကျွန်မတို့ တောင်ကယ်ရိုလိုင်း နားက Charleston မြို့ဘက်ကို သွားတဲ့အခါ လမ်းပေါ်တွေ့တဲ့ ကား လက်ညိ§ုးထိုးပြီး အဲဒါ ဘာလဲဆိုပြီး ဆက်တိုက်မေး တော့တာပဲ၊ သူနဲ့အတူ လမ်း လျှောက်တဲ့အခါတိုင်း သူ့ရှေ့ ကဖြတ်သွားသမျှ ကားတွေကို နာမည် အော်ခေါ်တော့တာပဲ၊ ဒီအသက်အရွယ်နဲ့ ဒီလိုမှတ်မိ နေတာ အရမ်းအံ့သြစရာကောင်း တယ်” ဟု မိခင်ဖြစ်သူ Julie က ပြောသည်။
Nicholas ၏ စိတ်အားထက်သန်မှုက မိဘများနှင့် အသက်လေးနှစ်အရွယ်ရှိ အစ်မဖြစ်သူ Pearl တို့ထံသို့ပါ ကူးစက်နေပြီဖြစ်ရာ မိသားစုအား လပ်ရက်များတွင် ကားပြပွဲများ သွားရောက်လေ့ရှိသလို Top Gear ရုပ်သံအစီအစဉ်ကိုလည်း အတူတကွ ကြည့်ရှုကြကြောင်း သိရသည်။ ”သူ့ရဲ့ စိတ်အား ထက်သန်မှုက အချိန်တိုအတွင်း ပြောင်းလဲသွားလိမ့်မယ်လို့ မထင်ပါဘူး၊ ကျွန်မ အဖေကလည်း အင်ဂျင်နီယာတစ်ဦးဆိုတော့ Nicholas လည်း ကားနဲ့ပတ်သက်တဲ့ အင်ဂျင်နီယာတစ်ဦး ဖြစ်လာမလား မပြောတတ်ဘူး၊ သားအတွက် အရမ်းဂုဏ်ယူပါတယ်၊ သူအခုလို ထူးခြားနေတာ လေးကို ကျွန်မတို့အားလုံး သဘောကျတယ်” ဟု မိခင် ဖြစ်သူ Julie က ပြောသည်။
Ref: Daily Mail