၂ဝဝ၆ မိုဒယ်နှင့်အောက် Consignment လက်ကျန်ကားများကို ECC ထံ မအပ်နှံပါက ဖျက်သိမ်းစာရင်း ကြေညာမည်

947

ရန်ကုန်၊ မေ

၂ဝဝ၆ မိုဒယ်နှင့်အောက် Consignment လက်ကျန်ကားများကို ကျပ်သိန်း ၃ဝ၊ ကျပ်သိန်း ၆ဝ ပေးသွင်းပြီး ဝယ်ယူခွင့်ပါမစ် ထုတ်ပေးခဲ့ရာ သတ်မှတ်ကာလအတွင်း ပါမစ်မလျှောက်ထားသောကားများ ကို ECC ထံအပ်နှံရမည်ဖြစ်ပြီး မအပ်နှံပါက ဖျက်သိမ်းစာရင်းကြေညာမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ကားအရောင်းစင်တာများမှ တင်သွင်းထားသည့် ၂ဝဝ၆ မိုဒယ် နှင့်အောက် Consignment လက်ကျန်ကားများကို ရှင်းထုတ်ရန်အတွက် ပြီးခဲ့သည့်နှစ် ဇွန်လမှ အောက်တိုဘာလကုန်အထိ စလစ်ကပ်ရန်မလိုဘဲ ကညနထံ ကျပ် သိန်း ၃ဝ/၆ဝ ပေးသွင်းပြီး ဝယ်ယူခွင့်ပါမစ်လျှောက်ခွင့်ပြုခဲ့သည်။ ထိုသို့ခွင့်ပြုခဲ့ရာတွင် သတ်မှတ်ကာလအတွင်း ပါမစ်မလျှောက်ဘဲ ကျန်ရှိနေသောကားများကို ECC ထံ အပ်နှံခိုင်းပြီး အပ်နှံခြင်းမပြုပါက ဖျက်သိမ်းစာရင်းသွင်းမည်ဖြစ်ကြောင်း သိရသည်။

”၂ဝဝ၆ မိုဒယ်နဲ့အောက် Consignment လက်ကျန်ကားတွေကို ကျပ်သိန်း ၃ဝ/၆ဝ ပေး သွင်းပြီး ပါမစ်လျှောက်ခွင့်ပြုခဲ့ပါတယ်။ သတ်မှတ်ကာလအတွင်းမှာ ပါမစ်မလျှောက်ခဲ့တဲ့ကားတွေကို  အရောင်းစင်တာတွေမှာ ရှိ/မရှိဆို တာ မြေပြင်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ကားတွေကို ECC ထံ အပ်နှံရမှာ ဖြစ်ပါတယ်။ ကားအရောင်းစင်တာတွေက ကြိုရောင်းထားပြီး အရောင်းစာရင်း မဖော်ပြနိုင်တဲ့ကားတွေကိုတော့ ဖျက်သိမ်းစာရင်းကြေညာမှာ ဖြစ်ပါတယ်”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် အရောင်းစာရင်းတင်ရန် ၂ဝဝ၆ မိုဒယ်နှင့် အောက် Consignment လက်ကျန်ကားအစီး ၈ဝဝ ကျော် ရှိခဲ့ရာ ထိုကားများကို ကျပ်သိန်း ၃ဝ/၆ဝ အစီအစဉ်ဖြင့် ဝယ်ယူခွင့်ပါမစ် လျှောက်ထားခွင့်ပြုခဲ့သည်။ ထိုသို့ ခွင့်ပြုခဲ့ရာတွင် သတ်မှတ်ကာလအတွင်း စာရင်းတင်ပြခဲ့သည့် ကားအစီး ၆ဝ၁ စီးရှိပြီး ကညနတွင် ၅ဝ၁ စီး ငွေပေးသွင်းထားပြီးဖြစ် သည်။ ၂ဝဝ၆ မိုဒယ်နှင့်အောက် လက်ကျန်ကားများထဲမှ အစီး ၂ဝဝ ကျော်မှာ ဝယ်ယူခွင့်ပါမစ် လျှောက်ထားခြင်းမရှိခဲ့၍ ထိုကားများကို ECC ထံ အပ်နှံရမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

”စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ ၂ဝဝ၆ မိုဒယ်နဲ့အောက် Consignment လက်ကျန်ကားတွေကို ဖြေလျော့မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ သတ်မှတ်ကာလအတွင်း စာရင်းမတင်ခဲ့တဲ့ကားတွေကို ဖျက်သိမ်းမယ်ဆိုတာလည်း အစောကတည်းက ကြေညာထားပြီး ဖြစ်ပါတယ်။ ထပ်မံဖြေလျော့ပေးမယ်ဆိုရင် ကားအရောင်းစင်တာတွေကို မြေပြင်စစ်ဆေးပြီး မျက်မြင်ရှိတဲ့ကားတွေကိုတော့ စလစ်ကပ်စနစ် နဲ့ ဝယ်ယူခွင့်ပါမစ်ခွင့်ပြုပေးသင့်ပါတယ်”ဟု မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် တင်သွင်းဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း(ရန်ကုန်) ဥက္ကြ ကိုမင်းမင်းမောင်က ဆိုသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here