ရန်ကုန်၊ စက်တင်ဘာ
ပြည်ပမှတစ်ဆင့် ၁ဝ ယောက်စီးမှ ၁၂ ယောက်စီးအထိ မီနီဘတ်စ် များ တင်သွင်းမည်ဆိုပါက ကညန ၏ သဘောထားမှတ်ချက် ပါရှိမှ သာ သွင်းကုန်ပါမစ် ထုတ်ပေးမည် ဖြစ်ကြောင်း မော်တော်ယာဉ် တင် သွင်းခြင်းနှင့် သက်ဆိုင်သော လုပ် ငန်းများ ကြီးကြပ်ရေးကော်မတီမှ သိရသည်။
ကြီးကော်၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြည်ပမှတင်သွင်း လာသော ၁ဝ ယောက်စီးမှ ၁၂ ယောက်စီးအထိ မီနီဘတ်စ်တချို့ သည် အင်ဂျင်ပါဝါ၊ အရွယ်အစား နှင့် ထိုင်ခုံအရေအတွက် မကိုက်ညီ မှုများရှိ၍ ကညနထံ မီနီဘတ်စ် သတ်မှတ်ချက်ဖြင့် ကိုက်ညီမှုရှိ၊ မရှိ သဘောထားမှတ်ချက်တောင်း ခံပြီးမှသာ သွင်းကုန်ပါမစ်ထုတ် ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
‘‘အရင်ကတော့ ၁၁ ယောက် စီး မီနီဘတ်စ်တွေကို ထောက်ခံ ချက်တွေမလိုဘဲ ပါမစ်ထုတ်ပေးခဲ့ ပါတယ်၊ ဒါပေမဲ့ ကားအမျိုးအစား တချို့က Specification အချက် အလက် ပြည့်ပြည့်စုံစုံ မတင်ပြနိုင် သလို Dimension နဲ့လည်းမကိုက် တဲ့အတွက် ကညနရဲ့ သဘောထား မှတ်ချက်ပါရှိမှသာ သွင်းကုန်ပါမစ် ထုတ်ပေးတော့မှာ ဖြစ်ပါတယ်’’ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ် ဦးက ဆိုသည်။
သို့ဖြစ်၍ ၁ဝ ယောက်စီးမှ ၁၂ စီးအထိ မီနီဘတ်စ်များ တင် သွင်းမည်ဆိုပါက တစ်ဖက်နိုင်ငံ၏ မူရင်း Invoice တင်ပြရမည်၊ တစ်ဖက်နိုင်ငံစက်ရုံ၏ မော်တော်ယာဉ် Catlogue မူရင်း၊ User Manual တင်ပြရမည်၊ Chassis Code/ Vin Code တစ်ပါတည်း တင်ပြရ မည်၊ Catlogue နှင့် User Manual တင်ပြရာတွင် မော်တော်ယာဉ် ၏ အရွယ်အစားနှင့် အင်ဂျင်ပါဝါ ဖော်ပြရမည်၊ ထိုအချက်အလက် များပြည့်စုံပါက ကုန်းလမ်းပို့ဆောင် ရေး ညွန်ကြားမှုဦးစီးဌာနထံ မီနီ ဘတ်စ်သတ်မှတ်ချက်ဖြင့် ကိုက်ညီ မှု ရှိ၊မရှိကို သဘောထားမှတ်ချက် တောင်းခံပြီး ကိုက်ညီမှသာ သွင်း ကုန်လိုင်စင်/ပါမစ် ခွင့်ပြုမည်ဖြစ် ကြောင်း သိရသည်။
၊ကိုဖြိုး