၂ဝ၁၇ ခုနှစ်  တစ်နှစ်တာအတွင်း   လေးလုံးပူးနံပါတ်နှင့်   ယာဉ်ပိုင်ရှင်စိတ်ကြိုက်နံပါတ် ရောင်းချရမှုတို့မှ  ကျပ်သိန်းပေါင်း  သုံးသောင်းကျော်  ကောက်ခံရရှိခဲ့

751

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ထောက်ကြန့် ကနဦးမှတ်ပုံတင်ဌာနတွင် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လေးလုံးအပူးနံပါတ်နှင့် ယာဉ် ပိုင်ရှင်စိတ်ကြိုက်နံပါတ်ရောင်းချရမှုမှ ကျပ်သိန်းပေါင်း သုံးသောင်းကျော် ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

 

ထောက်ကြန့် ကနဦးမှတ်ပုံတင်ဌာနမှ ယာဉ်ပိုင်ရှင်စိတ်ကြိုက်နံပါတ် ရောင်းချရာတွင် ၂ဝ၁၇ ခုနှစ်အတွင်း လေးလုံးပူးနံပါတ်များ ရောင်းချရမှုမှ ကျပ်သိန်းပေါင်း ၄,၄ဝ၆ သိန်းနှင့် ယာဉ်ပိုင်ရှင် စိတ်ကြိုက်နံပါတ် ရွေးချယ်မှုမှ ကျပ်သိန်းပေါင်း ၃၄,၇၅၈ သိန်း ရရှိခဲ့ကြောင်း သိရသည်။

 

ထောက်ကြန့် ကနဦးမှတ်ပုံတင်ဌာန၏ ၂ဝ၁၇ ခုနှစ်အတွင်း လေးလုံးပူးနံပါတ်များနှင့် ယာဉ်ပိုင်ရှင်စိတ်ကြိုက် နံပါတ်ရောင်းချမှုစာရင်းအရ ဇန်နဝါရီလတွင် ကျပ် ၃,၇၄၅ သိန်း၊ ဖေဖော်ဝါရီလတွင် ကျပ် ၃,၁၃၁ သိန်း၊ မတ်လတွင် ကျပ် ၈,၅၉၁ သိန်း၊ ဧပြီလတွင် ကျပ် ၁,၂၇၂ သိန်း၊ မေလတွင် ကျပ် ၁,၉၉၅ သိန်း၊ ဇွန်လတွင် ကျပ် ၁,၈၆၄ သိန်း၊ ဇူလိုင်လတွင် ကျပ်သိန်း ၁၉၅ဝ ၊ သြဂုတ်လတွင် ကျပ်သိန်း ၃,ဝ၉ဝ၊ စက်တင်ဘာလတွင် ကျပ် ၂,၇၂၃ သိန်း၊ အောက်တိုဘာလတွင် ကျပ် ၃,၁၈၆ သိန်း၊ နိုဝင်ဘာလတွင် ကျပ် ၃,၄၅၈ သိန်း နှင့် ဒီဇင်ဘာလတွင် ကျပ် ၃,၆၆၄ သိန်း ရရှိခဲ့ကြောင်း သိရသည်။

 

၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ တွင် 9M ရောက်ရှိနေပြီး ဖေဖော်ဝါရီလတွင် 1N ၊ မတ်လတွင် 2N  နှင့် 3N ၊ ဧပြီလနှင့် မေလတွင်  4N ၊ ဇွန်လနှင့် ဇူလိုင်လတွင်  5N နှင့် 6N ၊ သြဂုတ်လနှင့် စက်တင်ဘာလတွင် 7N နှင့် 9N ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလ တွင် 1P နှင့် 2P ၊ ဒီဇင်ဘာလတွင် 3P အက္ခရာများကို ထုတ်ပေးခဲ့ကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here