မန္တလေး၊ အောက်တိုဘာ ၈
အိန္ဒိယနိုင်ငံထုတ် TVS ဆိုင်ကယ်များကို ယခု Covid-19 ဒုတိယလှိုင်းကာလအတွင်း Online မှတစ်ဆင့် အရစ်ကျလျှောက်ထားနိုင်ကြောင်း မန္တလေးမြို့ TVS Agrocorp ကုမ္ပဏီမှ သိရသည်။
“ဒီကာလက Stay Home ကာလဖြစ်လို့ မန္တလေးမြို့ထဲက TVS ဆိုင်ကယ် ၀ယ်ယူချင်တဲ့သူတွေအတွက် အဆင်ပြေအောင်လို့ စီစဉ်ပေးတာပါ၊ လူကိုယ်တိုင် လာစရာမလိုဘဲနဲ့ အရစ်ကျစနစ်ကို Online ကနေ လျှောက်လို့ရအောင် စီစဉ်ပေးထားပါတယ်” ဟု မန္တလေးမြို့ TVS Agrocorp ဆိုင်ကယ်အရောင်းပြခန်းမှ အရောင်းမန်နေဂျာ မယဉ်ငြိမ်းက ပြောကြားသည်။
အိန္ဒိယနိုင်ငံထုတ် TVS ဆိုင်ကယ်များကို Online မှတစ်ဆင့် အရစ်ကျလျှောက်ထားလိုပါက Viber နံပါတ် 09953315659 သို့ ဆက်သွယ်နိုင်ပြီး အရစ်ကျသက်တမ်းကို အနည်းဆုံး ခြောက်လမှ ၂ နှစ်အထိ အသက်သာဆုံးအတိုးနှုန်းဖြင့် ၂၄ နာရီအတွင်း ဆိုင်ကယ်၀ယ်ယူသူလက်ထဲအထိ ရရှိနိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ ထပ်မံသိရသည်။
“ကနဦး ၄၀ ရာခိုင်နှုန်း သွင်းမယ်ဆိုရင် အာမခံပေးသူ မလိုဘူး၊ တကယ်လို့ ကနဦး ၂၀ ရာခိုင်နှုန်းတို့ ၃၀ ရာခိုင်နှုန်းတို့ သွင်းမယ်ဆိုရင်တော့ အာမခံပေးမယ့်သူ လိုပါတယ်” ဟု မန္တလေးမြို့ TVS Agrocorp ဆိုင်ကယ်အရောင်းပြခန်းမှ အရောင်းမန်နေဂျာ မယဉ်ငြိမ်းက ထပ်မံဆိုသည်။
Online မှ TVS ဆိုင်ကယ်အရစ်ကျ၀ယ်ယူရန် လျှောက်ထားသူများအနေဖြင့် မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုမူရင်း၊ တစ်ပတ်အတွင်း ရယူထားသော ရပ်ကွက်ထောက်ခံစာ၊ တစ်ပတ်အတွင်းရယူထားသော အလုပ်ထောက်ခံစာ၊ မီတာစာရွက် စသည်တို့နှင့် အာမခံပေးမည့်သူတစ်ဦး၊ အာမခံပေးသူ၏ မှတ်ပုံတင်မူရင်းနှင့် အိမ်ထောင်စုမူရင်းတို့ လိုအပ်မည်ဖြစ်ကာ မန္တလေးအိမ်ထောင်စုဖြစ်ပါက အတိုးနှုန်းသက်သာမည်ဖြစ်ကြောင်း မန္တလေးမြို့ TVS Agrocorp ဆိုင်ကယ်အရောင်းပြခန်းမှ သိရသည်။
မန္တလေးမြို့ TVS ဆိုင်ကယ်အရောင်းပြခန်းကို သိပ္ပံလမ်း၊ ၆၃လမ်းနှင့် ၆၄ လမ်းကြားတွင် ဖွင့်လှစ်ထားပြီး ယခုကာလအတွင်း TVS ဆိုင်ကယ်၀ယ်ယူပါက ယခင်ပေးနေကျ အင်ဂျင် ၂ နှစ်အာမခံချက်အပြင် ကျပ် သုံးသောင်းတန် ဆိုင်ကယ်ဦးထုပ်တစ်လုံးကိုပါ လက်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)