ရန်ကုန်၊ ဇွန် ၂၄
၂ဝ၁၉ ခုနှစ်က ခွင့်ပြုခဲ့သည့် Consignment ပါမစ်များ ထပ်မံ သက်တမ်းတိုးခွင့် ပြုမည်မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိ ရသည်။
Covid-19 ရောဂါပြသနာ ကြောင့် ကုန်သွယ်ရေးကိစ္စများတွင် သက်ရောက်မှုရှိ၍ ကုန်သွယ်မှုများ အဆင်ပြေစေရန် ရည်ရွယ်ပြီး ပြီးခဲ့သည့် မတ်လက တစ်ဦးချင်းတင် သွင်းသည့် ပုံမှန်လိုင်စင်မော်တော် ယာဉ်တင်သွင်းခွင့်များကို မတ် ၃၁ ရက် နောက်ဆုံးထား တင်သွင်းရ မည့်အစား နှစ်လ ထပ်တိုးပေးခဲ့ သည်။ Showroom Consignment ပါမစ်များကိုမူ သက်တမ်းခြောက်လ ပေးထားခြင်းဖြစ်၍ ထပ်မံ သက် တမ်းတိုးပေးရန် မရှိကြောင်း သိရ သည်။
“မော်တော်ယာဉ် ပုံမှန်လိုင်စင်တွေက ပါမစ်သက်တမ်း သုံးလ ပဲ ခွင့်ပြုပေးတာဖြစ်လို့ ကိုဗစ်ကာလမှာ အခက်အခဲရှိနိုင်တဲ့အတွက် နှစ်လသက်တမ်းတိုးပေးခဲ့တာ ဖြစ် ပါတယ်၊ Showroom Consignment တွေကျတော့ စုစုပေါင်းပါမစ် သက်တမ်း ခြောက်လအထိ ပေးထားပြီးဖြစ်လို့ လတ်တလောမှာ ညွန်ကြားချက် မရှိတာကြောင့် သက်တမ်းတိုးပေးဖို့ အစီအစဉ်မရှိပါဘူး၊ Covid-19 ရောဂါကြောင့် သင်္ဘောကပ်တာ၊ ကြန့်ကြာတာနဲ့ ပတ်သက်ပြီး အခက်အခဲရှိမယ်ဆိုရင် ကားအရောင်းစင်တာ၊ ကားအရောင်းပြခန်းတွေအနေနဲ့ ဖွဲ့ စည်းထားတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကတစ်ဆင့် ဝန်ကြီးဌာန ကို တင်ပြနိုင်ပါတယ်၊ တကယ်လို့ တင်ပြခဲ့ရင်လည်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ညွန်ကြားချက်အတိုင်း ဆောင်ရွက်ပေးမှာပါ”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂ဝ၁၉ ခုနှစ်အတွင်း ကားအရောင်းစင်တာများမှ Consignment ဖြင့် ဖရီးပါမစ်အတွက် လျှောက်ထားသည့် ၂ဝ၁၇ မိုဒယ် ကားများမှာ ပါမစ်သက်တမ်းတိုး ခွင့်ရမည်မဟုတ်၍ ယခုလအတွင်း အပြီးသတ် တင်သွင်းရမည် ဖြစ်သည်။ ယခုလအတွင်း အပြီးသတ် တင်သွင်းနိုင်ခြင်းမရှိသည့် ကားများအတွက် ၂ဝ၂ဝ ပြည့်နှစ်ကားတင် သွင်းခွင့်မူဝါဒအရ ၂ဝ၁၇ မိုဒယ် ကားများမှာ စလစ်ကပ် တင်သွင်းရ မည်ဆိုထား၍ ထိုကားများအတွက် စလစ်လိုအပ်ချက် ရှိသွားမည်ဖြစ် သည်။
“နိုင်ငံတကာမှာလည်း ကို ဗစ်ကာလအတွက် ဖြေလျှော့ပေး တာတွေ ရှိပါတယ်၊ ဒီမှာလည်း တစ်ဦးချင်းဖရီးပါမစ်တွေကို သက် တမ်း နှစ်လတောင် တိုးပေးခ့ဲသေး တာပဲ၊ အရောင်းစင်တာ Consignment နဲ့ သွင်းဖို့ကျန်နေတဲ့ ကား တွေအတွက်လည်း အရောင်းစင်တာတွေက ပါမစ်သက်တမ်းရှိ ကာ လအတွင်းမှာ ကားဝယ်ပြီး တကယ် သွင်းဖို့ လုပ်ထားတာ၊ အခက် အခဲရှိတာမှန်ရင် ဝန်ကြီးဌာနအနေ နဲ့ သက်တမ်းတိုးပေးသင့်ပါတယ်” ဟု RISX Group မှ မန်နေဂျင်းဒါ ရိုက်တာ ကိုအောင်မျိုးသူက ပြော သည်။
ဆန်းသစ်အောင်