အူဘာမီယန်းပိုင်ဆိုင်သော တန်ဖိုးကြီးကားများ၏ တန်ဖိုးက ပေါင်နှစ်သန်းကျော်အထိရှိ

264

 

တန်ဖိုးကြီးကားများကိုသာ နှစ် သက်စွဲလန်းသူ အာဆင်နယ်တိုက် စစ်မှူး Pierre-Emerick Aubameyang ပိုင်ဆိုင်သော ကားများ ၏ စုစုပေါင်းတန်ဖိုးမှာ ပေါင်နှစ် သန်းကျော်အထိရှိကြောင်း ဗြိတိန် သတင်းစာ ဒေးလီးမေးလ်က သြ ဂုတ် ၂၃ ရက်တွင် ဖော်ပြသည်။
အသက် ၃၁ နှစ်အရွယ် ဂါ ဘွန်လက်ရွေးစင် အူဘာမီယန်း သည် ၂ဝ၁၈ ခုနှစ်တွင် ဘွန်ဒက်စ် လီဂါကလပ် ဒေါ့မွန်မှ အာဆင်နယ် သို့ ကလပ်စံချိန်တင်ပြောင်းရွေ့ ကြေး ပေါင် ၅၆ သန်းဖြင့်ရောက်ရှိ လာသူဖြစ်ပြီး သုံးရာသီအတွင်း ပြိုင်ပွဲစုံ ၁ဝ၉ ပွဲတွင် ဂိုးခုနစ်ဆယ် သွင်းယူထားသည်။ မြက်ခင်းစိမ်း များထက် ခြေစွမ်းပြနေသော ၎င်း သည် ကွင်းပြင်ပလူနေမှုဘဝတွင် လည်း တန်ဖိုးကြီးကားများ၊ အ သုံးအဆောင်များ ဝယ်ယူတတ်ခြင်း ကြောင့် လူသိများသည်။
အူဘာမီယန်းတွင် Lamborghini , Ferrari , Aston Martin , Porsche , Audi စသည့် တန်ဖိုးကြီး ကားအစီးများ စွာရှိပြီး အဆိုပါကားအချို့နှင့် ရိုက်ကူးထားသောဓာတ်ပုံကို ၎င်း က Instagram ပေါ် တင်ခဲ့သည်။ ဓာတ်ပုံတွင် ရွေရောင်ဆေးမှုတ် သော ကားသုံးစီး၊ သက်တံ့လို ရောင်စုံခြယ်ထားသော Lamborghini ကားနှစ်စီးပါဝင်သည်။
ဒေးလီးမေးလ်၏ဖော်ပြမှုအရ ၎င်းပိုင်ဆိုင်ထားသော ကား ၁၄ စီးအနက် စျေးအကြီးဆုံးက ပေါင် ၂၇ဝ,ဝဝဝ တန် Lamborghini Aventador ဖြစ်ပြီး စျေးအနည်း ဆုံးက ပေါင် ၂၂,ဝဝဝ တန် Volkswagen Beetle Cabriolet ဖြစ်သည်။ အူဘာမီယန်းသည် လက်ရှိတွင် တစ်ပတ်လစာ ပေါင် ၂၅ဝ,ဝဝဝ ဖြင့် သုံးနှစ်သက်တမ်း တိုးရန် အာဆင်နယ်အသင်းနှင့် ဆွေးနွေးနေပြီး ပရိသတ်များက လည်း အမြန်လက်မှတ်ထိုးရေး တွန်းအားပေးနေသည်။
Ref:dailymail

LEAVE A REPLY

Please enter your comment!
Please enter your name here