အောက်တိုဘာလမှစ၍ ကျပ်သိန်းတစ်ရာနှင့် နေရာအနည်းငယ်ပေးနိုင်ပါက KTM ကိုယ်စားလှယ် လျှောက်ထားနိုင်ဟု ဆို

894

ကမ္ဘာကျော် သြစတြီးယားအမှတ် တံဆိပ်ဖြစ်သော KTM မှ လာမည့် အောက်တိုဘာလမှစ၍ နယ်မြို့များ တွင် အရောင်းကိုယ်စားလှယ်များ စတင် ခန့်အပ်သွားမည်ဖြစ်ရာ ကျပ်သိန်း တစ်ရာနှင့် နေရာအနည်းငယ်ပေးနိုင်ပါက ကိုယ်စားလှယ် အဖြစ် လျှောက်ထားနိုင်ကြောင်း မန္တလေးမြို့ KTM ဆိုင်ကယ် ကုမ္ပဏီမှ သိရသည်။

”အရင်ကတော့ မန္တလေးအပါအဝင် တချို့မြို့တွေမှာ ကိုယ်စားလှယ်ချပေးတာတွေရှိတယ်၊ အခုလည်း ကိုယ်စားလှယ်ချပေးတာ ချင်းတော့တူတယ်၊ ဒါပေမဲ့ အခု အစီအစဉ်က ကျပ်သိန်းတစ်ရာရှိ ရုံနဲ့ ကိုယ်စားလှယ်လျှောက်ထားရယူလို့ရပြီ၊ ကိုယ်စားလှယ်က ကုမ္ပဏီ ကနေ သိန်းတစ်ရာဖိုးပြည့်အောင် ဆိုင်ကယ်ဝယ်ထားရမယ်၊ သိန်းတစ်ရာနဲ့ KTM ဆိုင်ကယ်အမျိုးအစားအစုံမရနိုင်ပေမဲ့ သိန်းတစ်ရာ ဖိုး ဝယ်ရင်ကို ရောင်းမယ့်ဆိုင်မှာ အမျိုးအစားစုံအောင် ကုမ္ပဏီဘက် ကနေ ထားပေးသွားမှာပါ၊ ဒါက တော့ အထူးအခွင့်အရေးပေါ့”ဟု မန္တလေးမြို့ ‘KTM ဆိုင်ကယ်ကုမ္ပဏီ’ Marketing Manager ကိုအာကာ မင်းက ပြောသည်။

KTM ဆိုင်ကယ်များကို မြို့ နယ်တိုင်းတွင် ဝယ်ယူရရှိနိုင်စေရန် ရည်ရွယ်၍ ယင်းသို့ ကျပ်သိန်းတစ်ရာ ရှိရုံဖြင့် ကိုယ်စားလှယ် လျှောက်ထားနိုင်သည့် အစီအစဉ်အား စတင်ခြင်းဖြစ်ပြီး လျှောက်ထားမည့်ကိုယ် စားလှယ်အနေဖြင့် နေရာအကျယ် အဝန်း အနည်းဆုံး ပေ ၁၀× ၇ အကျယ်ပေးနိုင်ရမည် ဖြစ်ကြောင်း၊ ယင်းသို့ ကိုယ်စားလှယ် ချပေးထား မှုကို လာမည့် အောက်တိုဘာလမှ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလကုန် အထိ တစ်နှစ်အတွင်း အရောင်း ကိုယ်စားလှယ် သုံးဆယ်အထိ ခန့် အပ်သွားမည်ဖြစ်ကြောင်း မန္တလေး မြို့ KTM ဆိုင်ကယ်ကုမ္ပဏီမှ သိရ သည်။

”ပေ ၁၀×၇ အကျယ်ဆိုရင် KTM ဆိုင်ကယ် သုံးစီး ထားလို့ရ တယ်၊ အနည်းဆုံး အဲဒီလောက် အကျယ်ပေးနိုင်ရင် ရပြီ၊ အဲဒီထက် နေရာကျယ်ကျယ် ပိုပေးနိုင်ရင်တော့ ကောင်းတာပေါ့၊ သိန်းတစ်ရာဖိုးဝယ်ပြီး ကျန်တဲ့ အမျိုးအစား တွေကို ရောင်းပြီးပေးချေစနစ်နဲ့ အမျိုးအစားစုံအောင် ထားပေးသွား မှာပါ၊ အဓိကကတော့ နယ်တွေမှာ ပါKTM  ဆိုင်ကယ်ကို လူသိများ လာသလို နောက်ထပ် ဝယ်ယူချင် တဲ့သူတွေ ကိုယ့်မြို့နဲ့ကိုယ် အလွယ်တကူ ဝယ်ယူရရှိနိုင်အောင်လို့ အခုလို စီစဉ်ဖြစ်သွားတာပါ”ဟု ယင်းကုမ္ပဏီမှ ကိုအာကာမင်းက ထပ်မံဆိုသည်။

လက်ရှိတွင် မန္တလေးအပါအဝင် မြစ်ကြီးနား၊ ဖားကန့်၊ ကျောက် ဆည်၊ မိတ္ထီလာ၊ မော်လမြိုင်၊ သန် လျင်၊ ပန်းတနော်၊ မိုးကုတ်၊ လွိုင် ကော်၊ တောင်ကြီး အစရှိသည့်မြို့ များ၌ အရောင်းကိုယ်စားလှယ် ၁၃ ဦး ခန့်အပ်ထားပြီး အရစ်ကျစနစ်ကို မူ မန္တလေး၊ တောင်ကြီးနှင့် ပဲခူးမြို့ တို့ရှိ ကုမ္ပဏီပိုင် Showroom များ တွင်သာ ဝယ်ယူရရှိနိုင်ဦးမည်ဖြစ် ကြောင်း KTM ဆိုင်ကယ်ကုမ္ပဏီမှ ထပ်မံသိရသည်။

လက်ရှိတွင် KTM မှ မြန်မာ နိုင်ငံဈေးကွက်အတွင်း KTM 200၊ Duke ၊ RC 200 ၊ 250 Duke၊ 390 Duke စသော ဆိုင်ကယ်အမျိုး အစားများကို Brand New အနေ ဖြင့် ရောင်းချပေးလျက်ရှိသည်။

 

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here