၁၁၂ နှစ်သက်တမ်းရှိ ကားနံပါတ်ပြား ပေါင်နှစ်သိန်းခွဲနီးပါး လေလံတင်ရောင်းချရ

539

နှစ်ပေါင်း ၁၁၂ နှစ် သက်တမ်းရှိ ယာဉ်လိုင်စင်နံပါတ်ပြား တစ်ခုကို ရှေး ဟောင်းပစ္စည်းများအား ဝယ်ယူစု ဆောင်းသူတစ်ဦးက ပေါင်နှစ်သိန်း ခွဲနီးပါးဖြင့် လေလံဆွဲ ဝယ်ယူသွား ခဲ့ကြောင်း ဇူလိုင် ၅ ရက်တွင် The Sun သတင်းစာက ရေးသား ဖော်ပြခဲ့သည်။

AJ1 ယာဉ်နံပါတ်ပြား၏မူလ ပိုင်ရှင်မှာ North Yorkshire ရဲတပ်ဖွဲ့ အကြီးအကဲ Sir Robert Bowyer ဆိုသူဖြစ်ပြီး ၁၉ဝ၇ ခုနှစ် တွင် သူအသုံးပြုခဲ့သည့် ရဲကား၌ တပ်ဆင်အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ထို့နောက်ပိုင်းတွင် အဆိုပါ ကားနံပါတ်ပြားကို North Yorkshire  ရဲဌာနမှ ကားများတွင် တပ် ဆင်ခဲ့ပြီး ရဲတပ်ဖွဲ့အတွက် ရန်ပုံငွေ ရရှိရန် ဇွန် ၂၇ ရက်က ပြုလုပ်သော Wilsons Auctions Belfast လေလံတင်ပွဲ၌ ရောင်းချခဲ့ခြင်း ဖြစ်သည်။ သက်တမ်း ၁၁၂ နှစ်ရှိ အဆိုပါကားနံပါတ်ပြားကို ရှေးဟောင်းဝါသနာရှင်တစ်ဦးက ပေါင် ၂၄၃,ဝဝဝ ပေးကာ အမြင့်ဆုံးစျေး ဖြင့် လေလံအောင်မြင်ခဲ့သည်။ ရရှိ လာသည့် လေလံတင်ရောင်းချငွေ ကို North Yorkshire  အထိမ်းအ မှတ်ပန်းခြံ တည်ဆောက်ရေးနှင့်ဒေသတွင်းအဖွဲ့အစည်းများ ထောက်ပံ့ရေးလုပ်ငန်းများတွင် သုံးစွဲသွားမည် ဖြစ်သည်။

  Ref:The Sun

LEAVE A REPLY

Please enter your comment!
Please enter your name here