အောင်မင်္ဂလာအဝေးပြေးဝင်းတွင် ရန်ကုန်အခြေပြု ယာဉ်လိုင်းများအားလုံး ပြန်လည်ပြေးဆွဲနေပြီး လုပ်ငန်းများပုံမှန်လည်ပတ်နေပြီဟုဆို

210

 

ရန်ကုန်၊ ဇူလိုင် ၁၄
ဃသလငိ-၁၉ ကူးစက်မြန် ရောဂါ ကြောင့် ခရီးသွားလုပ်ငန်းအချို့ ရပ်နားခဲ့ရသည့်အထိ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်းမှ ရန်ကုန် အခြေပြု ယာဉ်လိုင်းများ အားလုံး ပြန်လည်ပြေးဆွဲနေပြီး လုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ပြီဖြစ် ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် Covid-19 ကူးစက်မြန်ရောဂါ စတင်တွေ့ရှိခဲ့ သည့် မတ်လနောက်ပိုင်းမှစတင် ကာ ခရီးသွားလုပ်ငန်းအချို့ ရပ် နားခဲ့ရသည်။ ထို့ကြောင့် ဧပြီလ လယ်ပိုင်းမှစတင်ကာ ခရီးသည် မရှိသလောက်နည်းပါးခဲ့ပြီး ယာဉ် လိုင်းအားလုံးနီးပါး ရပ်နားခဲ့ရ သည်။ မေလကုန်ပိုင်းတွင် ယာဉ် လိုင်းအချို့မှ ယာဉ်အစီး ငါးဆယ် ဝန်းကျင်ဖြင့် ပြန်လည်ပြေးဆွဲလာ ခဲ့ရာ လက်ရှိအချိန်တွင် ယာဉ်လိုင်း အားလုံး ပြန်လည်ပြေးဆွဲနေပြီး လုပ်ငန်းများ ပုံမှန်လည်ပတ်နေပြီ ဖြစ်ကြောင်း သိရသည်။

“Covid-19 ကြောင့် ယာဉ် လိုင်းတွေ တော်တော်များများ ရပ် နားရတဲ့အထိ ဖြစ်သွားတယ်၊ ခရီး သွားလုပ်ငန်းတွေလည်း အရမ်းထိ ခိုက်ခဲ့တယ်၊ ဇွန်လဆန်းလောက် ကစပြီး ခရီးသွားတွေ တဖြည်း ဖြည်းတိုးလာတာ အခုအချိန်မှာ တော့ ယာဉ်လိုင်းအားလုံးလည်း ပြန်ထွက်နိုင်ပါပြီ၊ ယာဉ်အစီးရေက တော့ အပြည့်မထွက်နိုင်သေးဘူး၊ ဒါကလည်း မိုးရာသီမှာ ဖြစ်လေ့ ရှိတာကြောင့် လုပ်ငန်းပုံမှန် လည် ပတ်ပြီလို့ ပြောလို့ရပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ အခွန်ဌာန၊ အောင်မင်္ဂလာအဝေးပြေးဝင်း ယာဉ်ရပ်နား စခန်းတာဝန်ခံရုံး လက်ထောက် ဌာနမှူး ဦးရန်ငြိမ်းချမ်းက ပြော သည်။

ခရီးသွားများ တိုးလာသည် နှင့်အညီ Covid-19 ကာကွယ်ရေး လုပ်ငန်းစဉ်များကို ပို၍စနစ်တကျ ရှိစေရန်အတွက် ယာဉ်လိုင်းတာဝန် ရှိသူများနှင့် ပူပေါင်းကာ ပိုးသတ် ဆေးဖျန်းခြင်းနှင့် Mask တပ်ခြင်း များကို အထူးဂရုပြုဆောင်ရွက် နေကြောင်း သိရသည်။ အောင်မင်္ဂ လာအဝေးပြေးဝင်း ရန်ကုန်အခြေ ပြု ယာဉ်လိုင်းပေါင်း နှစ်ရာကျော်မှ ယာဉ်အစီး ၁,၇ဝဝ ကျော်ဖြင့် ဧရာ ဝတီတိုင်းဒေသကြီးမှအပ ပြည်နယ် နှင့်တိုင်းဒေသကြီးအသီးသီးကို ပြေး ဆွဲပေးနေခြင်းဖြစ်သည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here