၂၀၂၀  ပြည့်နှစ်တွင်  အိန္ဒိယနိုင်ငံ၌  ဆိုင်ကယ်အစီးရေ တစ်သန်း   ရောင်းချနိုင်ရန် Suzuki   ပစ်မှတ်ထား

818

 

ဂျပန်နိုင်ငံအခြေစိုက် Suzuki  ကုမ္ပဏီ သည် အိန္ဒိယဈေးကွက်အတွင်း ၎င်းတို့ထုတ်လုပ်သည့် ဆိုင်ကယ် များ ပိုမိုရောင်းချနိုင်ရန် ကြိုးပမ်း သွားမည်ဖြစ်ကာ လာမည့် ၂၀၂၀ ပြည့်နှစ်၌ အစီးရေတစ်သန်းအထိ ရောင်းချနိုင်ရန်လည်း ပစ်မှတ်ထား နေကြောင်း အောက်တိုဘာ ၉ ရက် တွင် auto.ndtv သတင်းဝက်ဘ် ဆိုက်က ရေးသားဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံတွင် တစ်နှစ် ဆိုင်ကယ်အစီးရေ ၁၇ သန်းကျော် ရောင်းချနေရသည့်အနက် ဈေး ကွက်ဝေစု ၇၀ ရာခိုင်နှုန်းခန့်ကို Honda နှင့် Hero တို့က သိမ်းပိုက် ထားပြီး Suzuki  ၏ ဆိုင်ကယ်နှင့် စကူတာများရောင်းချရမှုမှာ ဈေး ကွက်ဝေစု ၅ ရာခိုင်နှုန်းသာရှိနေ သည်။ အိန္ဒိယနိုင်ငံသည် မိမိတို့ ထုတ်ကုန်များကို အများဆုံးဝယ်ယူ နေသည့် ဈေးကွက်ကြီးဖြစ်သော် လည်း အစီအမံနှင့် ဗျူဟာချမှတ်မှု မှားယွင်းခဲ့သဖြင့် ဈေးကွက်တောင်း ဆိုသည့်အတိုင်း လုံလောက်အောင် မဖြည့်ဆည်းပေးနိုင်သောကြောင့် ပြိုင်ဘက်များထက် နောက်ကျကျန် နေခဲ့ကြောင်း၊ လက်ရှိတွင် အိန္ဒိယ ဈေးကွက်အကြောင်း ပိုနားလည် လာသဖြင့် မှန်ကန်သည့်လမ်း ကြောင်းအတိုင်း ချီတက်နိုင်တော့ မည်ဟု Suzuki မန်နေဂျင်း ဒါရိုက်တာ Satoshi Uchida က ဆိုသည်။

Suzuki ကုမ္ပဏီသည် အိန္ဒိယ နိုင်ငံသို့ တစ်နှစ်လျှင် အနည်းဆုံး ဆိုင်ကယ်နှင့် စကူတာအမျိုးအစား အသစ် နှစ်မျိုးစီ မိတ်ဆက်ပေးရန် နည်းဗျူဟာချထားကာ ထိုကဲ့သို့ လုပ်ဆောင်နိုင်ရန် အိန္ဒိယရူပီး သန်း နှစ်သောင်း(200 Crore)ထပ်မံ ရင်း နှီးမြှုပ်နှံသွားမည်ဖြစ်သည်။ အင်ဂျင် 150CC  နှင့်အထက် ဆိုင်ကယ် များကိုသာ ဖြန့်ချိနေရာမှ နောက် ပိုင်းတွင် စကူတာများကိုပါ ထုတ်လုပ် ရောင်းချမည်ဖြစ်သဖြင့် တစ်နှစ် လျှင် Suzuki ထုတ်ကုန်ဆိုင်ကယ် များ ရောင်းအား ၄၀ ရာခိုင်နှုန်းမြင့် တက်ရာမှ ၂၀၂၀ ပြည့်နှစ်တွင် အစီးရေ တစ်သန်းရောင်းချနိုင်ရန် အထိပစ်မှတ်ထား မျှော်မှန်းနေကြောင်း Satoshi Uchida ကဆိုသည်။

Ref : auto.ndtv.com

LEAVE A REPLY

Please enter your comment!
Please enter your name here