အိပ်ရာစင်ပါသည့် MotoHome ဆိုင်ကယ် ကယ်လီဖိုးနီးယား ဗိသုကာကျောင်းသားက တီထွင်

836

သက်သောင့်သက်သာ အိပ်စက်အနားယူနိုင်သည့် အိပ်ရာစင်ပါသောဆိုင်ကယ်ကို ကယ်လီဖိုးနီးယားမှ ဗိသုကာကျောင်းသား Jeremy Carman က တီထွင်နိုင်ခဲ့ကြောင်း ဇွန် ၁ ရက်တွင် visordown  သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

Jeremy Carman  သည် လွန်ခဲ့သော ကိုးနှစ်က မိမိဘွဲ့အတွက် ကျမ်းပြု(Thesis) ရာတွင် သွားလိုရာခရီးဆီ မောင်းနှင်နိုင်သလို အိပ်ရန်နေရာအခန်းလည်းပါသည့် Campervan  ကားကဲ့သို့ ဆိုင်ကယ်တစ်စီးအား ဖန်တီးရန် ဆုံးဖြတ်ခဲ့ရာမှ MotoHome ဆိုင်ကယ် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

MotoHome ဆိုင်ကယ်ဖန်တီးရာတွင်  Honda CB Street Bike မိုဒယ်ကို အခြေခံကာ ခေါင်းပိုင်းကို ပြောင်းလဲခြင်းမရှိသော်လည်း နောက်ဆိုင်းထိန်းစနစ်ကို ၂ဝ ကီလိုဂရမ်အလေးချိန်ရှိ အိပ်ရာစင်နှင့်တွဲဆက်ရန် ဒီဇိုင်းပုံစံ ပြန်ပြောင်းထားရသည်။ MotoHome ဆိုင်ကယ်မှာ အိပ်ရာစင်ကြောင့် လေခွင်းအား လျော့သွားသလို ရပ်နားသည့်အခါ အလယ်ဒေါက်တစ်ခုတည်းနှင့် မလုံလောက်တော့ကြောင်း သိရသည်။ မကြာသေးမီက ဗိသုကာဘွဲ့ရထားသည့် Jeremy Carman က ၎င်းတီထွင်ထားသော MotoHome ဆိုင်ကယ်ဖြင့် အမေရိကန်မှ တောင်အာဖရိကအထိ အသွားအပြန် မိုင်နှစ်သောင်းခရီးစဉ်ကို မောင်းနှင်ရန် အမေရိကန်ဒေါ်လာငါးထောင် ရန်ပုံငွေရှာဖွေနေပြီး ထက်ဝက်ကျော် ရရှိထားပြီးဖြစ်သည်။

Ref : visordown

LEAVE A REPLY

Please enter your comment!
Please enter your name here