အိန္ဒိယ Bajaj V15 ဆိုင်ကယ်များ  မိုးရာသီ Promotion အဖြစ်   ကျပ်တစ်သိန်း  လျှော့ချ

768

အိန္ဒိယနိုင်ငံထုတ် ဆိုင်ကယ်များ တွင် နာမည်ရ Brand တစ်ခုဖြစ် သော Bajaj ဆိုင်ကယ်ကုမ္ပဏီမှ ထုတ်လုပ်ထားသည့် V15 ဆိုင်ကယ်အမျိုးအစားကို မိုးရာသီ Promotion အဖြစ် သြဂုတ်လကုန်ပိုင်းမှစ၍ ကျပ်တစ်သိန်းစျေးလျှော့၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

”အခုမိုးရာသီမှာ Bajaj ကနေ Promotion တစ်ခုမှမလုပ်ရသေးတဲ့အတွက် V15 ဆိုင်ကယ် အမျိုးအစားကို ကျပ်တစ်သိန်း စျေးလျှော့ရောင်းချပေးတာပါ၊ သူများတွေလို ဘယ်နှလအတွင်းပဲ ဝယ်လို့ရမယ်လို့ ရက်ကန့်သတ်ထားတာ မျိုးတော့မရှိဘူး၊ ပထမဦးဆုံး အစီးငါးဆယ်ဝယ်ယူတဲ့သူဆိုရင် အရင် ရောင်းတဲ့စျေးထက် ကျပ်တစ်သိန်း စျေးလျှော့ပေးမှာပါ၊ Warranty ကတော့ အရင်အတိုင်းပါပဲ အင်ဂျင် ၂ နှစ် အာမခံပေးထားပါတယ်”ဟု Bajaj ဆိုင်ကယ်၏ မြန်မာပြည် တစ်ဦးတည်းကိုယ်စားလှယ် ‘ Easy Rider Motorbike ကုမ္ပဏီ’ ဒါရိုက်တာ ဦးတင်ကျော်နန္ဒက ပြော ကြားသည်။

 

မိုးရာသီ Promotion အဖြစ် ကျပ်တစ်သိန်း စျေးလျှော့ပေးသော Bajaj V15 ဆိုင်ကယ်များကို မန္တလေး၊ ပဲခူး၊ ပုသိမ်၊ မြိတ် စသည့် မြို့များရှိ ကုမ္ပဏီပိုင် Bajaj Showroom များအပြင် အရောင်းကိုယ်စားလှယ်ရှိသော နယ်မြို့များတွင်ပါ ရောင်းချပေးမည်ဖြစ်ပြီး ယခင် ကျပ် ၁,၆၅ဝ,ဝဝဝ ဖြင့် ရောင်းချနေရာမှ ယခု ကျပ် ၁,၅၅ဝ,ဝဝဝ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ Bajaj V15 ဆိုင်ကယ်ကို ဖြူနီ၊ နီနက် စသော အရောင် နှစ်မျိုးဖြင့် ထုတ်လုပ်ထားသည့်အပြင် 150 CC ဖြစ်သောကြောင့် အင်ဂျင် အရုန်း/အဆွဲကောင်းမွန်ကာ ဆီတစ်လီတာလျှင် ၃၈ မိုင် မောင်း နှင်နိုင်မည်ဖြစ်ကြောင်း Easy Rider Motorbike ကုမ္ပဏီမှ သိရသည်။

 

”အဓိက လမ်းချောရော၊ လမ်းကြမ်းရော အသုံးပြုနိုင်အောင်၊ အင်ဂျင်ရုန်းအား/ဆွဲအားကောင်းအောင် 150 CC နဲ့ ထုတ်လုပ်ပေးထားတယ်၊ ထူးခြားတာက ဆီစား သက်သာစေတယ်၊ Cafe Racer Type ဖြစ်တဲ့အတွက် Cafe လိုင်း ကြိုက်တဲ့သူတွေအတွက် Crazy ဖြစ်စေမှာပါ”ဟု ‘ Easy Rider Motorbike ကုမ္ပဏီ’ ဒါရိုက်တာ ဦးတင်ကျော်နန္ဒက ထပ်မံဆိုသည်။

 

Bajaj V15 ဆိုင်ကယ်သည် မြန်မာပြည်စျေးကွက်သို့ ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလမှ စတင်တင် သွင်းလာခြင်းဖြစ်ပြီး ဆိုင်ကယ် လက်ကိုင် ကျယ်ဝန်းမှုရှိခြင်း၊ တာယာအရွယ်ကြီးမားခြင်း၊ ဆိုင်ကယ် အနောက်ပိုင်းတွင် Classic LED Tail Lamp များ ဒီဇိုင်းဆင်ထားပေး ခြင်း စသော အားသာချက်များ ကြောင့် အိန္ဒိယနိုင်ငံစျေးကွက်တွင် နာမည်ရထားကြောင်းလည်း သိရ သည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here