အောင်မဂ်လာအဝေးပြေးဝင်းတွင် တစ်နေ့လျှင် အဝေးပြေးယာဉ် အစီး လေးဆယ်ဝန်းကျင်ဖြင့် သွားလာခွင့်ရသည့် မြို့နယ်များသို့ ပြေးဆွဲပေးလျှက်ရှိ

336

 

ရန်ကုန်၊ မေ ၆

အောင်မဂ်လာအဝေးပြေးဝင်းတွင် တစ်နေ့လျှင် အဝေးပြေးယာဉ်အစီး လေးဆယ်ဝန်းကျင်ဖြင့် သွားလာခွင့်ရရှိထားသည့် မြို့နယ်များသို့ ပြေးဆွဲပေးလျက်ရှိကြောင်း အောင်မင်္ဂလာအဝေးပြေး စည်ပင်သာယာဦးစီးဌာန၊ အခွန်ဌာနမှ သိရသည်။

အောင်မဂ်လာအဝေးပြေးဝင်းသည် ညွန်ကြားချက်ကြောင့် ပိတ်ထားခြင်းမျိုးမဟုတ်ဘဲ စပ်ဆက်ပြေးဆွဲပေးနေသည့် ပြည်နယ်နှင့်တိုင်းအချိုု့တွင် Covid-19 ရောဂါပိုးကြောင့် Lockdown ချထားသည့် အခြေအနေမျိုးရှိနေသည့်အတွက် ယာဉ်လိုင်းပြေးဆွဲခြင်းများ ရပ်နားထားရခြင်းဖြစ်ပြီး သွားလာခွင့်ရရှိထားသည့် ရန်ကုန်နှင့် ဆက်စပ်မြို့နယ်များသို့ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

” YRTA တို့၊ YCDC တို့လိုဌာနတွေက ပိတ်ပါလို့ ညွန်ကြားထားတာမျိုး မရှိဘူး၊ ဆက်သွယ်ပြေးဆွဲပေးနေရတဲ့ ပြည်နယ်/တိုင်းတွေက Covid-19 ရောဂါကြောင့် Lockdown ချထားတာမျိုးတွေရှိတော့ အဲဒီမြို့တွေကလည်း ထွက်မရ၊ ဒီကလည်း သွားမရ၊ အဲဒါကြောင့်သာ ယာဉ်လိုင်းတွေရပ်နားထားရတာ၊ ရန်ကုန်မြို့နဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ ပဲခူး၊ ပြည်၊ မော်လမြိုင်တို့လို မြို့နယ်တွေကို တစ်နေ့ ယာဉ်အစီး လေးဆယ်လောက်နဲ့ပြေးဆွဲပေးနေတာရှိတယ်” ဟု အောင်မဂ်လာအဝေးပြေး စည်ပင်သာယာဦးစီးဌာန၊ အခွန်ဌာနမှ လက်ထောက်ဌာနမှူး ဦးရန်ငြိမ်းချမ်းက ပြောသည်။

ရန်ကုန်မြို့နှင့် ဆက်သွယ်သွားလာမူများပြားသည့် မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် Covid-19 ကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးအရ Lockdown ချထားသည့်ကာလမှာ မေ ၁၅ ရက်အထိ ဖြစ်ကြောင်း သိရသည်။ အောင်မင်္ဂလာအဝေးပြေးဝင်းနှင့် ဒဂုံဧရာအဝေးပြေးဝင်း တို့တွင် ရန်ကုန်တိုင်းဒေသကြီး အခြေပြု ယာဉ်လိုင်းပေါင်း ၃၈၇ လိုင်၊း ယာဉ်အစီး ၃,၇၀၀ ကျော်နှင့် နေ့စဉ်ခရီးသွား ၁၈,၀၀၀ ကျော်ကို သယ်ယူပို့ဆောင်ပေးနေခြင်းဖြစ်ကြောင်း YRTA ၏ Covid-19 ကာလမတိုင်မီ စာရင်းများအရ သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here