အိမ်ခြေမဲ့ဘဝမှ ဘီလျံနာဖြစ်လာသော aul Mitchell  ပူးတွဲတည်ထောင်သူ   DeJoria  ၎င်းပိုင်ဆိုင်သည့် Victory ဆိုင်ကယ်ကို Patron Tequila  အရက်ထည့်မောင်း

728

အမေရိကန်ဘီလျံနာ DeJoria  သည် ၎င်းပိုင်ဆိုင်သော တန်ဖိုးကြီးယာဉ်များထဲမှ Victory ဆိုင်ကယ် ကို ပျော်ရွှင်မှုအဖြစ် Patron Tequila အရက် ထည့်မောင်းတတ်ကြောင်း ဧပြီ ၂ ရက်တွင် visordown သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

အသက် ၇၃ နှစ်ရှိပြီဖြစ်သော DeJoria သည် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့အခြေချသော အီတလီလူမျိုးဖခင်နှင့် ဂရိလူမျိုးမိခင်တို့မှ မွေးဖွားခဲ့ပြီး ငယ်စဉ်ကပင် မိဘများကွာရှင်းမှုကြောင့် မိဘမဲ့ကျောင်းတွင် ကြီးပြင်းခဲ့ရသလို အသက်၂၂ နှစ်တွင် အိမ်ထောင်ဘက်မှ ထားသွားခဲ့မှုနှင့်အတူ အိမ်ခြေမဲ့ဘဝ ရောက်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် အရောင်းသမားအဖြစ် အသက်မွေးကာ ၁၉၈ဝ ပြည့်နှစ်၌ နာမည်ကြီး ဆံကေသာအလှကုန်လုပ်ငန်း Paul Mitchell  ကို ဆံသဆရာ Paul Mitchell နှင့် ပူးတွဲတည်ထောင်ပြီး ဘီလျံနာဖြစ်လာခဲ့ခြင်းဖြစ်သည်။

DeJoria  သည် တန်ဖိုးကြီးယာဉ်များကို နှစ်သက်မြတ်နိုးကာ Texas ရှိ ၎င်းနေအိမ်တွင် Ferrari ၊ Lamborghini  ကားများအပြင် 2018 Indian Chieftain Dark Horse ၊ 2010 BMW Sidecar   ဆိုင်ကယ်များကိုလည်း ဝယ်ယူပိုင်ဆိုင်ထားသည်။ DeJoria သည် ၎င်းပိုင်ဆိုင်ကယ်များထဲမှ 2008-2009 Victory   ဆိုင်ကယ် ကို Patron Tequila  အရက်ထည့်မောင်းလေ့ရှိကြောင်း သိရသည်။ အယ်လ်ကိုဟောထက် ၄ဝ ရာခိုင် နှုန်း ပိုပြင်းသော Patron Tequila  အရက်ထည့်ထားသည့် Victory ဆိုင်ကယ်ကို မောင်းရသည်မှာ ပျော်ရွှင်စရာ ကောင်းကြောင်း၊ သို့သော် ဝ ဒသမ ၁ဝ ဂါလန်ရှိ Patron Tequila  အရက်တစ်ပုလင်းအတွက် အမေရိကန်ဒေါ်လာ ၄ဝ ကျသင့်သဖြင့် ဆီတိုင်ကီ အပြည့်ဖြည့်မည်ဆိုပါက အမေရိကန်ဒေါ်လာ တစ်ထောင်ကုန်မည် ဖြစ်ကြောင်း၊ ယင်းကြောင့် Victory ဆိုင်ကယ်ကို ဓာတ်ဆီတစ် လှည့်၊ Patron Tequilla  အရက်တစ်လှည့် ထည့်မောင်းကြောင်း  က လူတွေ့မေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။

Ref : visordown.com

LEAVE A REPLY

Please enter your comment!
Please enter your name here