၂၀၂၁ မိုဒယ် Honda Wave 110 ဆိုင်ကယ်၀ယ်ယူသူများအား Cashback ငွေကျပ် ​လေးသောင်း ပြန်ပေးမည်

116

 

မန္တ​လေး၊ နိုဝင်ဘာ ၂၀

ဂျပန် Honda ၏ စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ထားသော ၂၀၂၁ မိုဒယ် Honda Wave 110၊ သို့မဟုတ် Honda 110 R ဆိုင်ကယ် ၀ယ်ယူသူများအား Cashback ငွေကျပ် ​လေးသောင်း ပြန်ပေးသွားမည်ဖြစ်ပြီး အင်ဂျင်ဝိုင်ကိုလည်း ပထမတစ်နှစ်စာ အင်ဂျင်ဝိုင် ​လေးဘူး အခမဲ့လဲလှယ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း Honda NCX Myanmar ကုမ္ပဏီမှ သိရသည်။

” ၂၀၂၁ မိုဒယ်က ဒီရက်ပိုင်းပဲ စထွက်တယ်၊ မိုဒယ်သစ်မှာ စတစ်ကာလေးတွေ ပြောင်းသွားတယ်၊ ရှေ့ရင်အုပ်မှာ ခြင်းတပ်လို့ရအောင် ဖန်တီးပေးထားတဲ့အတွက် တချို့ ထသွားထလာစီးရင်း ပစ္စည်းလေးတွေ အလွယ်တကူ ထည့်သယ်လို့ရမယ်၊ ဥပမာ ကျောင်းဆရာမတွေ၊ မြို့ထဲ စျေးသွား၀ယ်တဲ့သူ​တွေအတွက်ဆို အများကြီးအဆင်ပြေတယ်” ဟု Honda ဆိုင်ကယ်၏ မြန်မာပြည် Authorized Distributor ဖြစ်သော NCX Myanmar ကုမ္ပဏီမှ General Manager ကိုအောင်သူမြင့်က ပြောကြားသည်။

၂၀၂၁ မိုဒယ်ဖြစ်သော Honda Wave 110၊ သို့မဟုတ် Honda 110 R ဆိုင်ကယ်ကို ကျပ် ၁,၃၉၀,၀၀၀ ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး နို၀င်ဘာလ တတိယပတ်အတွင်းမှ ဒီဇင်ဘာ ၃၁ ရက်အတွင်း ၀ယ်ယူသူများကို ငွေကျပ် ​လေးသောင်း Cashback အဖြစ် ငွေပြန်အမ်းသွားမည့်အပြင် ဆိုင်ကယ်အင်ဂျင် Warranty ကိုလည်း သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ ၂၄,၀၀၀ အာမခံပေးထားကြောင်း၊ ယခု ၂၀၂၁ မိုဒယ် Wave 110 ဆိုင်ကယ်၏ ရှေ့မီးကြီးကိုလည်း လင်းအားကောင်းစေမည့် ဟေလိုဂျင်ရှေ့မီးသီးကို သုံးပေးထားသည့်အပြင် အင်ဂျင်ပါဝါ 110 CC စွမ်းအားအပြည့် လျင်မြန်စွာ မောင်းနှင်နိုင်မည်ဖြစ်ကာ သော့ကိုလည်း Safety Key Switch နှင့် Key Shutter တို့ သုံးပေးထားပြီး ဒိုင်ခွက်မှာလည်း ကြည်လင်ပြတ်သားစွာမြင်ရ၍ တိတိကျကျ အလုပ်လုပ်ပေးမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ ထပ်မံသိရသည်။

“အင်ဂျင်လည်း သုံးနှစ်အာမခံပါသလို စီးရတဲ့ Feeling ကအစ လုံးဝကောင်းမွန်စေတဲ့အတွက် Customer တွေအတွက် ပေးရတာနဲ့တန်မယ့်ဆိုင်ကယ်လို့ ပြောချင်တယ်” ဟု ယင်းကုမ္ပဏီမှ General Manager ကိုအောင်သူမြင့်က ထပ်မံဆိုသည်။

၂၀၂၁ မိုဒယ် Honda Wave 110 ဆိုင်ကယ်ကို အဖြူရောင်၊ အနက်ရောင်၊ အစိမ်းရောင်၊ ခဲရောင် စသည်ဖြင့် အရောင် ​လေးမျိုး ထုတ်လုပ်ပေးထားပြီး မန္တလေး၊ တောင်ကြီး၊ မုံရွာ စသည့် မြို့အသီးသီးရှိ Honda Cycle Showroom များနှင့် အရောင်းကိုယ်စားလှယ်ဆိုင်များထံတွင် စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here