၁၉၉၈  မိုဒယ်နှင့်အောက်  ဘတ်စ်များကို  အို/ဟောင်းအပ်နှံ၍  လူစီးစလစ် ထုတ်ယူခွင့်ပြုခဲ့ရာ  အစီး  ၁၄ဝ  ကျော်  လာရောက်အပ်နှံ

819

၁၉၉၈ မိုဒယ်နှင့်အောက် ဘတ်စ်များကို အို/ဟောင်းအပ်နှံ၍ လူစီးစလစ် ထုတ်ယူခွင့်ပြုခဲ့ရာ အစီး ၁၄ဝ ကျော် လာရောက်အပ်နှံထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

YBS ခရီးသည်တင် ယာဉ်လိုင်းများအတွင်း ပြေးဆွဲနေသည့် ၁၉၉၆၊ ၁၉၉၇၊ ၁၉၉၈ မိုဒယ် ဘတ်စ်အစီး ၃၂ဝ နေရာတွင် ယာဉ်အသစ်များဖြင့် အစားထိုးပြေးဆွဲရန်အတွက် အဆိုပါယာဉ် များကို အို/ဟောင်းအပ်နှံ၍ လူစီး စလစ်ထုတ်ယူခွင့်ပြုခဲ့ရာ လက်ရှိ အချိန်အထိ ၁၄၇ စီး အို/ဟောင်းအပ်နှံ၍ လူစီးစလစ်ထုတ်ယူထားပြီး ဖြစ်ကြောင်း သိရသည်။

 

”တစ်ရက်ကို အစီးသုံးဆယ်ကျော်လောက် လာအပ်ကြပါတယ်၊ ခွင့်ပြုထားတဲ့ အစီးသုံးရာကျော်မှာ အစီးတစ်ရာကျော်လောက်အပ်ဖို့ ကျန်နေသေးတယ်၊ အရင်က အို/ ဟောင်းအပ်ပြီး လူစီးစလစ် ထုတ်ယူခွင့် ပြုထားတဲ့ ၁၉၉၅ မိုဒယ်နဲ့အောက် ဘတ်စ်ထဲမှာလည်း  အစီးတစ်ရာကျော် အပ်နှံဖို့ ကျန်နေသေးတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးခွဲ ရွာသာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

YBS ခရီးသည်တင် ယာဉ်လိုင်းများတွင် ပြေးဆွဲနေသည့် ယာဉ်အဟောင်းများနေရာ၌ ယာဉ်အသစ်များဖြင့် အစားထိုး ပြေးဆွဲရန်အတွက် ၁၉၉၅ မိုဒယ်နှင့် အောက် CNG အသုံးပြုခရီးသည် တင်ယာဉ်များအပ်နှံ၍ လူစီးစလစ်ထုတ်ယူခြင်းကို ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ခွင့်ပြုခဲ့သည်။ အပ်နှံခွင့်ပြုသည့် အစီးရေ ၃,၃၈၆ စီးတွင် ၃,၂၃၉ စီး အို/ဟောင်းအပ်နှံ၍ လူစီးစလစ် ထုတ်ယူထားပြီးဖြစ်သည့်အတွက် ၁၄၇ စီးသာ အို/ဟောင်းအပ်နှံ၍ လူစီးစလစ် ထုတ်ယူရန်ကျန်ရှိကြောင်း သိရသည်။

ကြည်ပြာ၊ ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here