၂ဝ၁၈   ခုနှစ်  နှစ်ကုန်မှစ၍    ယာဉ်အို/ဟောင်း   အစားထိုးစလစ်ကပ်တင်သွင်းမှုစနစ်   ဖျက်သိမ်းဖွယ်   ရှိ

1402

၂ဝ၁၈ ခုနှစ် နှစ်ကုန်မှစ၍ ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုးစလစ်ကပ် တင်သွင်းမှုစနစ်ကို ဖျက်သိမ်းဖွယ် ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

လွတ်လပ်စွာ မော်တော်ယာဉ် တင်သွင်းခွင့် စတင်ခွင့်ပြုခဲ့သည့် ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလမှစ၍ ယာဉ်အို၊ ယာဉ်ဟောင်းအစားထိုး စလစ်ကပ်တင်သွင်းမှုစနစ်ကို စ တင်ခဲ့ရာ ထိုအချိန်က အက္ခရာ တစ်ခုချင်းစီအလိုက် အပ်နှံခွင့်ပေး ခဲ့သည်။ ယင်းသို့ အက္ခရာတစ်ခုချင်း စီ အပ်နှံခွင့်ပေးခဲ့ရာမှ ‘၂က’ အက္ခရာနောက်ပိုင်းမှစ၍ သက်တမ်းနှစ် နှစ်ဆယ်ပြည့်သည့် ကားတိုင်းကို အပ်နှံခွင့်ပြုခဲ့သည်။ ထို့ပြင် လေလံကားများ၊ စက်မှုဇုန်ကားများ၊ တိုက်ကြေကားများ၊ အငှားယာဉ် များနှင့် ဘတ်စ်များကိုလည်း သက်တမ်းအလိုက်၊ စည်းမျဉ်းအလိုက် အပ်နှံခွင့်ပေးခဲ့သည်။

 

”၂ဝ၁၈ ခုနှစ်ကုန်ရင် ယာဉ် အို၊ ယာဉ်ဟောင်းအပ်နှံတဲ့စနစ်ကို ပယ်ဖျက်ဖို့အတွက် အရင်အစိုးရ လက်ထက်ကတည်းက ဆွေးနွေးခဲ့ တာတွေ ရှိပါတယ်၊ စလစ်ကပ်စနစ် ကို အားလုံးဖျက်သိမ်းမလား၊ ယာဉ် တချို့တစ်ဝက်ကို အစားထိုးတင် သွင်းခွင့်ပေးတဲ့စနစ်နဲ့ ဆက်ပြီးခွင့် ပြုပေးဦးမလားဆိုတာတော့ မသိရ သေးပါဘူး”ဟု ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်က မော်တော်ယာဉ် တင်သွင်းခြင်းများ အတွက် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ က မော်တော်ယာဉ်တင်သွင်းခြင်း ဥပဒေကြမ်းကို ရေးဆွဲခဲ့ကြရာ လာ မည့် ၂ဝ၁၈ ခုနှစ်မှစ၍ ဘယ်မောင်း ကားများကိုသာ တင်သွင်းခွင့်ပေး မည်ဖြစ်ကြောင်း ပါဝင်ခဲ့သလို ၂ဝ၁၈ ခုနှစ် နှစ်ကုန်တွင်လည်း စလစ် ကပ်တင်သွင်းမှုစနစ်ကို ပယ်ဖျက် မည်ဖြစ်ကြောင်းလည်း ပါဝင်ခဲ့ သည်။ ထို့ပြင် ကားသစ်များ တင် သွင်းသုံးစွဲမှု များလာစေရန်နှင့် ပြည်တွင်း ကားထုတ်လုပ်သည့် လုပ်ငန်းများ တိုးတက်လာစေရန် အတွက် နှစ်အလိုက် မော်တော် ယာဉ်တင်သွင်းခွင့်များကို ကန့်သတ် ခဲ့ရာ ၂ဝ၁၉ ခုနှစ်မှစ၍ ရောက်ရှိ မိုဒယ်၏ သုံးနှစ်အတွင်း ဘယ်မောင်း ကားများကိုသာ တင်သွင်းခွင့်ပေးဖွယ် ရှိကြောင်းလည်း သိရသည်။

ကိုဖြိုး

 

LEAVE A REPLY

Please enter your comment!
Please enter your name here