၁၉၉၈ မိုဒယ်နှင့်အောက် ခရီးသည်တင်ယာဉ် CNG ဘတ်စ်များ မတ်လ နောက်ဆုံးထားအပ်နှံမှသာ လူစီးစလစ် ထုတ်ပေးမည်

690

ရန်ကုန်၊ မတ်
၁၉၉၈ မိုဒယ်နှင့်အောက် CNG အသုံးပြု ခရီးသည်တင်ယာဉ်ဘတ်စ် များကို မတ်လ နောက်ဆုံးထား အပ်နှံမှသာ လူစီးစလစ် ထုတ်ပေး မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့မှ သိရသည်။

ယခုလ ဒုတိယပတ်အတွင်း ပြုလုပ်ခဲ့သည့် YRTA မှ တာဝန်ရှိ သူများနှင့် ယာဉ်လိုင်းပိုင်ရှင်များ တွေ့ဆုံခဲ့သည့် အစည်းအဝေးတွင် ခရီးသွားပြည်သူများကို ယခုထက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ယာဉ်အို/ ဟောင်းများဖြစ်သည့် ၁၉၉၈ မို ဒယ်နှင့်အောက် ခရီးသည်တင် ယာဉ်ဘတ်စ်များအား မတ်လကုန်တွင် လုပ်ငန်းလိုင်စင် ဖျက်သိမ်းမည်ဖြစ်ပြီး ထိုကားများကို ယခုလ အတွင်းအပ်နှံမှသာ လူစီးစလစ် ထုတ်ပေးမည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ယာဉ်ပိုင်ရှင်များအား အသိပေးခဲ့ကြောင်း သိရသည်။

”အပ်နှံခွင့်ပြုထားတဲ့ ၁၉၉၆၊ ၁၉၉၇၊ ၁၉၉၈ မိုဒယ် ခရီးသည်တင် ယာဉ်တွေကို ဒီလထဲမှာအပ်နှံမှ လူစီးစလစ် ထုတ်ပေးမယ်လို့ ပြော သွားပါတယ်၊ မတ်လနောက်ပိုင်းမှ အပ်နှံရင် လူစီး စလစ်မထုတ်ပေး ဘူးလို့ YRTA တာဝန်ရှိသူတွေက ယာဉ်လိုင်းပိုင်ရှင်တွေကို အသိပေး သွားပါတယ်၊ နောက်ပြီး ခရီးသည် တွေကို ကောင်းမွန်တဲ့ဝန်ဆောင် မှုတွေပေးဖို့နဲ့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံဖို့ ပြောသွားပါတယ်”ဟု Power Eleven Co., Ltd. မှ ကိုတရုတ်လေးက ပြောသည်။

လက်ရှိတွင် ၁၉၉၆၊ ၁၉၉၇၊ ၁၉၉၈ မိုဒယ် ခရီးသည်တင်ဘတ်စ် အစီးရေ ၃၆၅ စီးကို အပ်နှံခွင့်ပြုထားပြီး လူစီးစလစ် ထုတ်ပေးလျက် ရှိရာ အစီးသုံးရာကျော်လာရောက် အပ်နှံထားပြီး ဖြစ်ကြောင်း သိရသည်။
ဆန်းအောင်၊ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here