တမူး၊ ဇွန် ၃ဝ
မကြာသေးမီက ထွက်ရှိထားသော အိန္ဒိယနိုင်ငံထုတ် YAMAHA Ray ZR ဆိုင်ကယ်သည် ပြည် တွင်းစျေးကွက်အတွင်းသို့ စတင် ရောက်ရှိလာပြီး လတ်တလောတွင် လူကြိုက်များနေကြောင်း တမူးမြို့ဆိုင်ကယ်အရောင်းပြခန်းများမှ သိ ရသည်။
“အရင်မိုဒယ်တွေတုန်းက Ray ZR က ပုံသိပ်မလှဘူး၊ ဒီ ဇိုင်းသိပ်မလှဘူးပေါ့၊ အခု ၂ဝ၂ဝ မိုဒယ်ကျတော့ တော်တော်လှလာတယ်၊ ဒီဇိုင်းပိုလှလာတယ်၊ ပြီးတော့ စီးရတာ တော်တော်သွက်တယ်၊ ပေးရတာနဲ့ တန်တယ်လို့ ပြောလို့ရတယ်”ဟု အိန္ဒိယဆိုင် ကယ်မျိုးစုံ တင်သွင်းရောင်းချလျက် ရှိသော တမူးမြို့မှ ကိုမျိုးဝင်းက ပြောကြားသည်။
မကြာသေးမီက ထွက်ရှိထားသော YAMAHA Ray ZR သည် အင်ဂျင်ပါဝါ 125CC နှင့် EFI စနစ်ဖြစ်လာကာ ဆိုင်ကယ်ပုံစံ ဒီဇိုင်းလည်း အနည်းငယ်ပြောင်းလာကြောင်း၊ ထို့ပြင် ထိုင်းဆိုင် ကယ်များကဲ့သို့ Idling စနစ် ပါရှိလာပြီး ဒိုင်ခွက်မှာလည်း Digital ဒိုင်ခွက်ဖြစ်သွားကာ ဘရိတ်မှာ လည်း ရှေ့ Disk နောက် Half ဖြင့် ထည့်သွင်းတည်ဆောက်ပေးထား ကြောင်း တမူးမြို့ခံ ဆိုင်ကယ်ကုန်သည်များထံမှ သိရသည်။
“Ray ZR မှာ အရင်မိုဒယ် တွေတုန်းက 110 CC နဲ့ထွက်ခဲ့ တာ၊ အခုကျတော့ 125CC ဖြစ် သွားတဲ့အပြင် အရင် ကာပရိုက်တာ Type ကနေ အခု EFI စနစ်ဖြစ်လာ တယ်၊ အိန္ဒိယဆိုင်ကယ်တွေထဲမှာ EFI စနစ်နဲ့က တော်တော်ရှားတဲ့ အတွက် မြန်မာနိုင်ငံအကြိုက်နဲ့ ကွတ်တိပဲ၊ ထူးခြားတာက ဒိုင်ခွက် က အရင်ရိုးရိုးကနေ အခု Digital ဖြစ်သွားတဲ့အပြင် ထိုင်းဘီးတွေလို Idling System ပါလာတာ၊ Idling ပါလာတဲ့အတွက် မီးပွိုင့်တွေမှာ ရပ်နားရင် စက်ကို ခဏရပ်ထား တာမျိုးတွေ လုပ်လို့ရသွားပြီ၊ ပြန် ထွက်တဲ့အခါကျရင်လည်း Start ခလုတ် နှိပ်စရာမလိုတော့ဘဲ ဒီအ တိုင်း လီဗာလေးဆွဲပြီး ထွက်သွား ရုံပဲ”ဟု တမူးမြို့ခံ ဆိုင်ကယ်ကုန် သည်တစ်ဦးက ဆိုသည်။
အဆိုပါ YAMAHA Ray ZR ဆိုင်ကယ်ကို ကလေးမြို့နှင့် တမူး မြို့တို့တွင် တစ်စီးလျှင် ကျပ် ၁,၇၅ဝ,ဝဝဝ ဝန်းကျင်ဖြင့် ရောင်းချ ပေးလျက်ရှိကြောင်း စျေးကွက်အ တွင်းမှ စုံစမ်းသိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)