အော်လ်တာနေတာ နှင့် အဘိုးရဲ့ ဂျင်နရေတာ

1314

ယာဉ်များအတွက် အော်လ်တာနေတာက ဂျင်နရေတာ ထက် ပိုကောင်းပါသည်ဟု အဘယ်ကြောင့် ယူဆ ပြောဆိုနေကြပါသနည်း။ အဘိုး၏ထရပ်ကား အကြောင်း အမေ ပြောပြခဲ့သည်ကို မှတ်မိနေပါသေးသည်။ တောင် ကုန်းအမြင့် တစ်နေရာတွင် အဘိုးက သူ့ထရပ်ကားကို အမြဲရပ်ထားလေ့ ရှိပါသည်။ ကား ထွက်မည်ဆိုပါက တောင်ကုန်းတစ်လျှောက် လှိမ့်ဆင်းပြီး ကလပ်လွတ် စတတ်ဆွဲခြင်းမျိုးကို အမြဲလုပ်သည်ဟု ပြောပြပါသည်။ ယင်းထရပ်ကားတွင်(အလုပ်လုပ်သော) ဘက်ထရီမပါရှိ ဟု ဆိုသဖြင့် ကားအကြောင်းသိတတ်စ လူငယ်ကျွန် တော့်မှာ ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရသည်။
ဒီစီ ဂျင်နရေတာနှင့် အေစီ အော်လ်တာနေတာတို့ သည် အခြေခံအားဖြင့် လုပ်ငန်းများလုပ်ဆောင်ကြ သည်မှာ အတူတူပင်ဖြစ်သည် ဆိုသော်ငြားလည်း သီး ခြားနည်းပညာရပ်များ ပါဝင်နေကြသည်။

ဒီစီရိုးရှင်းဂျင်နရေတာ၏ သမားရိုးကျ ပါဝင်သော အစိတ်အပိုင်းသည် လည်ပတ်နေသော အမ်မစ်ချာ (Armature)ဖြစ်သည်။ တန်းဆက်ကွိုင်၊ လျှပ်ကာ ထားသော ဝါယာများကို သံလိုက်စက်ကွင်းအတွင်း လှည့်လည်စေခြင်း ဖြစ်သည်။ လှုပ်ရှားလည်ပတ်နေ သောကွိုင်မှ ဗို့(Voltage)ထွက်ပေါ်လာသည်။ ဂျင်နရေ တာ လည်ပတ်နှုန်း မြန်လေ၊ လေဗို့အား များများထွက် လေဖြစ်သည်။ ထွက်ပေါ်လာသော ဗို့အားကို တည် ငြိမ်မှုရှိစေရန်အတွက် ထိန်းညှိကိရိယာ(Regulator)အားဖြင့် ဆောင်ရွက်သည်။ သို့မှသာ အင်ဂျင်လည်ပတ် နှုန်းများသည့်အခါ ဘက်ထရီသို့ အားဝင်မှုလွန်ကဲခြင်း (Over Charged)မဖြစ်နိုင်တော့ပေ။ အင်ဂျင်အပတ်ရေနည်းသောအခါများတွင်လည်း (ဝန်လွတ်၊ ဝန်မပါ လည်နှုန်း အိုက်ဒယ်၊ စလိုး စပိ)များတွင်လည်း ကား ရှေ့မီး ထွန်းထားခြင်းနှင့် အခြား တွဲဖက်အသုံးအဆောင် ပစ္စည်းများ(Accessories)ဖွင့်ထားနိုင်သည့် လုံလောက် သောဗို့ကို ဂျင်နရေတာမှထုတ်(Generator Out Put Voltage)ပေးနိုင်ရန်လိုအပ်သည်။ ဂျင်နရေတာများကို ရှေးကျသော ခြောက်ဗို့ဘက်ထရီသုံး ကား အများအပြား ပေါ်တွင် တွေ့ရှိနိုင်သည်။ လှည့်လည်ရာမှ ပြင်ပသို့လွင့်အား(Centrifugal Force) နှင့် ပင်ပန်းနွမ်းလျ အညောင်း မိ၊ ဒဏ်ပိမှု (Fatigue)အတွက်ကြောင့် ရှေးဟောင်း ယာဉ်များပေါ်တွင် ဆက်လက်တပ်ဆင် အသုံးပြုနိုင်ရန် ဂျင်နရေတာများအတွက် အခွင့်အလမ်း နည်းပါးသွားခဲ့ ရသည်။

မီးကွိုင်ဝါယာများအတွင်း သံလိုက်အဖွဲ့များကို လှည့်လည်ခြင်းသည် အေစီအော်လ်တာနေတာအတွင်း သမားရိုးကျ အလုပ်သာ ဖြစ်သည်။ ဤကဲ့သို့ ဆောင် ရွက်ခြင်းသည် ဒီစီ ဂျင်နရေတာအလုပ်နှင့်ပြောင်းပြန် ဖြစ်သည်။
ကွိုင်ဝါယာကို လှည့်လည်စေမည့်အစား သံလိုက်များ(Magnets)လှည့်လည်စေခြင်းသည် လှည့်လည် သော ပစ္စည်းအလေးချိန် လျှော့ချခြင်းဖြစ်သဖြင့် ပွန်း စားခြင်းကို သက်သာစေမည့်အတွက် ကြီးမားသော ပျက်စီးဆုံးရှုံးမှုကို ကာကွယ်သည့် အခွင့်အရေးကြီး တစ်ရပ် ရသွားခြင်းဖြစ်သည်။ ထုထည်အားဖြင့် ခြုံ ကြည့်ရသော် လည်းကောင်း၊ ပုံုသဏဥာန်အားဖြင့်လည်း ကောင်း ဂျင်နရေတာနှင့် အော်လ်တာနေတာတို့သည် မြင်သာလောက်အောင် ခြားနားသည်။ ေအာ်လ်တာေနတာက အဝန်းအဝိုင်းအနေဖြင့် ပိုမိုကြီးမားသော်လည်း ပုတိုတိုဖြစ်သည်။ ထို့ကြောင့်ပင် သံလိုက်များနှင့်ဝါယာ များ တစ်ခုနှင့်တစ်ခု ဖြတ်သွားသည့်နေရာ၌ လည်ပတ် နှုန်း ပိုမိုလာရခြင်းဖြစ်ပြီး ဗို့အားစွမ်းအင်(Voltage Potential)မြင့်တက်လာရခြင်း ဖြစ်သည်။ ရှေးကျသော အော်လ်တာနေတာအချို့က အေစီဗို့မှ ဒီစီဗို့သို့ ပြောင်း လဲရန် သီးခြားရက်တီဖိုင်ရာ(Separate Rectifiers)များ အသုံးပြုခဲ့ကြသော်လည်း ခေတ်မီလာသောအခါ အော်လ်တာနေတာများအတွင်းမှာပင် ဒိုင်အုပ်(Built in diodes)များ ထည့်သွင်းတည်ဆောက် အသုံးပြုပြီး ဗို့ကို အေစီမှဒီစီသို့ ပြောင်းလဲပစ်လိုက် (Rectifying the Voltage)ကြသည်။ ထို့ကြောင့် အော်လ်တာနေ တာအတွက် ဗို့ကိုတိုင်းတာမည်ဆိုပါက ဒီစီဗို့သာ တိုင်း တာနိုင်မည်။ လည်ပတ်နှုန်းအပေါ်အခြေခံလျှင် မတည်ငြိမ် သော၊ နိမ့်သော ဗို့အားကို အေစီ အော်လ်တာနေတာမှ ထုတ်လုပ်ပြီး ဒီစီ ဂျင်နရေတာမှ ထွက်ရှိမည့် ဗို့အား လောက် မများနိုင်ခြင်းလည်းဖြစ်လျက် ဗို့အားငြိမ်သက်ရန် Regulator လည်း လိုအပ်ပေလိမ့်မည်။ ခေတ်မီ အော်လ်တာနေတာများက Regulator ကို အော်လ် တာနေတာအတွင်းတွင်ပင် ထည့်သွင်း တည်ဆောက် သည်။

မည်သည့်စနစ် မီးအားထုတ်စက်က အသုံးပြု သည်ဖြစ်စေ ကားတွန်းစက်နှိုးသည့်ကိစ္စကို (အော်တိုဂီ ယာ မဟုတ်ခဲ့လျှင်) နှစ်မျိုးစလုံးသော ကားများမှ ဆောင်ရွက်နိုင်သည်။ ဘက်ထရီမှ ဒစ်တြီဗျူတာနှင့် ကွိုင်ကို လျှပ်စစ်(ဘက်ထရီ)ပုံမှန် ဖြန့်ဝေပေးမည်ဖြစ် သည်။ အကယ်၍ ဘက်ထရီ လုံးဝပျက်စီးသွားေသာ ကားဖြစ်နေပါက ဂျင်နရေတာ၊ သို့မဟုတ် အော်တာနေတာ အသီးသီးတို့က တော်သင့် ရုံ၊ လုံလောက်ရုံ လည်ရုံဖြင့် ဗို့(Voltage)ကို ပံ့ပိုးပေးနိုင်လိမ့်မည် ဖြစ်သည်။ ခေတ် ပေါ်ကားများအတွက်မူ အီးစီယူစနစ်မှ ထိန်း သော လောင်စာဆီ ထိုး၊သွင်း (ECU Controlled Fuel Injection)နှင့် ကရိုင်းအလှည့် မီးပေါက်စနစ်(Crankfired Iginition)တို့အတွက် ဘက်ထရီပေးမှုသည် လုံလောက်နေရန် မှာ အလုပ်လုပ်ပေးသောကြောင့် တွန်းနှိုး၊ ဆွဲနှိုးမှုများ ဆောင်ရွက်ရာတွင် အဆင်မပြေ သည့် အကြောင်းများထဲမှ အကြောင်းတစ်ခု ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ကား ကွန်ပျူတာများ အလုပ်လုပ်နိုင်ရန် သတ်မှတ် ထားသည့် အနိမ့်ဆုံး ဗို့အားပေးမှုသည် အား နည်းနေသော ဘက်ထရီမှ လည်းကောင်း၊ တွန်း၊ ဆွဲရုံလောက်ဖြင့် ဂျင်နရေတာသော် လည်းကောင်း၊ အော်လ်တာနေတာ သော် လည်းကောင်း ထိုမှစတင် ထွက်လာမည့် ပြူတစ်တစ် မဖြစ်စလောက် ဗို့သည် ကားစက် နိုးလောက်သည့် အလုပ်များကို လုပ် ဆောင် မပေးနိုင်သောကြောင့်ဖြစ်သည်။

ဂျင်နရေတာနှင့် လျှပ်စစ်မိုတာလုပ် ဆောင်ပုံတို့မှာ အခြေခံမူအားဖြင့် အတူတူ ပင်ဖြစ်သည်။ သို့သော် ပြောင်းပြန်အားဖြင့် ဂျင်နရေတာကို ဗို့အားပေးလိုက်သည်ရှိသော် စတင်လည်ပတ်လာပြီး ဆက်လက်လည်ကာ ကိုင်နက်တစ်ပါဝါ(Kinetic Power)ထွက် ရှိလာမည်။ ယင်းနည်းကို ခေတ်မီရမ်ထရပ် (RAM-Trucks) တွင် စတင်အသုံးပြုလျက်ရှိသည်။
ဒီစီ ဂျင်နရေတာကြီးများကို အင်ဂျင်နှင့်ချိတ်ဆက် လည်ပတ်နိုင်ရန် ဟဲဗီးသုံးပတ္တာကြိုး၊ ပန်ကာကြိုး (Heavy Duty Belt)များကို အသုံးချကြသည်။ ဘက်ထရီနှင့်တွဲဖက်ကာ လေးဆယ့်ရှစ် ဗို့(48 Volts) အထိ ထုတ်လုပ် အသုံးပြုကြသည်။ ခိုင်းကားများပေါ်တွင် တင်ထားသော ဂျင်နရေတာသည် လျှပ်စစ်ထုတ်ပေး ရုံမက အင်ဂျင်ပါဝါကို ကြီးထွားများပြား တိုးပွားလာစေ အောင်အထိ ဆောင်ရွက်ကူညီပေးကြသည်။ တောင် တက်လမ်းများတွင် လည်း ကြီးလေးသော ဝန်များ တင် ဆောင်သည့်အခါများ၌ အထူးထုတ်ကာ သုံးစွဲကြသည်။ ထို့ကြောင့် အနာဂတ်ကားများနှင့် ထရပ်ကားများ အပေါ်တွင် ဒီစီဂျင်နရေတာများပြန်လည်ရောက်ရှိလာ ရပေတော့မည်။

အမေပြောသည့် အဘိုးကားက ကုန်းမြင့်မှာ ရပ် ထားရပေမည်။ သူ့မြေးအချိန် ရောက်ရှိလာချိန်တွင်မူ အသစ်ထွက်ရှိလာတော့မည့် ဒီစီဂျင်နရေတာသုံးကား များက နည်းပညာအသစ်များဖြင့် ပေါင်းစည်း တည် ဆောက်လာတော့မည် ဖြစ်လေရာ သုံးစွဲသူများအနေ ဖြင့် တောင်ကုန်းမြေမြင့်ကို ရှာရပ်နေစရာ မလိုအပ်တော့ဟုသာ ထင်မြင်မိပါသည်။

သန်းထွန်းတင်(စက်မှု)

LEAVE A REPLY

Please enter your comment!
Please enter your name here