၁၁ လအရွယ် သားဖြစ်သူအတွက် အသေးစား Rolls-Royce အရုပ်ကားကိုနာမည်ကြီးDJ ပညာရှင် Khaled လက်ဆောင်ပေး

648

နာမည်ကျော် အမေရိကန်DJ  ပညာရှင် Khaled  သည် ၁၁ လ အရွယ်သားဖြစ်သူအတွက် အထူး ဖန်တီးထားသည့် အသေးစား Rolls-Royce  အရုပ်ကားတစ်စီး ကို ပထမဦးဆုံး ကားလက်ဆောင် အဖြစ်ပေးခဲ့ကြောင်း စက်တင်ဘာ ၂၆ ရက်တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့ သည်။

အသက် ၄၁ နှစ်အရွယ် DJ Khaled က ၎င်းလက်ဆောင် ပေးထားသည့် Rolls-Royce အရုပ်ကားပေါ်တွင် သားဖြစ်သူ Asahd ပျော်ရွှင်မြူးထူးစွာ ထိုင်စီးနေပုံကို ဗီဒီယိုမှတ်တမ်းတင် ရိုက်ကူး၍ ၎င်း၏အင်စတာဂရမ် စာမျက်နှာပေါ်၌ ဖော်ပြထားသည်။ ဇိမ်ခံကားပုံစံတူ ယင်း ဖြူပြာရောင်အသေးစား Rolls-Royce ကားလေးကို အပြာ ရောင်နှင့်အနီရောင် ရှေ့မီးများ တပ်ဆင်ပေးထားသလို စတီရီယိုအသံထွက်စနစ်၊ မီးကြီးများ အပြင် ‘Asahd ‘အမည်ဖြင့် လိုင်စင်နံပါတ်ပြားကိုပါ တပ်ဆင်ပေးထားသည်။ Asahd က လက်တစ်ဖက်ကို ကားစတီယာ ရင်ပေါ်တင်၍ ကျန်တစ်ဖက်အား ကားတံခါးပေါင်ပေါ်တင်ကာ စတိုင်လ်ကျကျ စီးနင်းပျော် ရွှင်နေပုံကို ဖခင်ဖြစ်သူ DJ Khaled က ကြည့်ရှုပြီး လွန်စွာ သဘောကျလျက် ရှိသည်။အောင်မြင်ကျော်ကြားသည့် ဖခင် ဖြစ်သူကြောင့် အခြားကလေး ငယ်များနှင့်မတူသည့် လူမှုဘဝကို ရရှိထားသူ Asahd ၏ ပရိသတ်မှာ ဖခင် DJ Khaled တစ်ဦးတည်း မဟုတ်ဘဲ ၎င်း၏အင်စတာဂရမ် တွင်လည်း ၎င်းကိုချစ်ခင်သည့် Follower တစ်သန်းခွဲ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

DJ Khaled သည် လေယာဉ်စီးရန် ကြောက်ရွံ့သွားပြီး ၁၀ နှစ်ကြာ လေယာဉ်မစီးဘဲနေခဲ့ရာမှ သားငယ်ဖြစ်သူ Asahd ကြောင့် လေယာဉ်စီးရဲသည့် သတ္တိများ ရရှိခဲ့သည်ဟုဆိုသည်။ သားဖြစ်သူကို ပေါင်ပေါ်တင် ထားလျှင် ကြောက်ရွံ့မှုများကို ကျော်လွှားနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

 

Ref: Daily Mail

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here