မန္တလေး၊ ဇန်နဝါရီ
ယခင်က Warranty တစ်နှစ်သာ အာမခံပေးခဲ့သော Honda ဆိုင်ကယ်များထဲမှ အမျိုးအစား ခြောက်မျိုး ကို ၂၀၂၁ မိုဒယ်မှစ၍ Warranty သုံးနှစ်အထိ အာမခံစတင်ပေးလိုက် ကြောင်း Honda ၏ မြန်မာပြည် Authorized Distributor ဖြစ်သည့် Honda NCX Myanmar ကုမ္ပဏီမှ သိရသည်။
“ကျွန်တော်တို့ ကုမ္ပဏီက တင်သွင်းရောင်းချနေတဲ့ Honda ဆိုင်ကယ်တွေထဲမှာမှ အမျိုးအစား ခြောက်မျိုးကို အာမခံသုံးနှစ်စပေးလိုက်တာ၊ အဲဒီလိုပေးလိုက်တာကလည်း Honda ရဲ့ Approved နဲ့ ပါ”ဟု ယင်းကုမ္ပဏီမှ General Manager ကိုအောင်သူမြင့်က ပြောကြားသည်။
အာမခံသုံးနှစ်၊ သို့မဟုတ် ကီလို ၂၄၀ဝ၀ အထိ တိုးမြှင့်ပေးလိုက်သော ဆိုင်ကယ်များအနက် Honda Click125 ၊ Click150i ၊ Wave 110 R ၊ Wave 110i ၊ PCX 150 စသည့် ဆိုင်ကယ်အမျိုးအစားများ ပါဝင်ပြီး အခြားသော Honda ဆိုင်ကယ်များမှာမူ ယခင်ပေးထားသည့် အတိုင်း တစ်နှစ်အာမခံသာပေးအပ်သွားမည်ဖြစ်ကြောင်း၊ သို့သော် Honda Dream 125 မှာမူ ယခင် နှစ်ပေါင်းများစွာကတည်းက အာမခံ သုံးနှစ်ပေးထားခြင်းဖြစ်၍ ယခုအချိန်ထိလည်း အာမခံသုံးနှစ် ပေးထားဆဲဖြစ်ကာ အခြားသော Wave Series ဆိုင်ကယ်များနှင့် ၂၀၂၀ မိုဒယ်နှင့်အောက် ဆိုင်ကယ်မှာမူ တစ်နှစ်အာမခံသာပေးထားကြောင်း ယင်းကုမ္ပဏီမှ သိရသည်။
” Warranty ပေးတာက ကိုယ့်သဘောနဲ့ ကိုယ်ပေးလို့မရဘူး၊ Honda ကိုတင်ပြရတယ်၊Honda က Approved ရမှ ပေးလို့ရတာ”ဟု အဆိုပါကုမ္ပဏီမှ General Manager ကိုအောင်သူမြင့်က ထပ်မံဆိုသည်။
အာမခံသုံးနှစ်ပေးရာ၌ အင်ဂျင်တစ်မျိုးတည်းပေးခြင်း မဟုတ်ဘဲ ဆိုင်ကယ်ဆိုင်ကယ်တစ်စီးလုံးပေးခြင်းဖြစ်ကာ သုံးနှစ်အတွင်း Honda NCX Myanmar ၏ Service Center များတွင် ဆိုင်ကယ်တစ်စုံတစ်ရာပြုပြင်ပါက အခမဲ့ပြုပြင်နိုင်မည်ဖြစ်သည်။ သို့သော် Warranty ဟုဆိုရာ၌ သုံးစွဲသူကြောင့်မဟုတ်ဘဲ ဆိုင်ကယ်၏ အရည်အသွေးကြောင့် ဖြစ်သည့် မည်သည့်ပျက်စီးမှုကိုမဆို အာမခံ ပေးထားခြင်းသာဖြစ်ပြီး သုံးစွဲသူကြောင့်ဖြစ်သည့် ပျက်စီးခြင်းမျိုးကို အာမခံမပေးကြောင်း Honda NCX Myanmar ကုမ္ပဏီက ထုတ်ပြန်ထားသည်။
ကျော်ကျော်အောင်(ကလေးမြို့)