၂ဝ၂ဝ မိုဒယ် Suzuki Ciaz ကားသစ် ပြည်တွင်းစျေးကွက်အတွင်း စတင်မိတ်ဆက်

261

 

ရန်ကုန်၊ ဇွန် ၁၇
Suzuki Myanmar Motor မှ ၂ဝ၂ဝ မိုဒယ် Suzuki Ciaz ကို ပြည်တွင်းစျေးကွက်အတွင်း စတင် မိတ်ဆက် ရောင်းချပေးနေပြီ ဖြစ် ကြောင်း သိရသည်။

၂ဝ၂ဝ မိုဒယ် Suzuki Ciaz တွင် မူလပုံစံနှင့်မတူသည့် အရှေ့ ဘက်ရှဲလ်အသစ်နှင့် ဘမ်ပါဒီဇိုင်း များကို ဆွဲဆောင်မှုရှိစေရန်နှင့် နှင်းခွဲမီးများ၊ Chrome များဖြင့် အလှဆင်ထားသည်။ ရှေ့မီးသီးဒီ ဇိုင်းကိုလည်း အဖြူရောင် LED မီးများ တပ်ဆင်ထားခြင်း၊ အ နောက်ဘက် ရောင်ပြန်များတွင် Chrome များ တပ်ဆင်ထားခြင်း၊ Smart Panel Audio ဖြင့် Smart ဖုန်းများကို ချိတ်ဆက်နိုင်ခြင်း စသည့် ထူးခြားချက်များ ပါဝင် သည်။

“Suzuki Ciaz ဟာ မြန်မာ နိုင်ငံရဲ့ ရောင်းအားအကောင်းဆုံး Sedan ကားအမျိုးအစားဖြစ်ပြီး ဂျပန်စံနှုန်းတွေအတိုင်း ထုတ်လုပ် ထားပါတယ်၊ မြန်မာနိုင်ငံမှာ Suzuki Ciaz ၉,၅၅၉ စီး ရောင်း ချခဲ့ပြီး ဖြစ်ပါတယ်၊ Suzuki Ciaz မိုဒယ်သစ်ကို သပ်ရပ်လှပတဲ့ဒီဇိုင်း တွေနဲ့ ဖန်တီးထားတဲ့အတွက် အရင်က ရောင်းအားအကောင်းဆုံး မိုဒယ်တွေအတိုင်း မြန်မာနိုင်ငံမှာ ဝယ်လိုအား မြင့်တက်လာမှာ ယုံ ကြည်ပါတယ်”ဟု Suzuki Myanmar Motor မှ မန်နေဂျင်းဒါရိုက်တာ Mr.Keiichi Asano က ပြော သည်။

၂ဝ၂ဝ မိုဒယ် Suzuki Ciaz ကို Pure White Pearl ၊ Dignity Brown Pearl Metallic ၊ Super Black Pearl စသည့် အရောင်သုံး မျိုးကို စက်ရုံထုတ်စျေး ကျပ် ၂၈၂ သိန်းဖြင့် မြန်မာနိုင်ငံရှိ Suzuki တရားဝင် အရောင်းပြခန်း ၅၆ ခု တွင် ဇွန် ၁၅ ရက်မှစ၍ ရောင်းချ နေပြီး AYA Bank ၊ CB Bank တို့နှင့် ချိတ်ဆက်၍လည်း အရစ် ကျစနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။
ရဲထွန်းကျော်
photo-Suzuki Myanmar Motor

LEAVE A REPLY

Please enter your comment!
Please enter your name here