၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် အဝေးပြေးခရီးသည်တင် ယာဉ်လိုင်းများ ပြေးဆွဲနိုင်ရန်အတွက် ပြင်ဆင်မှုများပြုလုပ်

107

 

ရန်ကုန်၊ ဒီဇင်ဘာ
ကိုဗစ်နှင့်အတူယှဉ်တွဲကာ လုပ်ငန်းများ ပြန်လည်ပတ်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည့်အတွက် ၂၀၂၁ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် အဝေးပြေးယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲနိုင်ရန် မျှော်လင့်နေကြပြီး ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။

Covid-19 ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းကာလမှစ၍ အဝေး ပြေးခရီးသည်ယာဉ်လိုင်းများ ရပ် နားခဲ့ရပြီး လက်ရှိအချိန်အထိ ရပ် နားထားရဆဲဖြစ်ရာ ယခုလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ကိုဗစ်နှင့်ယှဉ်တွဲကာ လုပ် ငန်းဆောင်တာများ ပြန်လည် လုပ် ဆောင်ကြရန်ဆိုသည့် ထုတ်ပြန် ချက်တစ်ရပ်အရ လာမည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ပြန်လည် ပြေးဆွဲခွင့်ရရန် မျှော်လင့်နေကြကြောင်း သိရသည်။

“လက်ရှိအချိန်အထိတော့ အဝေးပြေး ခရီးသည်ယာဉ်တွေ ပြေးဆွဲတာမရှိသေးဘူး၊ ဇန်နဝါရီလမှာ ပြန်ပြေးဆွဲနိုင်ဖို့ ပြင်ဆင်တာတွေတော့ ရှိတယ်၊ ယာဉ်လိုင်းတွေ အားလုံးကတော့ ပြန်ပြေးဆွဲရဖို့ မျှော်လင့်နေကြပါတယ်၊ ဒါကလည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေနဲ့အညီ လုပ်ဆောင်ကြရမှာပါ”ဟု ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာန၊ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်း တာဝန်ခံရုံး လက်ထောက်ဌာနမှူး ဦးရန်ငြိမ်းချမ်းက ပြောသည်။

ယာဉ်လိုင်းများရပ်နားထားရသည့်အတွက် ကျန်းမာရေးနှင့်အညီ ပြန်လည်ပြေးဆွဲခွင့်ရနိုင်ရန် ယာဉ်လိုင်းများက မျှော်လင့်နေကြသလို ပြန်လည်ပြေးဆွဲရာတွင် ယာဉ်များ အဆင်သင့်ပြေးဆွဲနိုင်ရန် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း JJ Express ယာဉ်လိုင်းမန်နေဂျာ ဒေါ်ကျော့ကျော့သက်က ပြောသည်။

ကိုဗစ်ကာလ မတိုင်မီက အောင်မင်္ဂလာအဝေးပြေးရှိ ယာဉ်လိုင်းများတွင် ခရီးသည်တင်ယာဉ် အစီးတစ်ထောင်ကျော်ဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ နေ့စဉ် ပြေးဆွဲပေးခဲ့ရသော်လည်း လက်ရှိအချိန်တွင် အသေးစားပါ ဆယ်သယ်ယူပို့ဆောင်သည့် ယာဉ်အစီးသုံးဆယ် ဝန်းကျင်ခန့် ပြေးဆွဲနိုင်ကြောင်းသိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here