အို/ဟောင်းအပ်နှံရန် ၁၉၉၈ မိုဒယ်နှင့်အောက် ခရီးသည်တင်ယာဉ် အစီးနှစ်ရာကျော်  ကျန်ရှိ

707

ရန်ကုန်၊ ဧပြီ

အို/ဟောင်းအပ်နှံရန် ၁၉၉၈ မိုဒယ်နှင့်အောက် ခရီးသည်တင် ယာဉ် အစီးနှစ်ရာကျော်  ကျန်ရှိနေသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးခွဲ(ရွာသာကြီး)မှ သိရသည်။

အို/ဟောင်းအပ်နှံပြီး လူစီးစလစ် ထုတ်ယူခွင့်ပြုထားသည့် ၁၉၉၈ မိုဒယ်နှင့်အောက် ဘတ်စ်များကို ဧပြီ ၁ ရက်မှစ၍ ယာဉ်လိုင်းအတွင်း မှ ထုတ်ပယ်ကာ ပြေးဆွဲခွင့်ပိတ်ထားသော်လည်း အပ်နှံရန် အစီးနှစ်ရာကျော် ကျန်ရှိနေသေးကြောင်း သိရသည်။

”အပ်နှံခွင့်ပြုထားတဲ့ ဘတ်စ်တွေကို အမြန်ဆုံး အပ်နှံကြဖို့ ပြောထားပါတယ်၊ အပ်နှံခွင့်ပြုစကတော့ အစီးတော်တော်များများ အပ်နှံကြပါတယ်၊ အခုနောက်ပိုင်းမှာတော့ တစ်ရက်ကို တစ်စီးလောက်ပဲ အပ်နှံမှုရှိပါတယ်”ဟု  ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရုံးခွဲ(ရွာသာကြီး) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

YBS  ယာဉ်လိုင်းများအတွင်း မှ ၁၉၉၈ မိုဒယ်နှင့်အောက် ယာဉ် များကို မတ် ၃၁ ရက် နောက်ဆုံးထား မအပ်နှံပါက YBS  ယာဉ်လိုင်းအတွင်း ပြေးဆွဲခွင့်ပြုမည် မဟုတ်သည့်အပြင် CNG ထုတ်ပေးခြင်း ပါ ရပ်တန့်မည်ဖြစ်ကြောင်း YRTA မှ ကြေညာချက် ထုတ်ပြန်ထားကြောင်း သိရသည်။

ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here