အိမ်စီးကားများနည်းတူ လုပ်ငန်းသုံးနှင့် တက္ကစီယာဉ်များ အဝယ်ပြန်လိုက်လာသည့် ကားစျေးကွက်

440
Page(Test)

 

Covid-19 အလွန်တွင် ကားအရောင်းအဝယ်စျေးကွက် အနည်းငယ်ပြန် လည်လှုပ်ခတ်လာကာ ရန်ကုန်အဝယ်နှင့် နယ်အဝယ် မျှနေပြီး အိမ် စီးကားများတွင် စျေးကွက်အကြိုက် ညာမောင်းကားများထဲမှ ကျပ်သိန်း နှစ်ရာအောက်ကားများ သိသိသာသာ အရောင်းအဝယ်ဖြစ်သလို ကား သစ်စျေးကွက်ထဲမှ SKD ကားများမှာလည်း အရောင်းအဝယ်ဖြစ်နေသည်။ Covid-19 ရောဂါဂယက်ကြောင့် Delivery လုပ်ငန်းများ ပိုမိုအား ကောင်းလာသည့်အတွက် လုပ်ငန်းသုံးကားများထဲတွင် ၆၆ဝ စီစီပစ်ကပ်များနှင့်အတူ တစ်တန်၊ တစ်တန်ခွဲ လုပ်ငန်းသုံးကားများ ဝယ်လိုအား ကောင်းလာသည်။ လုပ်ငန်းသုံးကားစျေးကွက်တွင် စျေးကွက်အကြိုက် ညာမောင်းကားများမှာ တက်စျေးဖြင့် အရောင်းအဝယ်ဖြစ်သော်လည်း ကျပ်သိန်း ၂၃ဝ အောက် ယာဉ်များသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ထို့အတူ တက္ကစီယာဉ်များတွင်လည်း ကျပ်သိန်း ၂၅ဝ အထက် CNG သုံး အက္ခရာအမြင့်တက္ကစီများ အရောင်းအဝယ် အေးသော်လည်း ကျပ်သိန်း ၁၆ဝ မှ နှစ်ရာကြားတွင်ရှိသည့် ကားများမှာမူ အရောင်းအဝယ်ပြန်ပြီး လှုပ်ခတ်လာသည်။

“လုပ်ငန်းသုံးကားတွေရဲ့ ဝယ်လိုအားက Covid-19 ရောဂါ ကူး စက်မှုကာကွယ်ဖို့ လုပ်ငန်းတွေ ရပ်ဆိုင်းကြတဲ့အချိန်က အဝယ်မရှိပေမဲ့ အမေးတော့ ရှိပါတယ်၊ ရောဂါကူးစက်မှု တဖြည်းဖြည်းနည်းသွားတဲ့နောက်မှာ Online Shopping ၊ Food Delivery ၊ Delivery လုပ်ငန်းအသေး လေးတွေ ဒီကာလထဲ လုပ်ချင်တဲ့သူတွေ များလာကြလို့ ၆၆ဝ စီစီပစ်ကပ် လေးတွေ အဝယ်ပြန်လိုက်လာပါတယ်၊ ဒါပေမဲ့ ကားရှားလာတာရယ်၊ စျေးတက်သွားတာရယ်ကြောင့် ၆၆ဝ စီစီပစ်ကပ်တွေထက်စာရင် တစ်တန်၊ တစ်တန်ခွဲကားတွေကို နယ်အတွက်လည်း သုံးလို့ရအောင်ဆိုပြီး ရွေးချယ်တာ ပိုပြီးများလာတာ တွေ့ရပါတယ်၊ ကုန်စည်ပို့ဆောင်ရေးနဲ့ Delivery လုပ်ငန်းတွေမှာ လုပ်ငန်းအသေးစားတွေပဲ ပြန်လည်ပတ်နိုင်ကြ သေးလို့ Export ၊ Import အတွက် သုံးလို့ရတ့ဲ ခေါင်းတွဲတွေကတော့ အဝယ်ဆက်ပြီး အေးနေပါတယ်”ဟု ‘High Grade Image Co.,Ltd’ မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းနိုင်က ပြောသည်။

ယခုနှစ်အတွင်း ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များ တင် သွင်းမည်ဆိုပါက ၂ဝ၁၆ မိုဒယ်မှ ၂ဝ၂ဝ မိုဒယ်အတွင်း ဘယ်မောင်း ကားများကိုသာ တင်သွင်းခွင့်ပေးမည် ဖြစ်သည်။ တင်သွင်းရမည့် ကား တန်ဖိုး ပိုများသွားခြင်းနှင့် စျေးကွက်အကြိုက် ညာမောင်းလုပ်ငန်းသုံး ကားများ တင်သွင်းခွင့်မရတော့၍ လက်ကျန်ညာမောင်းလုပ်ငန်းသုံးကား များကို အမြင့်စျေးဖြင့် ခေါ်ရောင်းလာကြသည်။ မိုးရာသီဖြစ်၍ လုပ်ငန်း သုံးကားစျေးကွက်တွင် ပစ်ကပ်အမျိုးအစားထက် ဘောက်စ်ထရပ်များမှာ အမေးပိုများသလို ကျပ်သိန်း ၂၅ဝ အောက် တစ်တန်ခွဲ၊ နှစ်တန်ကားများ ပို၍ အရောင်းအဝယ် ဖြစ်သည်။

“ယာဉ်ရောင်းဝယ်ရေးစခန်းတွေမှာတော့ လုပ်ငန်းသုံးကားတွေက အဝယ်ထက် အရောင်းက ပိုများတာတွေ့ရပါတယ်၊ စျေးကွက်မှာ အမေး များတာကတော့ ၆၆ဝ စီစီနဲ့ တစ်တန်၊ တစ်တန်ခွဲတွေ ဖြစ်ပါတယ်၊ ဒါပေမဲ့ ဒီရက်ပိုင်း Online စာမျက်နှာတွေမှာ ဂျပန်နိုင်ငံထုတ် လုပ်ငန်း သုံး Brand New ကားတွေ စျေးသက်သက်သာသာနဲ့ ဝင်လာမည်ဆိုလို့ ရောင်းရတာ အဝယ်နည်းနည်းပြန်ထိုင်းသွားပါတယ်၊ လဆန်းပိုင်းကဆို ရင် ယာဉ်မှန်၊မမှန်စစ်ပြီးတာနဲ့ ယာဉ်အမည်ပေါက် ဆောင်ရွက်ရမယ်ဆို ပြီး Online မှာ သတင်းတွေ ထွက်ခဲ့လို့ ကားဟောင်းအရောင်းအဝယ် လုပ်တဲ့သူတွေ အခက်တွေ့ခဲ့ပါတယ်၊ နောက်ပိုင်းမှာတော့ ပုံမှန်အတိုင်း ဆောင်ရွက်ခွင့်ပေးမယ်ဆိုတဲ့ သတင်းအတိအကျ ထွက်လာမှ အရောင်း အဝယ် ပြန်လှုပ်လာပါတယ်၊ ဒီရက်ပိုင်းမှာတော့ အိမ်စီးကားပဲဖြစ်ဖြစ်၊ တက္ကစီယာဉ်ပဲဖြစ်ဖြစ် ကျပ်သိန်းနှစ်ရာအောက်တွေပဲ အရောင်းအဝယ် ဖြစ်တာ တွေ့ရပါတယ်”ဟု ကားဝယ်/ရောင်း ကိုစန်းဝင်းရှိန်က ပြော သည်။

ကားအရောင်းအဝယ်များ ပြန်လည်လှုပ်ခတ်လာသည်ဆိုသော်လည်း ယခင်နှစ် မိုးရာသီကားစျေးကွက်နှင့် နှိုင်းယှဉ်ပါက အဝယ်နည်းသွားပြီး ယာဉ်အို၊ယာဉ်ဟောင်းစလစ်စျေးကွက်မှာလည်း ယခုနှစ်အတွင်း စလစ် လိုအပ်ချက် တဖြည်းဖြည်းနည်းလာ၍ စျေးများ ပြန်လည်ကျဆင်းလာ သည်။ စလစ်ဝယ်လိုအား နည်းသွားခြင်းနှင့်အတူ ရန်ကုန်လိုင်စင် နှစ် နှစ်ဆယ်အမည်ပေါက် စလစ်သည် ကျပ် ၁ဝ၆ သိန်းဝန်းကျင်၊ ဖောက်စွပ် စလစ်သည် ကျပ် ၁ဝ၂ သိန်းဝန်းကျင်နှင့် စက်မှုဇုန်စလစ်သည် ကျပ် ၉၇ သိန်းဝန်းကျင်သာ ပေါက်စျေးရှိပြီး တိုက်ကြေနှင့် တက္ကစီစလစ်များ မှာ အဝယ်မရှိ၍ ကြိုက်ရောင်း၊ ကြိုက်ဝယ်စျေးတွင် အရောင်းအဝယ်ဖြစ် ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ မေလ တတိယပတ်ကစပြီး အရောင်းအဝယ်တွေ တစ်စီး စ၊ နှစ်စီးစနဲ့ ပြန်လှုပ်လာပါတယ်၊ လုပ်ငန်းအသေးလေးတွေလုပ်ချင်တဲ့ သူတွေက ဃသလငိ ကာလဆိုပေမဲ့ မဖြစ်မနေလိုလို့ လာဝယ်တာမျိုးတွေ လည်း ရှိပါတယ်၊ ကျပ်သိန်း ၁၅ဝ နဲ့ နှစ်ရာကြားမှာရှိတဲ့ အိမ်စီးကား တွေ တော်တော်လေးအရောင်းအဝယ်ဖြစ်သလို Hijet ? Light Truck နဲ့ Canter တစ်တန်ခွဲ၊ နှစ်တန်လေးတွေလည်း ဒီရက်ပိုင်း အဝယ်ပြန် လိုက်လာပါတယ်”ဟု ကားဝယ်/ရောင်း ကိုအေးကျော်က ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here