၂ဝ၁၈  မိုဒယ်  Mazda CX3  ကို  ပြည်တွင်းကားစျေးကွက်အတွင်း  စတင်မိတ်ဆက်

504

ရန်ကုန်၊ မေ

Mazda Myanmar မှ ၂ဝ၁၈ မိုဒယ် Mazda CX3 ကို ပြည်တွင်းကားစျေးကွက်အတွင်း စတင်မိတ်ဆက် ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

Mazda CX3 သည် Small SUV (ငါးယောက်စီး) ကားအမျိုးအစားဖြစ်ပြီး SkyActiv G2.0 L ဓာတ်ဆီအင်ဂျင်နှင့် Semi-auto 6 Speed Gear တို့ တွဲဖက်တပ်ဆင်ထားသည်။ ဒီဇိုင်းဆန်းသစ်လှပမှုရှိပြီး Mazda ၏ အဆင့်မြင့်နည်းပညာများ ထည့်သွင်းတပ်ဆင်အသုံးပြုထားသည်။ Heads-up Display ၊ Start/Stop System ၊ Electric Seat with Memory Function နှင့် Mazda Commender Control စသည့် Function များ ပါဝင်ပြီး ထိုင်ခုံများကို တန်ဖိုးကြီးသားရေများဖြင့် ချုပ်လုပ်ထားသလို ရှေ့/နောက် LED မီးများ၊ Keyless Entry ၊ Rear Parking Sensor များနှင့် ၁၈ လက်မ အလွိုင်းဘီးများလည်း တပ်ဆင်ထားမည်ဖြစ်သည်။

လုံခြုံရေးစနစ်တွင် အသက်ကယ်လေအိတ်ခြောက်လုံး တပ်ဆင်ထားပြီး Electronic Brake Distribution ၊ ABS(With Electronic Brake Force Distribution and Brake Assist) ၊ Lane Departure Warning System ၊ Speed Sensing Doorlock စသည့် စနစ်များလည်း ပါဝင်သည်။

၂ဝ၁၈ မိုဒယ် Mazda CX3 ကားသစ်သည် မြို့တွင်း၊ မြို့ပြင်သွားလာရာတွင် အဆင်ပြေစေမည့် ကားတစ်စီးဖြစ်ပြီး Mazda Myanmar မှ ရန်ကုန်လိုင်စင်ဖြင့် အမေရိကန်ဒေါ်လာ ၄၉,၉၉၉ သတ်မှတ်ထားကာ Warranty သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာတစ်သိန်း သတ်မှတ်ထားကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here