၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အိမ်ခြံမြေနှင့် ​​မော်​​တော်ယာဉ် အခွန်ကိစ္စရပ်များကို စက်တင်ဘာ ၃၀ ရက်အထိ ဆောင်ရွက်နိုင်

247

 

ရန်ကုန်၊ စက်တင်ဘာ ၁၇

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အိမ်ခြံမြေနှင့် မော်တော်ယာဉ် အခွန်ကိစ္စရပ်များကို စက်တင်ဘာ ၃၀ ရက်အထိ ဆောင်ရွက်နိုင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန(နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦး၏ ဖြေကြားချက်အရ သိရသည်။

ယခုလ ၁၆ ရက်က အွန်လိုင်းစာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည့် ကြေညာချက်စာများသည် ဌာနအတွင်း ညွှန်ကြားသည့် သီးခြားစာအပေါ် နားလည်မှုလွဲ၍ ကြေညာစာများကပ်ခဲ့ခြင်းဖြစ်၍ ပြန်ဖျက်ခိုင်း ထားကြောင်း သိရသည်။

“တချို့ရုံးတွေ ဒီကညွှန်ကြားတဲ့ ဌာနတွင်း ‌ကြေညာစာအပေါ်နားလည်မှုလွဲပြီး ကပ်ထားကြတာ ဖြစ်ပါတယ်၊ ဒါကြောင့် ကြေညာချက်တွေကို ပြန်ဖျက်ခိုင်း ထားပါတယ်၊ တိုင်းနှင့်ပြည်နယ်အခွန်ရုံးအားလုံးမှာ စက်တင်ဘာ ၃၀ ရက်အထိ ဆောင်ရွက်ပေးမှာပါ” ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ (နေပြည်တော်ရုံးချုပ်) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ကြောင့် အိမ်ခြံမြေနှင့် မော်တော်ယာဉ် အခွန်ကိစ္စရပ်များကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၏ အခွန်နှုန်းထားများဖြင့် စက်တင်ဘာ ၃၀ ရက်အထိ ဆောင်ရွက်နိုင်မည်ဖြစ်ည်။

ဆန်းသစ်အောင်
စက်တင်ဘာ ၁၆ ရက်က အွန်လိုင်းစာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည့် ကြေညာချက်စာတစ်ခု။

LEAVE A REPLY

Please enter your comment!
Please enter your name here