၀န်ထမ်းပါမစ်ဂယက်ကြောင့် အမြင့်ကားဈေးကွက် အရောင်းအဝယ်ရပ်တန့်နေ

299

 

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံဝန်ထမ်းများကို ချီးမြှင့်သည့်အနေဖြင့် အခွန် သက်သာခွင့်များပေး၍ ကားဝယ်ယူခွင့်ပါမစ်များ ချပေးရာတွင် အမြဲတမ်း အတွင်းဝန်နှင့် ညွန်ကြားရေးမှူးချုပ်များကို ၃၅၀ဝ စီစီနှင့်အောက် ကျပ်သိန်း ၅၀ဝ နှင့် ညီမျှသော CIF တန်ဖိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များကို ၂၅၀ဝ စီစီနှင့်အောက် ကျပ်သိန်း ၃၀ဝ နှင့်ညီမျှသော CIF တန်ဖိုး၊ ညွန်ကြားရေးမှူးများကို ၂၀ဝ၀ စီစီနှင့်အောက် ကျပ်သိန်း ၃၀ဝ နှင့်ညီမျှသော CIF တန်ဖိုး၊ ဒုတိယညွန်ကြားရေးမှူးများကို ၁၈၀ဝ စီစီနှင့်အောက် ကျပ်သိန်း ၃၀ဝ နှင့်ညီမျှသော CIF တန်ဖိုး၊ လက် ထောက်ညွန်ကြားရေးမှူးနှင့်အောက်အဆင့်ကို SKD ကားများဝယ်ယူပါက ၁၈၀ဝ စီစီနှင့်အောက် ကျပ်သိန်း ၃၀ဝ နှင့် ညီမျှသော စက်ရုံထုတ်ရောင်းဈေးနှင့် အရောင်းပြခန်းမှ မော်တော်ယာဉ်များဝယ်ယူပါက ၁၃၅၀ စီစီနှင့်အောက် ကျပ်သိန်း ၃၀ဝ နှင့် ညီမျှသော CIF တန်ဖိုးကားများ ဝယ်ယူခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။ သက်သာခွင့်ရမည့် အခွန်ရာခိုင်နှုန်းနှင့် တင်သွင်းခွင့်ရမည့် ကားအမျိုးအစား တန်ဖိုးအပေါ်တွင် ပြန် ရောင်းလိုသည့် ပါမစ်များအတွက် ဈေးပေး၍ အရောင်းအဝယ်ပြုနေကြ သည်။ ပါမစ်ဂယက်ကြောင့် အမြင့်ကားဈေးကွက်မှာ အရောင်းအဝယ် ရပ်တန့်လုနီးပါး ဖြစ်သွားကာ SKD ကားများ၏ ဈေးကွက်ဝယ်လိုအားမှာ လည်း ပြန်အေးသွားသည်။
“လက်ရှိမှာတော့ ဈေးကွက်အနေအထားက ပုံမှန်အတိုင်းဆိုပေမဲ့ အမြင့်ကားတွေကတော့ အဝယ်လုံးလုံး ရပ်သွားတယ်၊ လက်ညွှန်အောက် ဝန်ထမ်းတွေကို SKD ကားဝယ်ရင် အကျိုးခံစားခွင့်မရှိသလို ဈေးလည်း ကျတာ မတွေ့ကြတော့ အရောင်းပြခန်းက ဝယ်ယူခွင့်ရတဲ့အပေါ်မှာ ကြည့်ပြီး Toyota က Vios နဲ့ Avanza အပေါ်မှာပဲ ဝိုင်းအုံပြီး လျှောက်နေကြတာ တွေ့ရပါတယ်၊ တချို့က နားလည်မှုလွဲပြီး လက်ညွှန်အောက်ရာ ထူးတွေကို Malibu,Trailblazer , CH-R စတဲ့ကားတွေ လျှောက်လို့ ရတယ်ဆိုပြီး ပြောနေ၊ ရေးနေကြတယ်၊ ဒီအချက်က လွဲနေပါတယ်၊ ကြေညာချက်မှာက SKD ကားဝယ်ယူခွင့်၊ ဒါမှမဟုတ် အရောင်းပြခန်းဝယ် ယူခွင့်လို့ ကြေညာထားတာဖြစ်ပါတယ်၊ အရောင်းစင်တာဆိုတာ Used Car Showroom ကိုဆိုလိုပြီး အရောင်းပြခန်းဆိုတာ Brand New Car Showroom ကို ဆိုလိုတာဖြစ်ပါတယ်၊ ဈေးကွက်အကြိုက် ဂျပန်ညာမောင်း ကားတွေကတော့ ဒီရက်ပိုင်း ဈေးအနည်းငယ် ဆင်းလာတာ တွေ့ရပါ တယ်၊ ဘယ်မောင်းအမျိုးအစား ကားသစ်တွေကိုလည်း တဖြည်းဖြည်း လူစိတ်ဝင်စားလာတာတွေ့ရပြီး ကားအမျိုးအစားအစုံလည်း ဝင်ရောက် လာတာတွေ့ရပါတယ်၊ ဝန်ထမ်းပါမစ်ကလည်း စိတ်ဝင်စားမှုများတဲ့ကား ကို လျှောက်ကြရင် ပြုံပြီးလျှောက်တဲ့အတွက် ဈေးတက်သွားရင် အကျိုး ခံစားခွင့် သိသိသာသာမရနိုင်ဘူး”ဟု MMM ကားအရောင်းစင်တာမှ မန်နေဂျင်းဒါရိုက်တာ ကိုမင်းမင်းမောင်က ပြောသည်။
မြန်မာ့ဈေးကွက်နှင့်ကိုက်ညီပြီး ဝန်ထမ်းပါမစ်ဖြင့် ရွေးချယ်တင်သွင်း လာနိုင်သည့် ကျပ်သိန်းသုံးရာဝန်းကျင် ကားအမျိုးအစားများထဲတွင် Toyota Camry (2018 ၊2019)၊ Toyota Corolla(2018 ၊2019)၊ Honda Civic(2018 ၊2019)၊ Honda Accord(2018 ၊2019)၊Hyundai Sonata(2020)၊ Nissan Altima(2019 ၊2020)၊ Chevrolet Malibu(2019 ၊2020)၊ Toyota CH-R(2018 ၊2019)၊ Toyota RAV-4(2019)၊ Ford Edge (2018 ၊2019 ၊ 2020) ၊ Ford Escape (2018 ၊2019 ၊ 2020)၊ GMC Terrain (2018)၊ Nissan Qashqai(2018 ၊2019 ၊ 2020)၊ Nissan Kick(2019 ၊2020)၊ Hyundai SantaFe (2019 ၊ 2020)၊ Honda CR-V (2018 ၊ 2019)၊ Honda HR-V (2018 ၊ 2019)၊ Mitsubisahi Eclipes Cross (2018 ၊ 2019 ၊ 2020)၊ Mitsubishi ASX (2018 ၊ 2019 ၊ 2020)၊ Mitsubishi Outlander (2018 ၊ 2019)၊ Chevrolet Equinox (2018 ၊ 2019)၊ Chevrolet Trax (2018၊ 2019)၊ Chevrolet Trailblazer (2020 ၊ 2021)၊ Chevrolet Captiva (2018 ၊ 2019)တို့ ပါဝင်ပြီး ကျပ်သိန်း ငါးရာဝန်းကျင် ကားအမျိုးအစားများထဲတွင် Lexus ES (2018 ၊ 2019 ၊ 2020)၊ Lexus GS (2018)၊ Cadillac CT6 (2020)၊ BMW 5 Series (2018)၊ Toyota Sienna (2020)၊ BMW X4 (2018)၊ BMW X5 (2018)၊ Honda Pilot(2020)၊ Toyota Highlander(2018)၊ Toyota Venz (2021)၊ Lexus RX350 (2018 ၊ 2019 ၊ 2020)၊ Lexus RX300 (2018 ၊ 2019 ၊ 2020)၊ Lexus NX300 (2018 ၊ 2019 ၊ 2020)၊ Luxus UX (2019 ၊ 2020)၊ Ranger Rover Evoque (2018 ၊ 2019 ၊ 2020)၊ Lexus GX460 (2018 ၊ 2019) ကားများ တင်သွင်းရန် စိတ်ဝင်စားမှု ပိုများနေသည်။
“ဝန်ထမ်းပါမစ်နဲ့ တင်သွင်းရင် သက်သာသွားတဲ့အခွန်ပမာဏအပေါ် မှာ တင်သွင်းပြီးသားကားတွေ ဈေးနှုန်းကလည်း ကျသွားမှာပါ၊ အများစု သွင်းချင်နေတာကတော့ RAV-4 တို့၊ CH-R တို့၊ RX တို့တွေ သွင်း မယ်လို့ ပြောနေကြတာပါ၊ ဒါကြောင့် သွင်းပြီးသားကားတွေရှိရင် သက် ရောက်မှု ရှိနိုင်မယ်၊ SKD ကားတွေမှာလည်း သက်ရောက်မှု ရှိနေပါတယ်၊ ဘာကြောင့်လဲဆိုတော့ Showroom မှာ တင်သွင်းပြီးသားကားတွေလည်း ဝယ်ယူလို့ရတယ်ဆိုတော့ လက်ရှိ SKD ကားတွေကျတော့ လက်ရှိဈေးနှုန်းပဲဆိုရင် ဈေးများတဲ့သဘော ရှိနေတဲ့အတွက်ကြောင့် SKD ကားတွေထက် Showroom က ကားတွေကို ဝယ်ယူဖို့ ပိုများလာနိုင်တယ်၊ ဈေးတန်းတူတဲ့ Showroom က ကားတွေကလည်း ဈေးလိုက်ညှိပြီးတော့ ရောင်းမှပဲ ရောင်းလို့ထွက်မှာပါ၊ နိုင်ငံတော်က ဝန်ထမ်းတွေကို အကျိုးတစ်ခုခု ရစေချင်တဲ့အတွက် အခုလို ခွင့်ပြုတာပေါ့နော်၊ ဒါပေမဲ့လည်း ဒီအချက်ကြောင့် Car Industry လည်း တော်တော်လေး ထိခိုက်သွားသလို Investment လုပ်တဲ့သူတွေအတွက်လည်း အခက်အခဲဖြစ်သွား စေပါ တယ်”ဟု AAM အသင်း ဒုဥက္ကဋ္ဌ ဦးအေးထွန်းက ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here