၂ဝ၁၈-၂ဝ၁၉  ပညာသင်နှစ်မှစ၍  လိုက်ထရပ်ကဲ့သို့  နောက်ဖုံးဖွင့်ယာဉ်များကို ကျောင်းကြို/ပို့ ယာဉ်များအဖြစ်  ပြေးဆွဲခွင့်ပြုမည်မဟုတ်

555

ရန်ကုန်၊ မေ

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်မှစ၍ လိုက်ထရပ်ကဲ့သို့ နောက်ဖုံးဖွင့်ယာဉ်များကို ကျောင်းကြို/ပို့ ယာဉ်များအဖြစ် ပြေးဆွဲခွင့်ပြုမည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ကျောင်းတာဝန်ရှိသူများတွေ့ဆုံပွဲမှ သိရသည်။

ကျောင်းကားစနစ်သစ် စတင်ပြေးဆွဲနိုင်ရန်အတွက် မေ ၄ ရက် က ပြုလုပ်ခဲ့သည့် ဝန်ကြီးချုပ်အပါအဝင် တာဝန်ရှိသူများနှင့် ကျောင်းကိုယ်စားလှယ်များ တွေ့ဆုံညှိနှိုင်းပွဲတွင် ဝန်ကြီးက ပြောကြားခဲ့ကြောင်း အစည်းအဝေး တက်ရောက်သူများထံမှ သိရသည်။

”ဒီနှစ် ကျောင်းဖွင့်ချိန်က စပြီး လိုက်ထရပ်လိုမျိုး နောက်ဖွင့်ကားတွေနဲ့ ကျောင်းကားပြေးဆွဲခွင့် မပေးတော့ဘူးလို့ ဝန်ကြီးချုပ်က ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်၊ လိုက်ထရပ်လို နောက်ဖုံးပွင့်မဟုတ်တဲ့ ယာဉ်တွေကိုတော့ တစ်နှစ်လောက် ပြေးဆွဲခွင့်ပေးဖို့ ကျောင်းကိုယ်စားလှယ်တွေက တင်ပြထားပါတယ်”ဟု ယင်းအစည်းအဝေးတက်ရောက်ခဲ့သည့် အထက(၅) ဗိုလ်တထောင်မှ ကျောင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခု ပညာသင်နှစ်မှစတင်ကာ အစိုးရကျောင်း ၁၈ ကျောင်းနှင့် ပုဂ္ဂလိကကျောင်းနှစ်ကျောင်းကို School Bus စနစ်သစ်ပြေးဆွဲရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေပြီး School Bus စနစ်သစ် ပြေးဆွဲရာတွင် လိုက်ထရပ်ကဲ့သို့ နောက်ဖွင့်ယာဉ်များကို စတင်ထုတ်ပယ်မည် ဖြစ်သလို လက်ရှိ ပြေးဆွဲနေသည့် အလုံပိတ်ကျောင်းကားများကိုလည်း အချိန်အကန့်အသတ်တစ်ခုဖြင့် ပြေးဆွဲခွင့်ပြုရန် စီစဉ်မှုများရှိနေကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here