၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်း၊ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထား လျှော့ချသတ်မှတ်ခြင်းအား ပယ်ဖျက်သည့် အဆိုလည်း ပါဝင်လာ

670

 

ရန်ကုန်၊ ဇူလိုင် ၁၅
၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ယင်းအဆို၏ ထူးခြားချက်များတွင် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထား လျှော့ချသတ်မှတ်ခြင်းအား ပယ်ဖျက်သည့် အဆိုလည်း ပါဝင်ကြောင်း သိရသည်။

ဇူလိုင် ၁၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ် ပုံ မှန်အစည်းအဝေး ပထမနေ့အစီအ စဉ်တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၂၀ ပြည့် နှစ် ပြည်ထောင်စု၏ အခွန်အ ကောက်ဥပဒေကြမ်းကို လွှတ်တော် သို့ တင်သွင်းရှင်းလင်းခဲ့ရာတွင် ထူးခြားချက်များအနေဖြင့် အထူး ကုန်စည်ခွန်အချို့၏ အခွန်နှုန်းထား များ တိုးမြှင့်ခြင်း၊ ကုန်သွယ်လုပ် ငန်းခွန် ကင်းလွတ်ခွင့်ရ ကုန်စည် နှင့် ဝန်ဆောင်မှုအမျိုးအစားများ ထပ်မံဖြည့်စွက်ခြင်း၊ အပိုဒ်(၁၄)တွင် အပိုဒ်ခွဲသစ်တစ်ရပ် ထပ်မံဖြည့်စွက် ခြင်းနှင့် စည်းကြပ်မှုမှလွတ်ကင်းနေ သော ဝင်ငွေအပေါ် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထား လျှော့ချသတ် မှတ်ထားခြင်းအား ပယ်ဖျက်ခြင်းအ စီအစဉ်တို့ကို တင်သွင်းခဲ့သည်။

““အခွန်အကောက်ဥပဒေမူ ကြမ်းကို ဇူလိုင် ၁၇ ရက်မှာ ဥပဒေကြမ်း ပူးပေါင်းကော်မတီမှာ ဆွေးနွေးဖို့ရှိပါတယ်၊ မူကြမ်းပါအတိုင်း လွှတ်တော်က အတည်ပြုဆုံး ဖြတ်မယ်ဆိုရင်တော့ စည်းကြပ်မှု က လွတ်ကင်းနေတဲ့ ဝင်ငွေခွန်အ ပေါ်မှာ ၃၀ ရာခိုင်နှုန်း အခွန် ကောက်ခံမှာ ဖြစ်ပါတယ်၊ ဒါကြောင့် စည်းကြပ်မှုက လွတ်ကင်း နေတဲ့ ဝင်ငွေနဲ့ အိမ်၊ခြံ၊မြေ၊ကား တွေ ဝယ်ယူမယ်ဆိုရင်လည်း လွတ်ကင်းနေတဲ့ ဝင်ငွေပေါ်မှာ ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမှာ ဖြစ်ပါတယ်””ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။

လက်ရှိတွင် စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ဝင်ငွေဖြင့် မော်တော်ယာဉ်ဝယ်ယူခြင်း၊ ရာဖြတ် အခွန်ဆောင်ခြင်းတို့အတွက် အခွန်ကောက်ခံရာတွင် ၂၀၁၉-၂၀၂၀ ခုနှစ် ပြည်ထောင်စု အခွန် အကောက် ဥပဒေပါအတိုင်း တန်ဖိုးအပေါ်မူတည်၍ တစ်ကျပ်မှ ကျပ် သိန်းတစ်ထောင်အထိကို ၃ ရာ ခိုင်နှုန်း၊ ကျပ်သိန်း တစ်ထောင် အထက်မှ ကျပ်သိန်းသုံးထောင်အထိကို ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း သုံးထောင်အထက်မှ ကျပ်သိန်း တစ်သောင်းအထိကို ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်သောင်းအထက်မှ သုံးသောင်းအထိကို ၁၅ ရာခိုင် နှုန်းနှင့် ကျပ်သိန်း သုံးသောင်း အထက်ကို ၃၀ ရာခိုင်နှုန်းဖြင့် ကောက်ခံနေခြင်း ဖြစ်သည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here