၂၀၁၈ ခုနှစ်ကနေ လက်ရှိအထိ ရေပန်းစားနေဆဲ တရုတ် Auto ဆိုင်ကယ်လေး HJ 100 T-6

222

အရင်က တရုတ် Auto ဆိုင်ကယ်ဆိုရင် ဒီဇိုင်းလှတာကလွဲလို့ အရည် အသွေးနိမ့်ကြောင်း ဝေဖန်မှုတွေရှိခဲ့ပေမဲ့ Haojue Auto (ခေါ်) HJ 100 T-6 ဆိုင်ကယ်က​တော့ ၂၀၁၈ ခုနစ်ကတည်းက ကလေး၊ တောင်ငူ၊ မင်းဘူး စတဲ့ မြို့အသီးသီးနဲ့ မြန်မာပြည်အနှံ့မှာ ရေပန်းစားခဲ့ပါတယ်။ ဒါ​ကြောင့် အဲဒီဆိုင်ကယ်ရဲ့ သေးငယ်ကျစ်လျစ်ပြီး လှပမှု၊ အင်ဂျင်အရည်အသွေးကောင်းမွန်မှု၊ ဆီစားနှုန်း သက်သာမှုတွေနဲ့ ပတ်သက်ပြီး ဖော်ပြပေးချင်ပါတယ်။

အများက Haojue Auto လို့ တင်စားခေါ်ဝေါ်ကြတဲ့ Haojue 100 T-6 ဆိုင်ကယ်ကို အင်ဂျင်ပါဝါ 100 CC နဲ့ ထုတ်လုပ်ထားသလို အင်ဂျင်နဲ့ ဖရိမ်ကိုတွဲထားတဲ့ အင်ဂျင်ရှော့အက်ဇောဘား ပါတာကြောင့် Highway မောင်းတဲ့အချိန် လမ်းကြမ်းတွေမှာ ဆိုင်ကယ်မောင်းနှင်သူကို သက်သာစေမှာပါ။ ဆီတိုင်ကီက ဆီတစ်ဂါလန်ခွဲဆံ့သလို ဆီတိုင်ကီအဖုံးကိုလည်း ဖိုင်ဘာအဖုံးနဲ့ ပြုလုပ်ထားတာကြောင့် ဆီပေါက်အပိတ်/အဖွင့်လုပ်တဲ့အခါ မီးဘေးအန္တရာယ် ကင်းဝေးစေမှာဖြစ်ပြီး Turbo ပါဝင်တာကြောင့် လည်း Highway မောင်းတဲ့အချိန်မှာ အင်ဂျင်အေးအောင် အထောက်အပံ့ ပေးစေမှာပါ။

ထူးခြားတာက Air Cleaner ရဲ့ လေအဝင်/အထွက်ပေါက်ဟာ တခြား Auto ဆိုင်ကယ်တွေလို အင်ဂျင်အောက်မှာမဟုတ်ဘဲ ထိုင်ခုံအောက် ထည့်သွင်းထားတာကြောင့် ဖုန်ဝင်မှု လျော့နည်းစေမှာဖြစ်ပြီး ကြာရှည် အသုံးခံစေမှာလည်း ဖြစ်ပါတယ်။ ပြီးတော့ ရှေ့/နောက်တာယာကို တာယာအလုံး မဟုတ်ဘဲ တာယာအပြားနဲ့ ထုတ်လုပ်ပေးထားတာကြောင့် မိုးရွာသွန်းတဲ့အချိန်မျိုးမှာ စလစ်ဖြစ်မှုနည်းပါးစေမှာဖြစ်သလို Tubeless နဲ့ ထုတ်လုပ်ထားတာကလည်း ဘီးပေါက်မှုအကြိမ်ရေ များစွာသက်သာစေမှာ ဖြစ်ပါတယ်။

ဒါ့ပြင် အင်ဂျင်ကို အဆင့်မြင့် CVT နည်းပညာနဲ့ပြုလုပ်ထားသလို အိပ်ဇောအတွင်းမှာလည်း ကျောက်ဆစ်ဆန်ခါပါရှိတာကြောင့် လေထုညစ် ညမ်းမှုကို အထူးသက်သာစေမှာဖြစ်ပြီး စက်သံဆူညံမှု၊ ငြိမ့်ညောင်းမှုရှိ အောင် နည်းပညာနဲ့ အထူးပြုလုပ်ထားတယ်လို့ Haojue ကုမ္ပဏီကနေ သိရပါတယ်။

အထူးခြားဆုံးကတော့ Haojue ဆိုင်ကယ်ဟာ တရုတ်ပြည်မကြီးမှာ နံပါတ်တစ် ရောင်းအားအကောင်းဆုံးအဖြစ် ၁၅ နှစ်ဆက်တိုက် ဆုရရှိ ထားပါတယ်။ အင်ဂျင်ကို ၂ နှစ်အာမခံနဲ့ ဆေးသားတွေဟာလည်း ဂျပန် ကြွေဆေးသုံးပြီး ဆေးမှုတ်ထားတာကြောင့် ဆေးရောင် ကလည်း မိုးရွာရွာ နေပူပူ ငါးနှစ်၊ ခြောက်နှစ်အထိ တာရှည်ခံစေမှာလည်း ဖြစ်ပါတယ်။

နောက်တစ်ချက်က မီးပိုင်းအဝင်အတွက် အရည်အသွေးမီတဲ့ ဘက် ထရီ အသုံးပြုထားသလို ခွေကိုလည်း စပုတ်မဟုတ်ဘဲ သတ္တုအလွိုင်း အသုံးပြုထားတာကြောင့် သံကြေး(ဂျီး)တက်စေမှာ မဟုတ်ပါဘူး။

အရောင်ကိုတော့ အနီ၊ အနက်၊ အပြာ စတဲ့ အရောင်တွေနဲ့ ထုတ် လုပ်ပေးထားပြီး Tool Box ကျယ်ဝန်းမှု၊ ကိုယ်ထည်ပေါ့ပါးမှု၊ ဦးထုပ်ချိတ် ပါရှိမှု၊ ရှေ့လက်ကိုင်နဲ့ ထိုင်ခုံကျယ်ဝန်းပြီး Smart ကျမှုတွေကလည်း အားသာချက် ဖြစ်ပါတယ်။

ခန့်လင်းသန့်

LEAVE A REPLY

Please enter your comment!
Please enter your name here