အွန်လိုင်းမှဝယ်ယူခဲ့သည့် ကိရိယာအသုံးပြု၍   အသစ်စက်စက်   BMW  ကားအား စက္ကန့်ပိုင်းအတွင်း   ခိုးယူခဲ့

638

အွန်လိုင်းမှဝယ်ယူခဲ့သော နည်းပညာဆိုင်ရာကိရိယာကို အသုံးပြု၍ ပေါင် ငါးသောင်း တန်ဖိုးရှိ အသစ်စက်စက် BMWကား အား ကားသူခိုးအဖွဲ့က စက္ကန့် ပိုင်းအတွင်း ခိုးယူခဲ့ကြကြောင်း အောက်တိုဘာ ၁၆ ရက်တွင် Daily Mail သတင်းဌာနက ရေး သားဖော်ပြခဲ့သည်။

ကားသူခိုးများသည် ကား သော့၏ရေဒီယိုလှိုင်းကို ထပ်ချဲ့ သည့် ကိရိယာငယ်ကိုအသုံးပြု၍ အားကောင်းသည့် ကားသော့အ ချက်ပြမှုတစ်ခု ထပ်ဆင့်ထုတ် လွှင့်ကာ Keyless စနစ်သုံးကား ၏ သော့ပွင့်အောင် ကားလုံခြုံ ရေးစနစ်ကို လှည့်စားခဲ့ခြင်းဖြစ် သည်။ လုံခြုံရေးကင်မရာ၏ မှတ်တမ်းတင်ထားမှုအရ ကား သူခိုးများမှာ စက္ကန့်ပိုင်းအတွင်း ထိုသို့ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ် သည်။ အဆိုပါကားအား စက်တင်ဘာလဆန်းကမှ ဝယ်ယူ ထားခြင်းဖြစ်ကြောင်း၊ အိပ်ခန်း တွင်းအိပ်ပျော်နေစဉ် ကားစက်နှိုး သံကြားသဖြင့် အောက်သို့အပြေး အလွှား ဆင်းသော်လည်း ကား မောင်းထွက်သွား၍ မမီတော့ ကြောင်း အမည်မဖော်လိုသူကား ပိုင်ရှင်ကပြောသည်။ ယင်းကား ခိုးယူမှုမှာ လန်ဒန်မြောက်ပိုင်း တွင်ဖြစ်ပွားခဲ့ပြီး အလားတူကား သော့စနစ် ချိုးဖျက်သည့်နည်း ကိုပင်အသုံးပြု၍ အိမ်နီးချင်း တစ်ဦး၏ကားတစ်စီးလည်း အခိုးခံခဲ့ရဖူးကြောင်း သိရသည်။ တန် ဖိုးကြီးကားများ ခိုးယူရာတွင် အသုံးပြုလေ့ရှိသည့် နည်းပညာ ဟုဆိုသော်လည်း တဖြည်းဖြည်း ပိုမိုကျယ်ပြန့်လာတော့မည် ဖြစ် ပြီး ယင်းနည်းပညာကိုအသုံးပြု၍ ပြစ်မှုပေါင်းများစွာ ထပ်မံကျူးလွန်လာနိုင်ဖွယ်ရှိကြောင်း ရဲစုံ ထောက် Pete Ellis က ပြော သည်။  BMW ၊ Audi  ၊ Land Rover ၊ Hyundai ၊ Renault နှင့်VW တို့မှာ နည်းပညာ ဖောက်ထွင်းမှု ကျူးလွန်သည့် ကားသူခိုးတို့အကြိုက် ကား အမှတ်တံဆိပ်များ ဖြစ်သည်။

”ကားသူခိုးတွေ ဒီလိုနည်း ပညာတွေသုံးပြီး ခိုးနေကြတာ ကြာပါပြီ၊ ကားထုတ်လုပ်သူတွေ ကလည်း ထိထိရောက်ရောက် အဖြေရှာတာမျိုး မရှိဘူး၊ မော်တော်ကားကဏ္ဍမှာ အိုင်တီလုံခြုံ ရေးနည်းပညာကို အမီလိုက် နိုင်ဖို့ အများကြီးလိုနေသေးတယ် ဆိုတာ ပြသလိုက်တာပါပဲ၊ အဲဒီလို သော့မဲ့စနစ်တွေကို အသေး စား၊ အလတ်စားကားတွေအတွက်ပါ သုံးနေပါပြီ၊ ကားထုတ် လုပ်သူတွေအနေနဲ့ ကိုယ့်ကားရဲ့ အီလက်ထရွန်းနစ်စနစ် တွေကို ထိထိရောက်ရောက် ကာကွယ်ပေးဖို့လိုပါတယ်” ဟု ဂျာမန် ကားအဖွဲ့အစည်းတစ်ခုဖြစ်သည့် ADAC က ပြောသည်။ ကားသူ ခိုးများအသုံးပြုသည့် ယင်းကိရိ ယာအမျိုးအစားကို ebay ၊ Amazon အစရှိသည့် အင်တာ နက်ဝက်ဘ်ဆိုက်များတွင် ပေါင် ရှစ်ဆယ်ခန့်ဖြင့်ပင် အလွယ်တကူ ဝယ်ယူနိုင်ကြောင်း သိရ သည်။

Ref : Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here