လာမည့် ၂ဝ၁၈ ခုနှစ်အတွက် ကားတင်သွင်းခွင့်မူဝါဒကို ထုတ်ပြန်ထားပြီးဖြစ်၍ မူဝါဒအသစ်ဖြင့် ပါမစ်လျှောက်ထားခြင်းကို ဇန်နဝါရီ ၁ ရက်မှစ၍ ခွင့်ပြုပေးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ယခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ၂ဝ၁၈ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒကို တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်၍ မူဝါဒအသစ်ဖြင့် မော်တော်ယာဉ်တင်သွင်းခွင့် ပါမစ်လျှောက် ထားခြင်းကို ၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
”စက်တင်ဘာ ၁၇ ရက်မှာ နိုင်ငံပိုင်သတင်းစာတွေကနေတစ်ဆင့် လာမယ့်နှစ်ရဲ့ မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒသတ်မှတ်ချက်ကို ကြေညာထားပြီး ဖြစ်ပါတယ်၊ ဒါကြောင့် ၂ဝ၁၈ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ပါမစ် လျှောက်ထားခွင့်ကို ဇန်နဝါရီ ၁ ရက်ကစပြီး လက်ခံဆောင်ရွက်ပေး မှာ ဖြစ်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လာမည့်နှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ်လျှောက်ထားရာတွင် ဖရီးပါမစ်ကားများကို ၂ဝ၁၆ မိုဒယ်မှ ၂ဝ၁၈ မိုဒယ် ဘယ်မောင်းကားများသာ တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး ယာဉ်အို/ဟောင်း အစီအစဉ်ဖြင့် တင်သွင်းမည့်ကားများကို ၂၁ဝ၄ မိုဒယ်မှ ၂ဝ၁၈ ခုနှစ်မိုဒယ်အတွင်း ဘယ် မောင်းကားများသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ဆန်းသစ်အောင်