၂ဝ၁၇   ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး ကညနရုံးများ၌ တိုက်ကြေကားများအပါအဝင် ယာဉ်အို/ဟောင်း    အစီးရှစ်ထောင်ကျော် အပ်နှံ

920

ရန်ကုန်၊ ဇန်နဝါရီ

၂ဝ၁၇ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး ကညနရုံးများ၌ တိုက်ကြေကားများအပါအဝင် ယာဉ်အို၊ ယာဉ်ဟောင်း အစီးရှစ်ထောင်ကျော် အပ်နှံခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့်နှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး ကညနရုံးများ၌ တိုက်ကြေကားများ အပါအဝင် ဘတ်စ်၊ စက်မှုဇုန်ကား၊ လူစီးကား၊ ပစ်ကပ်၊ တက္ကစီနှင့် လေလံယာဉ်စသည့် အပ်နှံခွင့်ရသည့်ကားများကို အပ်နှံခွင့်ပြုခဲ့ရာ အစီး ၈,၆ဝဝ ကျော် အပ်နှံခဲ့ကြောင်း သိရသည်။

 

ယာဉ်အို၊ ယာဉ်ဟောင်းများလအလိုက် အပ်နှံမှုစာရင်းများအရ ဇန်နဝါရီလတွင် ၃၈၆ စီး၊ ဖေဖော်ဝါရီလတွင် ၆၂၂ စီး၊ မတ်လတွင် ၁,၁၇၃ စီး၊ ဧပြီလတွင် ၂၁၇ စီး၊ မေလတွင် ၄၆၆ စီး၊ ဇွန်လတွင် ၁,ဝ၆၉ စီး၊ ဇူလိုင်လတွင် အစီး ၄၃ဝ၊ သြဂုတ်လတွင် ၅၈၇ စီး၊ စက်တင်ဘာလတွင် ၅၂၇ စီး၊ အောက်တိုဘာလတွင် ၇၉၂ စီး၊ နိုဝင်ဘာလတွင် ၉ဝ၁ စီးနှင့် ဒီဇင် ဘာလတွင်အစီး ၁,၄၃ဝ အပ်နှံမှုရှိ ကြောင်း သိရသည်။

 

ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံပြီး အစားထိုးယာဉ် တင်သွင်းခွင့်ပေးသည့်မူဝါဒကို ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလမှ စတင်ခွင့်ပြုခဲ့ရာ ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလအထိ အစီး ၁၁၁,ဝ၇ဝ အပ်နှံခဲ့ကြောင်း သိရသည်။ ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံပြီး အစားထိုးယာဉ်တင်သွင်းခွင့်မူဝါဒကို ယခုနှစ်ကုန်အထိ ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ရာ ဇန်နဝါရီ ၁ ရက်မှစ၍ သက် တမ်းနှစ်နှစ်ဆယ်ပြည့် ၁၉၉၈ မိုဒယ်ကားများကိုလည်း အပ်နှံခွင့်ပြုနေ ကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here