၀န်ထမ်းပါမစ်များအတွက် အခွန်သက်သာခွင့်များ ကြေညာပြီးနောက် ကျပ်သိန်းသုံးရာအထက်ကားများ အဝယ်ဆက်ပြီးအေးနေ

165

 

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများကို မော်တော်ယာဉ်ပါမစ်များ ချပေးရာတွင် အကောက်ခွန်အတွက် ၂၀ဝ၀ စီစီနှင့်အောက်ကို ၅ ရာခိုင်နှုန်း၊ ၂၀ဝ၁ စီစီနှင့်အထက်ကို ၁၀ ရာခိုင်နှုန်းဖြင့် လျှော့ချကောက်ခံမည် ဖြစ် သည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနကလည်း ဝန်ထမ်းပါမစ်ဖြင့် တင်သွင်းသည့်ကားများကို ကနဦးမှတ်ပုံတင်ကြေး လျှော့ချကောက်ခံမည်ဖြစ်ပြီး ၁၃၅၀ စီစီနှင့်အောက်ကို ကင်းလွတ်ခွင့်ပေးမည် ဖြစ်သည်။ ၁၃၅၀ စီစီမှ ၂၀ဝ၀ စီစီအထိကို ၅ ရာခိုင်နှုန်း၊ ၂၀ဝ၁ စီစီမှ ၅၀ဝ၀ စီစီအထိကို ၁၀ ရာခိုင်နှုန်း၊ ၅၀ဝ၁ စီစီနှင့်အထက်ကို ၁၅ ရာခိုင်နှုန်းဖြင့် ကနဦးမှတ်ပုံတင်ကြေး လျှော့ချကောက်ခံမည်ဖြစ်သည်။ ဝန်ထမ်းပါမစ်ကို ကိုယ်တိုင်တင်သွင်းသူထက် ပြန်လည်ရောင်းချလိုသူ ပို၍များနေပြီး ဝန်ထမ်းပါမစ်များကို ရန်ကုန်နှင့် နယ်လိုင်စင်အပေါ်မူတည်ပြီး ဝယ်ယူမှုများလည်းရှိနေရာ ကြမ်းခင်းဈေးမှာ ညွှန်ချုပ်နှင့် အတွင်းဝန်ပါမစ် ကို ကျပ်သိန်း ၁၅၀ မှ ၁၇၀ ကြား၊ ဒုချုပ်မှ ဒုညွှန်ကြားရေးမှူးအထိကို ကျပ်သိန်း ငါးဆယ်မှ ကျပ်သိန်း ခုနစ်ဆယ်ကြားနှင့် လက်ထောက်ညွှန် ကြားရေးမှူးနှင့်အောက် ပါမစ်များကို ကျပ် ၁၅ သိန်းဝန်းကျင် ပေါက်ဈေး ရှိနေကြောင်း ကားလုပ်ငန်းရှင်များထံမှ သိရသည်။ ဝန်ထမ်းပါမစ်များတွင် လက်ထောက်ညွှန်ကြားရေးမှူးနှင့်အောက်မှာ ထူးထူးခြားခြားသက်သာခွင့်မရှိသလို နယ်လိုင်စင်နှင့် ရန်ကုန်လိုင်စင်အပေါ်တွင် ဈေးကွာခြားမှု သိသိသာသာရှိနေ၍ ဝယ်ယူလိုသူ နည်းပါးကြောင်း သိရသည်။

“ဒီရက်ပိုင်းကားဈေးကွက်က အေးပါတယ်၊ ဘာကြောင့်လဲဆိုရင် ဝန်ထမ်းပါမစ်အပေါ် စိတ်ဝင်စားမှုတွေရှိနေသလို ဈေးကွက်ထဲမှာ ဒုညွှန်ချုပ်ပါမစ်တွေက တော်တော်လေးအရောင်းထွက်လာတော့ ဒီပါမစ်တွေ အပေါ်မှာ စောင့်ကြည့်ချင်တဲ့သူတွေလည်း ရှိတဲ့အခါ ကားအရောင်းအဝယ်က သိပ်မကောင်းပါဘူး၊ ဒီရက်ပိုင်းမှာ ကားအရောင်းအဝယ်ထက် ပြည်ပကနေ ကားတင်သွင်းဖို့အတွက် လာရောက်စုံစမ်းတာတွေ၊ ဝန်ထမ်းပါမစ်နဲ့ ပတ်သက်ပြီး သိချင်တာတွေကို မေးမြန်းတာတွေလည်း ရှိပါတယ်၊ တကယ်ဆိုးတာက လက်ညွှန်နဲ့ တခြားအဆင့်တွေက ခံစားခွင့်ရတာနည်းလို့ ရောင်းစားရင်လည်း ခံဝန်ကတိ ထိုးရတာနဲ့ သန်းခေါင်စာရင်းခဏ ပေးရမှာနဲ့ ရမှာက ၁၀ သိန်း၊ ၁၅ သိန်းဆိုတော့ စိတ်အလိုမကျ ဖြစ်နေတာတွေလည်း တွေ့ရပါတယ်၊ တကယ်လိုအပ်နေတဲ့သူကျ တော့လည်း ၃၀ဝ အောက်မှာရနိုင်တဲ့ SKD ဖြစ်ဖြစ်၊ ညာမောင်းကားပဲဖြစ် ဖြစ်ရှာပြီး HP နဲ့ ဝယ်တာမျိုးတွေ ရှိပါတယ်၊ CBU ဘယ်မောင်း Brand New တွေနဲ့ အရောင်းစင်တာတွေက သွင်းရောင်းနေတဲ့ CBU ကားတွေကတော့ ဒီလထဲမှာ အဝယ်အတော်လေး အေးသွားပါတယ်၊ ဝန်ထမ်းပါမစ်ဈေးကတော့ မငြိမ်ဘူး၊ အရာရှိအကြီးပိုင်းတွေကျတော့ ကိုယ်တိုင်စီးဖို့အတွက် ရင်းနှီးတဲ့အရောင်းစင်တာတွေမှာ မေးမြန်းတာတွေ ရှိတော့ ရောင်းချင်တဲ့သူလည်း နည်းလို့ ဈေးလည်းမငြိမ်ပါဘူး၊ ညွှန်ချုပ်ပါမစ်ကို ကျပ်သိန်း ၁၂၀ ကနေ ၁၇၀ အထိ ပေးတာမျိုးတွေလည်း တွေ့ရပါတယ်၊ ဒုချုပ်ပါမစ်တွေကျတော့ ၆၅ သိန်း၊ ၇၀၊ ညွှန်မှူးကို ၅၅ သိန်း၊ ဒုညွှန်မှူးကို ၄၅ သိန်းလို့တော့ အသံတွေ ကြားရပါတယ်၊ ဒါပေမဲ့လည်း ဘယ်သူမှတော့ ဒီအချိန်မှာ ရဲရဲဝံ့ဝံ့နဲ့ အရေအတွက်များများကို ဝယ်ရဲတာ မတွေ့ရပါဘူး၊ လိုအပ်တဲ့အော်ဒါလောက်ပဲ ထွက်ဝယ်မယ်လို့ ထင်ပါ တယ်”ဟု Perfect AutoBiz မှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ ပြည့်စုံဝင်းသိန်းက ပြောသည်။

မြန်မာ့ဈေးကွက်နှင့်ကိုက်ညီပြီး ဝန်ထမ်းပါမစ်ဖြင့် ရွေးချယ်တင်သွင်း လာနိုင်သည့် ကျပ်သိန်းသုံးရာဝန်းကျင် ကားအမျိုးအစားများထဲတွင် Toyota Camry (2018 ၊2019)၊ Toyota Corolla (2018 ၊2019)၊ Honda Civic (2018 ၊2019)၊ Honda Accord (2018 ၊2019)၊ Nissan Altima (2019 ၊2020)၊ Chevrolet Malibu (2019 ၊2020)၊ Toyota CH-R (2018 ၊2019)၊ Toyota RAV-4 (2019)၊ Ford Edge (2018၊ 2019 ၊ 2020)၊ Ford Escape (2018 ၊2019 ၊ 2020)၊ GMC Terrain (2018)၊ Nissan Qashqai(2018 ၊2019 ၊ 2020)၊ Honda CR-V (2018 ၊ 2019)၊Honda HR-V (2018 ၊ 2019)၊ Mitsubishi Eclipes Cross (2018 ၊ 2019 ၊ 2020)၊ Mitsubishi ASX (2018၊ 2019 ၊2020)၊ Mitsubishi Outlander (2018 ၊ 2019)၊ Chevrolet Equinox (2018 ၊ 2019)၊ Chevrolet Trax (2018 ၊ 2019)၊ Chevrolet Trailblazer (2020 ၊ 2021) တို့ပါဝင်ပြီး ကျပ်ငါးသုံးရာ ဝန်း ကျင် ကားအမျိုးအစားများထဲတွင် Lexus ES (2018 ၊ 2019 ၊ 2020)၊ Lexus GS (2018)၊ Honda Pilot(2020)၊ Toyota Highlander(2018)၊ Toyota Avanza (2021)၊ Lexus RX350 (2018၊ 2019 ၊ 2020)၊ Lexus RX300 (2018 ၊ 2019 ၊ 2020)၊ Lexus NX300 (2018 ၊ 2019 ၊ 2020)၊ Luxus UX (2019 ၊ 2020)၊ Ranger Rover Evoque (2018 ၊ 2019 ၊ 2020)၊ Lexus GX460 (2018 ၊ 2019) ကားများ တင်သွင်းရန် စိတ်ဝင်စားမှု ပိုများနေသည်။

“ဝန်ထမ်းပါမစ်နဲ့ သွင်းဖို့အတွက်ပဲ မေးမြန်းတာတွေကို ဖြေကြားနေရတာပဲ ရှိပါတယ်၊ ရန်ကုန်တင် မဟုတ်ဘူး၊ နယ်ဘက်တွေမှာလည်း အရောင်းအဝယ်တွေ အေးပါတယ်၊ ဝန်ထမ်းပါမစ်နဲ့ တင်သွင်းရင် Service Charges ဘယ်လိုပေးရမလဲဆိုပြီး ဆိုတာကလည်း ဈေးကွက်ထဲမှာ အမျိုးမျိုး ရှိပါတယ်၊ ရောင်းချင်တဲ့အရေအတွက်နဲ့ ရာထူးအဆင့်အပေါ် မူတည်ပြီး ပေးဝယ်ကြတာကို တွေ့ရပါတယ်” ဟု United Elevent မှ ဒါရိုက်တာ ကိုအောင်သူက ပြောသည်။

ဝန်ထမ်းပါမစ်နှင့် ကားတင်သွင်းခြင်းအတွက် Service Charges အနေဖြင့် ပေးမည့်ဝန်ဆောင်မှုနှင့် တင်သွင်းသည့်နိုင်ငံအလိုက် ပေါက်ဈေး ကွာဟနေပြီး ကြမ်းခင်းဈေးမှာ အချို့ကုမ္ပဏီများမှ US Dollar 1000 မှ စတင်ကာ အချို့မှာ CIF အပေါ်တွင် ကားအမျိုးအစားအပေါ် မူတည်၍ ၅ ရာခိုင်နှုန်းကစပြီး ကောက်ခံလျက်ရှိကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here