၂ဝ၂ဝ အဖွင့် ကားတင်သွင်းခွင့် ထုတ်ပြန်ချက်တစ်ရပ်၏ ကားလောကအပေါ် သက်ရောက်မှုများ

2672

၂ဝ၂ဝ ပြည့်နှစ်၏ မြန်မာ့ကားလောကအဖွင့်ကို လုပ်သက် ၂၅ နှစ်နှင့် အထက်ဝန်ထမ်းများအား ကားတင်သွင်းခွင့်ပေးမည်ဟူသည့် ထုတ်ပြန် ချက်ဖြင့် ဖွင့်လှစ်ခဲ့သည်။ ယင်းထုတ်ပြန်ချက် အမှန်တကယ် ထွက် ပေါ်လာသည့်အချိန်တွင် ပြီးခဲ့သည့်နှစ်အတွင်း ဆက်တိုက်ဆက်တိုက် အေးစက်နေခဲ့သော ကားစျေးကွက်၏အဟုန် ပြန်မြင့်တက်ကာစ ကာလသည် ထုံးစံအတိုင်း မူဝါဒစောင့်ကြည့်မှုများနှင့်အတူ အရောင်းအဝယ်များ ပြန်လည်အေးစက်သွားပြန်သည်။ အဆိုပါ အခွန်ကင်းလွတ်ခွင့်ဖြင့် ဝန်ထမ်းများအတွက် ကားတင်သွင်းခွင့်ပေးမည့်အပေါ် ဝေဖန်သုံးသပ်မှုများ သည်လည်း တစ်စတစ်စ ကျယ်လောင်လာသည်။ အထူးသဖြင့် ညွန် ချုပ်နှင့်အထက် ဝန်ထမ်းများအား ပထမဦးစားပေး တင်သွင်းခွင့်ပေးသော ကြောင့် အောက်ခြေလုပ်သက် ၂၅ နှစ်ပြည့် ဝန်ထမ်းများကို ပိုဦးစားပေးသင့်ကြောင်း ဆိုကြသည်။ ထို့ပြင် အခွန်ထမ်းဆောင်နေရသည့် ပြည်သူ တို့အား ကားတင်သွင်းလျှင် အခွန်အခများ များပြားစွာကောက်ခံသော်လည်း ဝန်ထမ်းများကိုမူ အခွန်ကင်းလွတ်ခွင့်များပေးသည်မှာ အခွန်ထမ်း ပြည်သူတို့အပေါ် မျှတမှုမရှိဟု ဆိုကြပြန်သည်။

ဝန်ထမ်းများအား အခွန်ကင်းလွတ်ခွင့်ပြုမည့်အပြင် ဘဏ်များနှင့် ချိတ်ဆက်၍ အရစ်ကျရောင်းချပေးမည်ဖြစ်သော်လည်း အထက်အဆင့် အရာထမ်းများအနေဖြင့်ပင် ဝယ်ယူနိုင်ရန်လွယ်ကူမည် မဟုတ်သည့် တန်ဖိုး သတ်မှတ်ချက်များဖြစ်နေလေရာ သာမန်ဝန်ထမ်းများအဖို့ အရစ်ကျ ပေးချေဝယ်ယူရန်ပင် အဆင်ပြေမှု မရှိနိုင်ချေ။ ထိုထိုသော အကြောင်း အရာများက ပါမစ်အရောင်းအဝယ်တစ်ရပ် ပေါ်ပေါက်စေရန် ဦးတည်နေပေသည်။ ထိုသို့ နှစ်ဦးကာလ အပြောင်းအလဲဖြစ်စဉ်များကြောင့် ပြည် ပမှတင်သွင်းသည့် ကားသစ်များနှင့် လက်ရှိ တစိုက်မတ်မတ် ဦးတည်ချ မှတ်ခဲ့သည့် ပြည်တွင်း ကားတပ်ဆင်ထုတ်လုပ်မှုအပေါ် ကာလတစ်ခုခန့် စျေးကွက်လျော့ကျဖွယ်ရှိပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများသည်လည်း ယုံကြည်မှု ခက်ခဲလာစေနိုင်သည့်အပြင် ပြည်သူအများ လိုက်နာနေရသည့် အစိုးရ၏ မော်တော်ယာဉ် မူဝါဒများအပေါ်လည်း လိုက်နာမှု လျော့ရဲစေမည်ဟု သုံးသပ်မှုများရှိနေပါသည်။

၂ဝ၁၉ ကုန်ခါနီးအချိန်မှ စတင်လှုပ်ခတ်လာသည့် ယင်းမူဝါဒသည် ၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၂ ရက်တွင် တရားဝင်ပေါ်ထွက်လာခြင်းဖြစ်ပြီး စီးပွား/ကူးသန်းမှထုတ်ပြန်ထားသည့် မော်တော်ယာဉ်တင်သွင်းခွင့် သတ်မှတ်ချက်အတိုင်း တင်သွင်းခွင့်ပြုမည်ဟူ၍ဖြစ်ကာ တင်သွင်းခွင့် ရရှိမည့် ဝန်ထမ်းများမှာ လုပ်သက် ၂၅ နှစ်ပြည့် ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည်။ ထိုမူဝါဒ၏ ပထမအဆင့်အနေဖြင့် ညွန်ကြားရေးမှူးချုပ်နှင့် အထက်အဆင့် ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား စတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်း ကြေညာချက်တွင် ဒုတိယအဆင့်အနေဖြင့် ဒုတိယညွန်ကြားရေးမှူးချုပ်နှင့် လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူ ဝန်ထမ်းများကို ဆက်လက်ဆောင်ရွက်ပေးမည်ဟူ၍ဖြစ်သည်။ ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများ၏ ရာထူးအဆင့်အလိုက် မော်တော်ယာဉ်တင်သွင်းခွင့် ပြုမည့် မော်တော်ယာဉ် ဆိပ်ကမ်းအရောက်တန်ဖိုးများ သတ်မှတ်ရာတွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဆင့်တို့ကို ကျပ်သိန်း ၁,၅ဝဝ အထိ၊ ဒုတိယသမ္မတအဆင့်နှင့် တူညီသည့် ပြည် ထောင်စုအဆင့်ဝင်များအတွက် ကျပ်သိန်း ၁,၂ဝဝ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် ပြည်ထောင်စုဝန်ကြီး အဆင့်နှင့်တူညီသည့် ပြည်သူ့ဝန်ထမ်းများအတွက် ကျပ်သိန်း တစ်ထောင်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသများ၏ အကြီးအကဲများနှင့် ဒုတိယဝန်ကြီးအဆင့်နှင့် တူညီသည့် ပြည်သူ့ဝန်ထမ်းများအတွက် ကျပ် သိန်း ခုနစ်ရာ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွန်ကြားရေးမှူးချုပ်များအတွက် ကျပ်သိန်း ငါးရာနှင့် ဒုတိယညွန်ကြားရေးမှူးချုပ်နှင့် နိုင်ငံ့ဝန်ထမ်းလုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ် ရရှိပြီးသူများအတွက် ကျပ်သိန်း သုံးရာ ဟူ၍ ဖြစ်သည်။

ယခင် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်က ယင်းသို့ အခွန်သက်သာခွင့်ဖြင့် လက်နက်ကိုင်အဖွဲ့အစည်းများအား ထုတ်ပေးသည့် ငြိမ်းချမ်းရေးပါမစ်ဟု နာမည်ကြီးခဲ့သည့် ပါမစ်ထောင်ကျော် ပေါ်ထွက်ခဲ့ဖူးပြီး ယင်းငြိမ်းချမ်းရေးပါမစ်ကြောင့် နိုင်ငံတော်မှရရှိမည့်အခွန်များ များစွာ ဆုံးရှုံးနစ်နာခဲ့ရသည်။ ယခုလက်ရှိ သယံဇာတအပေါ် အလွန်အမင်းမမှီခိုဘဲ အများပြည်သူမှ ထမ်းဆောင်သောအခွန်နှင့် နိုင်ငံ တည်ဆောက်နေရသည့် ပြည်သူ့အစိုးရလက်ထက်တွင် ယင်းသို့ အခွန် လျှော့ပေါ့၍ ကားတင်သွင်းခွင့်ပေးခြင်းမှာ ယခင်က သယံဇာတအားပြုရပ် တည်သည့် အစိုးရများအတွက် များစွာထိခိုက်မှုမရှိနိုင်သော်လည်း ပြည် သူ့အစိုးရအနေဖြင့်မူ အခွန်များ အများအပြား နစ်နာပေလိမ့်မည်။ ထို့ပြင် ပြီးခဲ့သည့်နှစ်ကုန်ခါနီးအထိ ပြည်သူများအား ဝင်ငွေခွန် ၃ ရာခိုင်နှုန်း ပေးဆောင်စေရန် တိုက်တိုက်တွန်းတွန်း ပြုလုပ်ခဲ့ကြပြီးနောက် ယခုကဲ့သို့ အခွန်ကင်းလွတ် ကားတင်သွင်းခွင့်သည် အခွန်ထမ်းပြည်သူများအတွက် ညီမျှမှုမရှိဟူ၍ ဝေဖန်သံများလည်း ထွက်ပေါ်လာသည်။ ပို၍ ထူးခြား သည်မှာ တစ်နှစ်ကျော်လျှင် အမည်ပြောင်းခွင့်ပြုထားသည့်အတွက် အခွန် ကင်းလွတ်ဖြင့် ဝယ်ယူထားသည့် ကားများ၊ ကားပါမစ်များမှာ ပြန်လည် ရောင်းချရန် အခွင့်အရေးတစ်ခု ပံ့ပိုးပေးထားသကဲ့သို့လည်း ဖြစ်သည်။

ထိုပါမစ်ဂယက်ကြောင့် ကားစျေးများလည်း အဆင့်ဆင့်ကျဆင်းလာ မည်ဖြစ်သည်။ လက်ရှိ ကားစျေးမြင့်တက်နေမှုကြောင့် ပြည်တွင်းတပ်ဆင် ထုတ်လုပ်သည့် ကားများကို ရွေးချယ်နေကြရသူများအနေဖြင့် ပြည်ပတင်သွင်းသည့်ကားများကို ဝယ်ယူလာနိုင်ကြမည် ဖြစ်သော်လည်း တစ် ဖက်တွင် ငွေမည်းခဝါချလိုသူများ၊ အခွန်လျှော့ချထားသည့်အတွက် ပါမစ်များဝယ်ယူ၍ တန်ဖိုးကြီးကားများ တင်သွင်းကြမည့်သူများကြောင့် နိုင်ငံတော်မှ အမှန်တကယ်ရရှိမည့် အခွန်ငွေများလည်း ငြိမ်းချမ်းရေးပါမစ် ကဲ့သို့ပင် ဆင့်ကာဆင့်ကာ နစ်နာစေမည်ဖြစ်သလို လက်ရှိ စျေးကွက်တွင် လည်ပတ်နေသော ကားတန်ဖိုးများမှာလည်း ထပ်မံကျဆင်းကာ နစ် နာသူများ နစ်နာကြရတော့မည် ဖြစ်သည်။ ယင်းအပြင် ပြည်ပမှ ကားတင်သွင်းရမည်ဖြစ်သဖြင့် နိုင်ငံခြားငွေ ယိုဖိတ်မှုကြောင့် ဗဟိုဘဏ်မှ သန်းနှင့်ချီ၍ အကြိမ်ကြိမ်ဝယ်ယူနေရသော ဒေါ်လာစျေးကွက်သည်လည်း လက်ရှိအကျဘက်မှတစ်ဆင့် အတက်ဘက်ဆီသို့ ကူးပြောင်းကာ လက် လုပ်လက်စား လူတန်းစားများဆီသို့ ကုန်စျေးနှုန်းလှိုင်းတံပိုးတစ်ခု ထပ်မံ ကျရောက်နိုင်ခြေရှိပေသည်။ ထို့ပြင် အဆိုပါ အခွန်ကင်းလွတ်ကားများ တင်သွင်းခွင့်ကြောင့် နိုင်ငံတော်မှ အခွန်နစ်နာရမည့်အပြင် ကာလတစ် ခုအထိ ကားလုပ်ငန်းရှင်များ၏ ပြည်ပမှ ကားသစ်တင်သွင်းမှုများ နည်းပါး သွားမည်ဖြစ်ရာ ယင်းမှရရှိမည့် အခွန်အရပ်ရပ်သည်လည်း နစ်နာရမည် ဖြစ်သည်။

လွတ်တော်ကိုယ်စားလှယ်အချို့ကလည်း ယင်းထုတ်ပြန်ချက်အပေါ် ကန့်ကွက်မှုများရှိနေကြပြီး လွတ်တော်သို့တင်သွင်း၍ ကန့်ကွက်မည် ဟုလည်း ပြောဆိုခဲ့သည်။ ပြည်သူများအနေဖြင့် ပြည်ပမှကားတစ်စီး တင်သွင်းလျှင် အခွန်အရပ်ရပ် ပေးဆောင်ကြရသည့်အပြင် လက်ရှိတွင် မဖြစ်မနေ ဝင်ငွေခွန်ဆောင်စေရန် သတ်မှတ်ချက်များ ထပ်မံပြဌာန်းခဲ့ သည့် ကာလဖြစ်သကဲ့သို့ မကြာမီကလည်း နိုင်ငံတော်အတွက် လိုအပ် သည့် ကျည်ကာကားဝယ်ယူမှုတွင် အခွန်ကင်းလွတ်ခွင့်ရရှိဖို့ရာ လွတ် တော်အဆုံးအဖြတ်ရယူခဲ့ကြသော်ငြား ယခုကဲ့သို့ အခွန်ကင်းလွတ်၍ တန်ဖိုးကြီးကားအများအပြား တင်သွင်းခွင့်တွင်လည်း လွတ်တော်တွင် တင်သွင်းဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်းလည်း ဝေဖန်မှုများရှိနေ ပေသည်။

အစိုးရအဆက်ဆက် ဝန်ထမ်းများအပေါ် မြေကွက်ပေးခြင်း၊ အိမ် ရာများအား အရစ်ကျရောင်းချပေးခြင်းများဖြင့် ပံ့ပိုးခဲ့သကဲ့သို့ မော်တော် ယာဉ် အမှန်တကယ်လိုအပ်ချက်ရှိသူများမှလွဲ၍ ကျန်ဝန်ထမ်းများအား အိမ်ရာများ ပို၍အကောင်အထည်ဖော်ပေးခြင်းသည် သင့်တော်သည့် လုပ်ဆောင်ချက်သာ ဖြစ်ပါသည်။ များသောအားဖြင့် ဌာနဆိုင်ရာအချို့ရှိ အောက်ခြေဝန်ထမ်းများတွင် ဌာနမှနေခွင့်ပြုသည့် ဝန်ထမ်းလိုင်းခန်း မရရှိသူများလည်းရှိနေပြီး အိမ်ပိုင်ဆိုင်မှု ရာခိုင်နှုန်းလည်း နည်းပါးကြသည်။ ထို့ကြောင့် နှစ်ရှည်စီမံကိန်းဖြင့် အိမ်ရာများ ဖန်တီးရောင်းချပေးခြင်းကို ပိုမိုပြုလုပ်သင့်ပါသည်။ ထို့ပြင် အခြားလိုအပ်ချက်ရှိသည့် ဝန်ထမ်းများ အတွက် ဆေးရုံ၊ ဆေးပေးခန်းများ၊ သက်ကြီးဂေဟာများ၊ အခါအား လျော်စွာ ငွေကြေးထောက်ပံ့မှုများလည်း ပိုမိုပြုလုပ်သင့်ပါသည်။

လက်ရှိ ပြည်သူများအပေါ် ကားတင်သွင်းမှု ကန့်သတ်ချိန်၊ ရန်ကုန် လိုင်စင်အကန့်အသတ်ဖြင့် ထုတ်ပေးနေသည့်အချိန်၊ ဝင်ငွေခွန်များ ပေး ဆောင်စေရန် တိုက်တွန်းနေသည့်အချိန်၊ အစိုးရ၏ ကားတင်သွင်းမှုဆိုင်ရာ မူဝါဒများ ပိုမိုကောင်းမွန်ရန် တစိုက်မတ်မတ် အားထုတ်နေချိန်၊ မော် တော်ယာဉ်တင်သွင်းမှု မူဝါဒအပေါ်မူတည်ပြီး ပြည်တွင်း၊ ပြည်ပစီးပွားရေး လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများ စတင်အားကောင်းချိန်၊ တစ်နည်း အားဖြင့် ပြည်တွင်းထုတ်လုပ်မှုအပေါ် အာရုံစိုက်လုပ်ဆောင်လာကြ ချိန် စသည့်အခြေအနေကောင်းများ ဖြစ်ပေါ်နေသည့်ကာလတွင် ဝန်ထမ်း များအား အခွန်ကင်းလွတ်တင်သွင်းခွင့်အပေါ် လျှော့ပေါ့သင့်သည့် အ ခွန်ကိုသာ လျှော့ပေါ့စေလိုပြီး ဖွံ့ဖြိုးစ မြန်မာ့ကားလောကကို နှောင့်နှေး စေခြင်း ရှိမရှိတုိ့ကိုလည်း ြပန်လည်သံုးသပ် သင့်ပါေြကာင်း ေရးသားအပ် ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here