၀န်ထမ်းပါမစ်များကို သန်းခေါင်စာရင်းအတိုင်း ရန်ကုန်လိုင်စင်/နယ်လိုင်စင်ခွင့်ပြုမည်ဖြစ် မှတ်ပုံတင်ပြီးသည့်နေ့မှ သုံးနှစ်အထိ အမည်ပြောင်းခွင့်ပြုမည်မဟုတ်

186

 

ရန်ကုန်၊ ဒီဇင်ဘာ
ဝန်ထမ်းပါမစ်များကို သန်းခေါင်စာ ရင်းအတိုင်း ရန်ကုန်လိုင်စင်/နယ် လိုင်စင်ခွင့်ပြုပေးမည်ဖြစ်ပြီး မှတ်ပုံ တင်ပြီးသည့်နေ့မှ သုံးနှစ်အထိ အမည်ပြောင်းခွင့် ပေးမည်မဟုတ်ကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းပါမစ်များ ခွင့်ပြုရာတွင် သန်းခေါင် စာရင်းလိပ်စာတွင် ရန်ကုန်ဆိုပါက ရန်ကုန်လိုင်စင်၊ နယ်လိပ်စာဖြစ်ပါက နယ်လိပ်စာအတိုင်း ခွင့်ပြုပေးမည်ဖြစ်ပြီး ပါမစ်သက်တမ်းကို သုံးလခွင့်ပြု၍ သက်တမ်းတိုးခွင့် ပထမအကြိမ် နှစ်လ၊ ဒုတိယအကြိမ် တစ်လ၊ စုစုပေါင်း ခြောက်လအထိ ခွင့်ပြုမည် ဖြစ်သည်။ ထို့ ပြင် ပါမစ်ကို တစ်ကြိမ်သာပြင်ဆင်ခွင့်ပေးမည်ဖြစ်ပြီး ယင်းပါမစ်ဖြင့် တင်သွင်းသည့်ကားကိုလည်း မှတ်ပုံတင်သည့်နေ့မှစ၍ သုံးနှစ်အထိ အမည်ပြောင်းခွင့်ပြုမည် မဟုတ် ကြောင်းသိရသည်။

“ဝန်ကြီးဌာနအလိုက် ပါမစ်လျှောက်တာတွေ ရှိပါတယ်၊ ဒါ တွေကိုစိစစ်ပြီး ခွင့်ပြုပေးသွားမှာပါ၊ သန်းခေါင်စာရင်းလိပ်စာအတိုင်း ရန်ကုန်ဆိုရင် ရန်ကုန်လိုင်စင်ပေးမှာပါ၊ နယ်ဆိုရင်တော့ နယ်လိုင်စင်ပဲ ပေးမှာဖြစ်ပါတယ်၊ ပါမစ်သက်တမ်းကိုလည်း စုစုပေါင်း ခြောက်လအထိ ပေးထားပြီး တစ်ကြိမ်သာပြင်ဆင်ခွင့်ပေးမှာ ဖြစ်ပါတယ်၊ ရောင်းချတာနဲ့ ပတ်သက်လို့ ခွင့်မပြုဘူးဆိုတာ အရင်ကတည်းက ပြောပြီး ဖြစ်ပါတယ်၊ ဒီအတွက်လည်း ယာဉ်မှတ်ပုံတင်တဲ့နေ့ကစပြီး သုံးနှစ်အထိ အမည်ပြောင်းခွင့်မပြုလို့ပြောထားပါတယ်”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဝန်ထမ်းပါမစ်များဖြင့် ဒီဇင်ဘာ ၂၉ ရက်အထိ ၂၀၁၈ မှ ၂၀၂၀ မိုဒယ်အထိ ကားများတင်သွင်းခွင့် လျှောက်ထားနိုင်မည် ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင်မူ ၂၀၁၉ မှ ၂၀၂၁ မိုဒယ်အထိ ကားများသာ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here