၂ဝ၁၈ မိုဒယ်  Jaguar E-Pace ကားအသစ်ကို ပြည်တွင်းစျေးကွက်အတွင်း စတင်မိတ်ဆက်

440

ရန်ကုန်၊ မေ

၂ဝ၁၈ မိုဒယ် Jaguar E-Pace ကားအသစ်ကို ပြည်တွင်းစျေးကွက်အတွင်း စတင်မိတ်ဆက်ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

Jaguar the New E-Pace ကားသစ်သည် Compact SUV ကားအမျိုးအစားဖြစ်ပြီး အင်ဂျင်ပါဝါ 2.0 L ဒီဇယ်နှင့် ဓာတ်ဆီအင်ဂျင် နှစ်မျိုးရရှိနိုင်ကာ မြင်းကောင်ရေ အား ၁၅ဝ မှ သုံးရာအထိ ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။ ကားအတွင်းခန်းတွင် Round Air Bag ပါဝင်ပြီး ABS ၊ Adaptive Dynamic Suspension System များ လည်း ပါဝင်သလို Dynamic Mode ၊ Comfort Mode ၊ Eco Mode စသည့် မောင်းနှင်မှုပုံစံအမျိုးမျိုး ရွေးချယ်နိုင်ကာ Ranning Mode အပါအဝင် SUV နှင့် Sport ဒီဇိုင်း နှစ်မျိုး ပေါင်းစပ်ထုတ်လုပ်ထားသည့်ကားဖြစ်သည်။

”E-Pace က အရင် F-Type လို Sport ဆန်တဲ့ပုံစံနဲ့ တူညီပြီး F-Pace ကားအမျိုးအစားထက် ပိုသာတဲ့ အရည်အချင်းတွေရှိပါတယ်၊Jaguar ရဲ့ အမိုက်စား SUV ကားအမျိုးအစားလည်း ဖြစ်ပါတယ်”ဟု Jaguar ၏ ဒီဇိုင်နာ Mr.Ian Callum က ပြောသည်။

Jaguar E-Pace ၊ E-Pace R Dynamic ကားအမျိုးအစား နှစ်ခုစလုံးကို S ၊ SE ၊ HSE စသည့် ဂရိတ်များဖြင့် စက်စွမ်းရည်အဆင့် ငါးမျိုး ရွေးချယ်နိုင်အောင် ထုတ်လုပ်ပေးထားသည်။

”Capital Automotive ကုမ္ပဏီကနေ အဂင်္လန်နိုင်ငံမှာ ကားထုတ်လုပ်တဲ့သက်တမ်း နှစ် ရှစ်ဆယ်ကျော်ရှိပြီဖြစ်တဲ့ Jaguar ကားတွေကို မြန်မာနိုင်ငံတစ်ဦးတည်း ကိုယ်စားလှယ်အနေနဲ့ ၂ဝ၁၄ ခုနှစ်ကတည်းက တင်သွင်းထားခဲ့ပါတယ်၊ အသစ်မိတ်ဆက်လိုက်တဲ့ Jaguar New E-Pace ဟာဆိုရင်လည်း ခံ့ညားမှုရှိတဲ့ကားအမျိုးအစား ဖြစ်ပါတယ်၊ နိုင်ငံအသီးသီး မှာ SUV ကားတွေ ရောင်းအားကောင်းနေသလို Jaguar New E-Pace ကိုလည်း မြန်မာနိုင်ငံလမ်းစနစ်နဲ့ ကိုက်ညီမှုရှိတဲ့အတွက် တင်သွင်းရောင်းချတာဖြစ်ပါတယ်” ဟု ‘Jaguar Land Rover Capital Automotive Co.,ltd ‘ Marketing Manager ကိုညိုသွေးက ဆိုသည်။

Jaguar New E-Pace ကို အမေရိကန်ဒေါ်လာ ရှစ်သောင်းခွဲမှ ၁၁ဝ,ဝဝဝ အတွင်း ဝယ်ယူနိုင်ပြီး အရောင်ရှစ်မျိုးဖြင့် ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here