အောက်တိုဘာလမှစ၍ Showroom များ၏ မော်တော်ယာဉ် သွင်းကုန်လိုင်စင်များကို Fully Online စနစ်ဖြင့် ​လျှောက်ထားနိုင်မည်

134

 

ရန်ကုန်၊ စက်တင်ဘာ ၂၈

အောက်တိုဘာလမှစ၍ Showroom များ၏ မော်တော်ယာဉ်သွင်းကုန်လိုင်စင်များကို Fully Online စနစ်ဖြင့် ​လျှောက်ထားနိုင်မည်ဖြစ်​ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ေရး ဝန်ကြီးဌာနမှ သိရသည်။

Covid-19 ​ရောဂါ ဖြစ်ပွား​နေသည့်ကာလအတွင်း မော်တော်ယာဉ်အရောင်းပြခန်း(Showroom)များ သွင်းကုန်လိုင်စင်​​လျှောက်ထားရာတွင် အောက်တိုဘာ ၁ ရက်မှစ၍ Fully Online စနစ်ဖြင့် ​လျှောက်ထားနိုင်မည် ဖြစ်ကြောင်းသိရသည်။

“Covid-19 ​ရောဂါကြောင့် တင်သွင်းသူတွေ အခက်အခဲမရှိအောင် First Wave ကတည်းက ဖြေလျှော့တာတွေ လုပ်ပေးခဲ့ပါတယ်၊ ခုတစ်ခါ Second Wave မှာလည်း အခက်အခဲရှိမှာစိုးတဲ့အတွက် မော်တော်ယာဉ် အရောင်းပြခန်း(Showroom)တွေသွင်းကုန်လိုင်စင် ​​လျှောက်ထားတာကို အောက်တိုဘာ ၁ ရက်ကစပြီး Fully Online စနစ်နဲ့ ​​လျှောက်ထားခွင့်​ပေးမှာ ဖြစ်ပါတယ်၊ တစ်ဦးချင်းတွေကတော့ အရင်က နေပြည်တော်မှာ လျှောက်ရမှာကို သွားလာခွင့်တွေ ကန့်သတ်ထားလို့ ရုံးခွဲတွေမှာ လျှောက်ရမယ်၊ စိစစ်ပြီးရင် Scan ဖတ်မယ်၊ နေပြည်တော်မှာရှိတဲ့သူကို ကိုယ်စားလှယ်လွှဲစာ တောင်းမယ်၊ ဒီဘက်က အချက်အလက်တွေစုံပြီဆိုရင် ကိုယ်စားလှယ်လွှဲထားသူကို သွင်းကုန်လိုင်စင်ကြေး သွင်းခိုင်းပြီး ပါမစ်ထုတ်ပေးမှာဖြစ်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်​ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here