၁ဝ လကြာ ရပ်နားထားရသည့် Yangon Water Bus သြဂုတ် ၁ ရက်တွင် ပြန်လည် ပြေးဆွဲမည်

132

 

ရန်ကုန်၊ ဇူလိုင် ၂၈
ရန်ကုန်မြစ်အတွင်း ရေကြောင်းပြေး ဆွဲလုပ်ကိုင်ခွင့်ရရှိထားသော Yangon Water Bus သည် ၁ဝ လ ကြာ ရပ်နားထားရပြီးနောက် သြဂုတ် ၁ ရက်တွင် ပြန်လည်ပြေးဆွဲ မည်ဖြစ်ကြောင်း သိရသည်။

ကနဦးအနေဖြင့် ဆာပါချောင် ဆိပ်ကမ်းမှ လမ်းသစ်ဆိပ်ကမ်း ခရီးစဉ်ကို ပြေးဆွဲမည်ဖြစ်ပြီး ပြန် လည်ဖွင့်လှစ်သည့် အထိမ်းအမှတ်အနေဖြင့် သြဂုတ် ၁ ရက်တွင် အခမဲ့စီးနင်းခွင့်ပြုမည်ဖြစ်ကာ Mask တပ်ဆင်သူများသာ စီးနင်းခွင့်ရရှိ မည်ဖြစ်ကြောင်း သိရသည်။

“Water Bus ပြန်လည်ပြေး ဆွဲချိန်မှာ အရင်လိုအရှုံးခံပြီး ပြေးဆွဲမှာ မဟုတ်တဲ့အတွက် ကျောင်းသားတွေအတွက်ကို သက်သာတဲ့ စျေးနှုန်းတစ်ခု သတ်မှတ်မယ်၊ တခြား ခရီးသည်တွေကိုတော့ ယာဉ်စီးခ အပြောင်းအလဲ ရှိနိုင်တယ်”ဟု ‘တင့်တင့်မြန်မာကုမ္ပဏီ’ ဥက္ကဌ ဒေါ်တင့်တင့်လွင်က ပြောကြားခဲ့ပြီး ယခင်က ခရီးစဉ်တစ်ခု အတွက် ကျပ်သုံးရာ ကောက်ခံခဲ့ကြောင်း သိရသည်။

Yangon Water Bus ကို တင့်တင့်မြန်မာကုမ္ပဏီကနှစ် နှစ်ဆယ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ၂ဝ၁၇ ခုနှစ်၊ အောက်တိုဘာ ၇ ရက်တွင် အဆင့်မီသင်္ဘောများဖြင့် စတင် ပြေးဆွဲခဲ့သည်။ ထို့နောက် Water Bus လမ်းကြောင်းနှင့် YBS မှတ်တိုင်တို့ ချိတ်ဆက်မမိခြင်းနှင့် ငမိုးရိပ်ချောင်းနှင့် သန်လျင်ခရီးစဉ်အတွက် ဂျက်တီအဆင် မပြေခြင်းများအပါအဝင် ဘဏ်ချေးငွေ အလုံအလောက် မရရှိသည့် အတွက်ဟုဆိုကာ ၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာလမှစတင်ကာ ရပ်နားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here