၂ဝ၁၇ Latest Model Peugeot  ကားသစ်  စျေးကွက်အတွင်း  စတင်မိတ်ဆက်

598

ရန်ကုန်၊ မတ်

Peugeot  ၏ 2017 Latest Model Peugeot ကားသစ်ကို စျေးကွက် အတွင်း စတင်မိတ်ဆက်ရောင်းချ နေပြီ ဖြစ်ကြောင်း သိရသည်။

2017 Latest Model Peugeot 5008 သည် SUV ကား အမျိုးအစားဖြစ်ပြီး 1.6 L THP Turbo High Pressure I$ Engine ဓာတ်ဆီအင်ဂျင်နှင့် 6 – Speed Auto Gear Box တို့ကို တွဲဖက်တပ်ဆင်ထားသည်။ ကား အပြင်ပိုင်း အပြင်အဆင်တွင် လေခွင်းအား ကောင်းစွာတုံ့ပြန်နိုင်သည့် Aerodynamic Design ဖြင့် ပြုလုပ်ထားသည်။ အရှေ့ဘက်တွင် Grille Design ပုံစံတွေ့မြင်နိုင်ပြီး Xenon Headlamp မီးသီး နှစ်လုံးပါဝင်သည့် ရှေ့မီးကြီးကို လှပစွာပုံဖော်ထားသည်။ LED Daytime Running Light ၊ နှင်းခွဲမီး များလည်း တပ်ဆင်ထားသည်။ အနောက်ဘက်တွင် LED Brake Lamp များ ပါဝင်ပြီး Peugeot မူပိုင်ဖြစ်သည့် ခြသေင့်္လက်သည်း သကေင်္တကို တွေ့မြင်နိုင်မည် ဖြစ်သည်။ ကားအတွင်းပိုင်းကို Premium Leather အမျိုးအစား တပ်ဆင်ထားပြီး အရှေ့ဘက်ထိုင်ခုံနှစ်လုံးမှာ အပူ/ အအေးစနစ်နှင့် Massage စနစ်ပါရှိမည်ဖြစ်သည်။

ခုနစ်ယောက်စီး ကားအမျိုးအစားဖြစ်ပြီး Panoramic View Sunroof  ၊ USB ၊ Bluetooth ၊ Wireless Charger တို့ပါဝင်မည် ဖြစ်သည်။ စပီကာ ကိုးလုံးပါဝင်ပြီး Focal Hi-Fi Sound System ၊ I-Cockpit System များ ပါဝင်မည်ဖြစ်သည်။

2017 Latest Model Peugeot 5008 ကားသည် လုံခြုံရေး အဆင့်မြင့်မားပြီး ခေတ်မီနည်းပညာများ အသုံးပြုထားသည်။ လုံခြုံရေးအတွက် လေအိတ်ခြောက်လုံး၊ Active Brake System ၊ Blind Spot Monitor ၊ LDWS ၊ Adaptive Cruise Control ၊ အရှေ့/ အနောက် မြင်ကွင်းကို ကောင်းစွာမြင်နိုင်သော ကင်မရာ၊ Driver Attention Warning ၊ Recommand Speed Display တို့ ပါဝင်မည်ဖြစ် သည်။

2017 Latest Model Peugeot 5008 SUV ကားအမျိုးအစားသစ်ကို အမေရိကန်ဒေါ်လာ ၇၈,၉ဝဝ ဝန်း ကျင်ဖြင့် ဝယ်ယူနိုင်ပြီး သုံးနှစ်၊ သို့ မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံပေးထားကြောင်း Peugeot Myanmar မှ သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here