ရန်ကုန်၊ မေ
၂ဝ၁၈ မိုဒယ် Jaguar E-Pace ကားအမျိုးအစားသစ်ကို မေ ၂၆ ရက်မှ စတင်၍ ပြည်တွင်းစျေးကွက်အတွင်း မိတ်ဆက်ရောင်းချပေးမည် ဖြစ်ကြောင်း Capital Automotive Ltd မှ သိရသည်။
Jaguar E-Pace ကားသည် Compact SUV ကားအမျိုးအစားဖြစ်ပြီး အင်ဂျင်ပါဝါ ၂ဝဝဝ စီစီ၊ 8 Speed Auto ၊ ဓာတ်ဆီအင်ဂျင် တပ်ဆင်ထားသော ငါးယောက်စီး ကားအမျိုးအစားဖြစ်သည်။ ကားအတွင်းခန်းတွင် Round Airbag ပါဝင်ပြီး ABS ၊ Adaptive Dynamic Suspension System များ ပါဝင်ကြောင်း သိရသည်။ Dynamic Mode ၊ Comfort Mode ၊ Eco Mode စသည့် မောင်းနှင်မှုပုံစံ သုံးမျိုးနှင့် Raining Mode တို့ အပါအဝင် SUV နှင့် Sport ဒီဇိုင်းနှစ်မျိုးတို့ ပေါင်းစပ်ထုတ်လုပ်ထားခြင်းဖြစ်သည်။
Jaguar E-Pace ကားအမျိုးအစားသစ်ကို S ၊ SE ၊ HSE စသည့် ဂရိတ်သုံးမျိုးဖြင့် ဝယ်ယူနိုင်ပြီး လက်ရှိတွင် Pre Order များ လက်ခံနေပြီဖြစ်ကြောင်း သိရသည်။ Jaguar E-Pace ကို Jaguar Myanmar Showroom တွင် ယခုလ ၂၆ ရက်မှစ၍ ရောင်းချပေးမည် ဖြစ်ပြီး ကားတန်ဖိုးမှာ ပါဝင်သည့် ဂရိတ်နှင့် Feature များအပေါ်မူတည်ကာ အမေရိကန် ဒေါ်လာ တစ်သိန်းမှ ၁၃ဝ,ဝဝဝ ကြား ကျသင့်မည် ဖြစ်ကြောင်း သိရသည်။
ဆန်းသစ်အောင်