အိန္ဒိယနိုင်ငံ၌ ပြီးခဲ့သည့် ဘတ်ဂျက်နှစ်တွင် ကားအစီးရေ အများဆုံးရောင်းချရသူအဖြစ် စက္ကန့်နှစ်ဆယ်တိုင်း ကားတစ်စီး ရောင်းချခဲ့ရသည့်  Maruti Suzuki  ရပ်တည်

720

ပြီးခဲ့သည့် ဘတ်ဂျက်နှစ်တစ်နှစ်တာ ကာလ (၂ဝ၁၇ ခုနှစ်၊ ဧပြီလမှ ၂ဝ၁၈ ခုနှစ်၊ မတ်လ) အတွင်း အိန္ဒိယနိုင်ငံတွင် ကားအစီးရေ အများဆုံး ရောင်းချရသူအဖြစ် Maruti Suzuki ကုမ္ပဏီ ရပ်တည်ခဲ့ကြောင်း ဧပြီ ၂ ရက်တွင် Cartoq ဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

ဂျပန်ကားကုမ္ပဏီ Suzuki က ရှယ်ယာ ၅၆ ဒသမ ၂၁ ရာခိုင် နှုန်း ပိုင်ဆိုင်သည့် Maruti Suzuki ၏ အိန္ဒိယနိုင်ငံတစ်ဝန်း ဖြန့် ချိရောင်းချသော Alto ၊ Dzire ၊ WagonR ၊ Baleno ၊ Vitara Brezza ၊ Ertiga ၊ Ciaz နှင့် Swift ကားအမျိုးအစား အားလုံးမှာ ကြိုတင်ခန့်မှန်းထားသည်ထက် ပိုမိုရောင်းချခဲ့ရကာ တစ်နှစ်တာ ကားအများဆုံးရောင်းရသည့် စံချိန်သစ်တင်ခဲ့ခြင်းဖြစ်သည်။ Maruti Suzuki သည် ပြီးခဲ့သော ၁၂ လတာ ကာလအတွင်း ကားအစီးရေ ၁၆ ဒသမ ၅ သန်းကျော်ရောင်းခဲ့ရပြီး ယင်းမှာ တစ်နေ့လျှင် အစီး ၄,၅၃ဝ၊ ဒါမှမဟုတ် စက္ကန့် နှစ်ဆယ်တိုင်း တစ်စီးရောင်းရမှုနှင့် တူညီနေသည်။

အိန္ဒိယကားစျေးကွက် ဝေစု ၅ဝ ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားသော Maruti Suzuki ၏ ရောင်းအား အကောင်းဆုံးကားများ မှာ Alto  နှင့် Dzire တို့ ဖြစ်ကြောင်း သိရသည်။ ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်မိတ်ဆက်ပေးခဲ့သည့် Swift မှာလည်း ကြိုတင်မှာကြားမှု တစ်သိန်းကျော် ရရှိထားပြီးဖြစ်ကာ အနည်းဆုံး နောက်ထပ်တစ်နှစ်အထိ အစီးရေ အများအပြား ရောင်းချနိုင်ရန် မျှော်လင့်ခံထားရသည်။ ပြီးခဲ့သည့်နှစ်ထက် ၂ဝ၁၈ ခုနှစ်တွင် ရောင်းအားပိုတက်ရန် အလားအလာကောင်းနေသော Maruti Suzuki သည် တန်ဖိုးမြင့် ကားစျေးကွက်သို့ ကူးပြောင်းရန် တာစူနေပြီး လက်ရှိ ၌ တန်ဖိုးမြင့်ကားများကို ရောင်းချပေးသည့် NXEA အရောင်းကိုယ်စားလှယ်အဖွဲ့အစည်းနှင့် လက်တွဲလျက်ရှိသည်။

Ref  :  cartoq.com

LEAVE A REPLY

Please enter your comment!
Please enter your name here